ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Benadryl®, Nytol®, PediaCare Children’s Allergy®, Unisom®
သည်အခြားအမည်များ:
Diphenhydramine hydrochloride
မကြာခဏအတှကျအသုံးပွု:
ဓာတ်မတည့်မှု သို့မဟုတ် နှာစေးခြင်း၊ အအေးမိခြင်းနှင့် ဓာတ်မတည့်မှုတုံ့ပြန်မှုများနှင့် ဆက်စပ်သည့် ရောဂါလက္ခဏာများ
ဒီဖန်ဟိုက်ဒရာမင်း (Diphenhydramine) သည် ဓာတ်မတည့်မှု ဆန့်ကျင်ဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းဆေးဝါးအမျိုးအစားသည် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသည့် ပစ္စည်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း (histamine) ၏ လုပ်ဆောင်ချက်ကို ဟန့်တားပါသည်။
ဒီဖန်ဟိုက်ဒရာမင်း (Diphenhydramine) သည် အောက်ပါတို့အပါအဝင် အမျိုးမျိုးသော ရောဂါလက္ခဏာများကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်-
ဤဆေးဝါးကို အကိုက်အခဲပျောက်ဆေးများ၊ အဖျားကျဆေးများနှင့် နှာခေါင်းပိတ်ပျောက်ဆေေးများကဲ့သို့သော အခြားဆေးဝါးများနှင့် တွဲဖက်အသုံးပြုလေ့ရှိပါသည်။
ဤဆေးဝါးကို ဆရာဝန်ဆေးညွှန်းစာနှင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်သောဆေး (OTC) ပုံစံများဖြင့် ရရှိနိုင်ပါသည်။
ဆေးရည်အဖြစ် ကြွက်သား သို့မဟုတ် သွေးပြန်ကြောမှလည်း ထိုးသွင်း၍ ရပါသည်
ဆေးပြား၊ ဆေးတောင့် သို့မဟုတ် ရေဆူဆေးပြားများအဖြစ်လည်း သောက်သုံး၍ရပါသည်
ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်
ဒီဖန်ဟိုက်ဒရာမင်း (Diphenhydramine) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းဖြင့် ဖော်ပြထားပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။