အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အက်လိုပျူရီနောလ် (Allopurinol)

Supportive Care

ကုန်အမှတ်တံဆိပ်အမည်များ:

Aloprim®, Zyloprim®

သည်အခြားအမည်များ:

Allopurinol sodium

မကြာခဏအတှကျအသုံးပွု:

သွေးတွင်း ယူရစ်အက်ဆစ်ဓာတ် မြင့်မားခြင်း (hyperuricemia) ကို ကုသခြင်း

ကလစ်ဘုတ် သင်္ကေတ

အက်လိုပျူရီနောလ် (Allopurinol) ဆေး အကြောင်း

သွေးတွင်းရှိ ယူရစ်အက်ဆစ်ဓာတ်ကို လျှော့ချရန်အတွက် အက်လိုပျူရီနောလ် (Allopurinol) ကို ပေးပါသည်။ အချို့ကင်ဆာဆေးများကြောင့် သွေးတွင်ယူရစ်အက်စစ်များခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ ယူရစ်အက်ဆစ်ဓာတ် များလွန်းခြင်းကြောင့် ဂေါက်ရောဂါ သို့မဟုတ် ကျောက်ကပ်ကျောက်တည်ခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ကင်ဆာအကျိတ်ကုသရာမှဖြစ်ပေါ်သော ဇီဝကမ္မမူမမှန်သည့် ရောဂါလက္ခဏာစုကို ဖြစ်ပေါ်စေသည့် ကင်ဆာကုထုံးကို ခံယူနေသည့် လူနာများသည် တစ်ခါတစ်ရံတွင် အက်လိုပျူရီနောလ် (Allopurinol) လိုအပ်ပါသည်။ ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်ပါသည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
အရည်အစက်ချပစ္စည်း သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းထဲမှ အာမေဋိတ်အမှတ်အသား သင်္ကေတ

ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ

  • အရေပြားယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ (ချမ်းတုန်ခြင်း၊ ကိုက်ခဲခြင်း၊ ဖျားခြင်း)
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သား နာကျင်ကိုက်ခဲခြင်း
  • ရုတ်တရက် ဆီးသွားနည်းလာခြင်း၊ ဆီးသွားသည့်အခါ နာကျဉ်ခြင်း၊ ဆီးတွင်သွေးပါခြင်း
  • အသက်ရှူရခက်ခြင်း
  • အသား သို့မဟုတ် မျက်လုံးဝါခြင်း
  • ဝမ်းလျှောခြင်း

အက်လိုပျူရီနောလ် (Allopurinol) ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစု သင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍လူနာများအနေဖြင့် အက်လိုပျူရီနောလ် (allopurinol) ကို IV ထိုးနေပြီး ထိုးဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်း သို့မဟုတ် ယားယံခြင်းရှိပါက စောင့်ရှောက်မှုအဖွဲ့ထံသို့ ချက်ချင်းသတင်းပေးပို့သင့်ပါသည်။
  • အက်လိုပျူရီနောလ် (allopurinol) ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် သင့်လျော်သော ရေပမာဏ သောက်သုံးမှုအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။ အက်လိုပျူရီနောလ် (allopurinol) ဆေးသောက်နေစဉ် မိသားစုဝင်များအနေဖြင့် လူနာ ရေမည်မျှသောက်သည်နှင့် မည်မျှမကြာခဏ ဆီးသွားသည်ကို မှတ်တမ်းထားသင့်ပါသည်။
  • အက်လိုပျူရီနောလ် (allopurinol) ဆေးသောက်နေစဉ် ဆရာဝန်တစ်ဦးဦး၏ ညွှန်ကြားချက်မပါဘဲ အစာအိမ်အက်ဆစ် လျှော့ချဆေးများ (ဥပမာ ရေနီတီဒင်း) ကို မသောက်သင့်ပါ။ 
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေပါက ၎င်းတို့၏ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

အက်လိုပျူရီနောလ် (allopurinol) ဆေးကို အိမ်တွင် သောက်သုံးခြင်း-

  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းကို သက်သာစေရန် အက်လိုပျူရီနောလ် (allopurinol) ဆေးကို အစာဖြင့် သို့မဟုတ် အစာစားပြီးပြီးချင်း သောက်သုံးပါ။
  • အက်လိုပျူရီနောလ် (allopurinol) ဆေးပြားများကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။ အလင်းရောင်မထိအောင် ကာကွယ်ပါ။
  • အက်လိုပျူရီနောလ် (allopurinol) ဆေးအရည်ကို အခန်းအပူချိန် သို့မဟုတ် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။ အသုံးမပြုမီ ဆေးရည်ကို ကောင်းစွာလှုပ်ပေးပါ။ 
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်သည် နီးကပ်နေပါက (4 နာရီအတွင်း) မသောက်ဘဲ ကျော်လိုက်နိုင်ပါသည်။ ဆေး 2 ကြိမ်စာကို တစ်ချိန်တည်းပေါင်း၍ မသောက်ရပါ။
  • ဘေးကင်းစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ 
  • သက်တမ်းကုန်ဆုံးရက် ကျော်လွန်သွားသော ဆေးဝါးများကို အသုံးမပြုပါနှင့်။