အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဖေလ်ဂရက်စတင် (filgrastim)

Supportive Care

ကုန်အမှတ်တံဆိပ်အမည်များ:

Granix®, Neupogen®, Zarxio®

သည်အခြားအမည်များ:

G-CSF, Filgrastim-sndz, Granulocyte Colony Stimulating Factor, Tbo-Filgrastim, Tevagrastim

မကြာခဏအတှကျအသုံးပွု:

သွေးတွင်း နျူထရိုဖီးလ်သွေးဖြူဥအရေအတွက် လျော့နည်းခြင်း 

ကလစ်ဘုတ် သင်္ကေတ

ဖေလ်ဂရက်စတင် (filgrastim) ဆေးအကြောင်း

G-CSF ဟုခေါ်သော ဖေလ်ဂရက်စတင် (filgrastim) သို့မဟုတ် ဂရမ်နျူလိုဆိုက်သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးသော ဂလိုင်ကိုပရိုတင်းများသည် ခန္ဓာကိုယ်ထဲတွင် နျူထရိုဖီးလ်ဟုခေါ်သည့် သွေးဖြူဥများ ထုတ်လုပ်နိုင်ရန် ကူညီပေးပါသည်။ နျူထရိုးဖီးလ်သည် ရောဂါပိုးများကို တိုက်ထုတ်ပေးသည့် သွေးဖြူဥများ ဖြစ်ပါသည်။ လူနာတစ်ချို့တွင် ကီမိုဆေးသွင်းခြင်း ကုထုံးများကြောင့် ပျက်စီးသွားသော နျူထရီုဖီးလ်များကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဤဆေးကို လိုအပ်ပါသည်။ သွေးထဲတွင် နျူထရိုဖီးလ်အရေအတွက်နည်းနေခြင်းကို သွေးတွင်း နျူထရိုဖီးလ်သွေးဖြူဥအရေအတွက် လျော့နည်းခြင်းဟု ခေါ်ပါသည်။

ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်သည်။‭

ဆေးထိုးသည့် သင်္ကေတ

ဆေးအရည်အနေဖြင့် အရေပြားအောက် (အရေပြားအောက်) ထဲသို့ ထိုးသွင်းနိုင်ပါသည်။

 
iv အိတ် သင်္ကေတ

IV မှတစ်ဆင့် သွေးကြောအတွင်းသို့ အရည်ဆေးအဖြစ် ပေးနိုင်ပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • သိပ်မပြင်းထန်သည့် အရိုးနာကျဉ်ခြင်း
  • ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်း

ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင် အနီကွက်/ အဖုအပိန့်ထွက်ခြင်း၊ မျက်နှာ သို့မဟုတ် လက်များ ရောင်ရမ်းခြင်း၊ ရင်ကျပ်ခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်းတို့ ပါဝင်နိုင်ပါသည်။

ဖေလ်ဂရက်စတင် (filgrastim) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ ‬အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။‭ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

  • ဖေလ်ဂရက်စတင် (filgrastim) ဆေးသောက်နေသည့် ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးလူနာများသည် ကိုယ်ဝန်မဆောင်မီ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ၎င်းတို့၏ ဆရာဝန်ကို အသိပေးသင့်ပါသည်။

ဖေလ်ဂရက်စတင် (filgrastim) ဆေးကို  အိမ်တွင် အသုံးပြုခြင်း-

  • အကယ်၍ သင်၏ ဖေလ်ဂရက်စတင် (filgrastim) ဆေးကို အရေပြားအောက်သို့ ထိုးရမည်ဆိုပါက (အရေပြားအောက်ထိုးဆေး)၊ သင့်ကို သူနာပြုတစ်ဦးမှ ထိုးဆေးထိုးနည်းကို သင်ပေးပါလိမ့်မည်။
  • ဖေလ်ဂရက်စတင် (filgrastim) ဆေးကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ လိုအပ်ပါက ၎င်းကို အခန်းအပူချိန်တွင် 24 နာရီကြာ ထားနိုင်ပါသည်။ ဆေးကို အေးခဲသတ္တာထဲတွင် မသိမ်းဆည်းပါနဲ့။
  • ဖေလ်ဂရက်စတင် (filgrastim) ဆေးကို အသုံးမပြုမီ၊ တစ်နာရီကြိုတင်၍ ရေခဲသေတ္တာထဲမှ ထုတ်ထားပြီး၊ အခန်းအပူချိန်တွင် နွေးသွားအောင်ထားပါ။
  • ဆေးပုလင်းကို မလှုပ်ပါနှင့်။ ပူဖောင်းများသည် ဆေးပမာဏအမှန်ကို စုပ်ယူရာတွင် အခက်အခဲဖြစ်စေနိုင်ပါသည်။
  • ဖေလ်ဂရက်စတင် (filgrastim) ဆေးသည် အမြဲတစေ ကြည်လင်၍ အရောင်မရှိသည့်အရည်တစ်မျိုး ဖြစ်သင့်ပါသည်။ အကယ်၍ ဆေးအရည်သည် အရောင်နောက်နေပါက၊ အရောင်ပြောင်းသွားခြင်း၊ သို့မဟုတ် ဆေးရည်ထဲတွင် အဖတ်များ သို့မဟုတ် အမှုန်များရှိနေပပါက အသုံးမပြုပါနှင့်။
  • အကယ်၍ ဆေးထိုးရန်မေ့သွားပါက သတိရရခြင်း ထိုးပါ။ အကယ်၍ နောက်တစ်ကြိမ်ဆေးထိုးရမည့်အချိန်နှင့် ကပ်နေပါက ကျော်လိုက်ပြီး နောက်ထိုးရမည့်ဆေးကို ပုံမှန်ထိုးနေကျအချိန်ဇယားအတိုင်း ဆက်လက်ထိုးသွားပါ။
  • သက်တမ်းကျော်လွန်သည့် ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။