စိတ်ကျရောဂါပျောက်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Elavil®
မကြာခဏအတှကျအသုံးပွု:
စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်းကို ကာကွယ်ခြင်း၊ အာရုံကြောနာကျင်ခြင်း၊ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
အေမီထရစ်တလင်း (Amitriptyline) သည် စိတ်ကျရောဂါကို ကုသပေးသည့် ဆေးတစ်မျိုး ဖြစ်ပါသည်။ ဤဆေးကို တစ်ခါတစ်ရံတွင် ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်၊ အာရုံကြောနာကျင်မှုကို ကုသရန် သို့မဟုတ် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို ကူညီပေးရန် အသုံးပြုပါသည်။
စိတ်ကျရောဂါကုဆေးဝါးများသည် ဆေးကုသမှု၏ ပထမလအနည်းငယ်အတွင်း ကလေးအချို့နှင့် လူငယ်များတွင် မိမိကိုယ်ကိုသတ်သေမည့် အတွေးများ သို့မဟုတ် လုပ်ဆောင်ချက်များကို မြင့်တက်လာစေနိုင်ပါသည်။ စိတ်သဘောထား၊ အပြုအမူ၊ အတွေးများ သို့မဟုတ် ခံစားချက်များတွင် အသစ်ဖြစ်ပေါ်လာခြင်း သို့မဟုတ် ရုတ်တရတ်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံသို့ ဖုန်းခေါ်ဆိုပါ။
ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
အေမီထရစ်တလင်း (Amitriptyline) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။