ပဋိဇီဝဆေး
ကုန်အမှတ်တံဆိပ်အမည်များ:
Generic only
သည်အခြားအမည်များ:
Penicillin VK, Penicillin V potassium
မကြာခဏအတှကျအသုံးပွု:
ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသခြင်း သို့မဟုတ် ကြိုတင်ကာကွယ်ခြင်း
ပင်နီဆီလင် (Penicillin) သည် အချို့သော ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါများကို ကုသရန် သို့မဟုတ် ကြိုတင်ကာကွယ်ရန်အတွက် အသုံးပြုသည့် ပဋိဇီဝပိုးသတ်ဆေး တစ်မျိုး ဖြစ်ပါသည်။ ပင်နီဆီလင် (Penicillin) သည် ပုံစံအမျိုးမျို ရှိပါသည်။
ဤဆေးကို ဆေးခန်း၊ ဆေးရုံ သို့မဟုတ် အိမ်တွင် ပေးနိုင်သည်။
ဆေးရည်ပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်
ဆေးပြားပုံစံဖြင့် ပါးစပ်မှလည်း သောက်၍ရပါသည်
ဓာတ်မတည့်မှု ရောဂါလက္ခဏာများတွင်- အဖုအပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတွင် တစ်စို့စို့ဖြစ်ခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ချိန် ကျဆင်းခြင်း၊ ရင်ဘတ်၊ ဘေး သို့မဟုတ် ကျောအောင့်ခြင်း၊ မျက်နှာ သို့မဟုတ် လည်ပင်းရောင်ရမ်းခြင်းတို့ ပါဝင်နိုင်ပါသည်။
ပင်နီဆီလင် ဗီ ပိုတက်စီယမ် (Penicillin V potassium) ဆေးသောက်သည့် လူနာတိုင်းတွင် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည်မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ တစ်စုံတစ်ရာ ပေါ်လာပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား ပြောပြပါ။
ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ။
မေးမြန်းလိုသည်များနှင့် ညွှန်ကြားချက်များအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။