အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ပယ်ဂတ်စပါဂျေ့စ် (Pegaspargase)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Oncaspar®

သည်အခြားအမည်များ:

PEG-L-asparaginase

မကြာခဏအတှကျအသုံးပွု:

သွေးကင်ဆာပြန်ရည်ကျိတ်ကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

ပယ်ဂတ်စပါဂျေ့စ် (Pegaspargase) အကြောင်း

ပယ်ဂတ်စပါဂျေ့စ် (Pegaspargase) သည် ကင်ဆာဆေးအမျိုးအစား တစ်ခုဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် အလုပ်လုပ်ပါသည်။ ၎င်းကို အခြားဆေးဝါးများနှင့် တွဲဖက်အသုံးပြုပါသည်။ ပယ်ဂတ်စပါဂျေ့စ် (Pegaspargase) ကို အက်စပါးရာဂျင်နေ့စ် (Asparaginase) (Elspar®) သို့မဟုတ် အာဝင်းနီးယား အက်စပါးရာဂျင်နေ့စ် (Erwinia asparaginase) ကဲ့သို့သော အလားတူဆေးဝါးများနှင့် ဓာတ်မတည့်သော တုံ့ပြန်မှုများရှိခဲ့သည့် လူနာများကို ပေးပါသည်။

လူနာများအား ဓာတ်မတည့်သည့်လက္ခဏာများ ရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် အနီးကပ်စောင့်ကြည့်နေပါမည်။

လူနာများသည် သွေးဥဆဲလ်အရေအတွက်၊ သွေးခဲစေသည့် ဓာတ်များ၊ ပန်ကရိယနှင့်ဆိုင်သော အင်ဇိုင်းများ၊ သွေးတွင်း သကြားဓာတ်ကို စစ်ကြည့်ရန်နှင့် အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်စစ်နေရမည် ဖြစ်ပါသည်။

ဆေးထိုးသည့် သင်္ကေတ

ကြွက်သားထဲသို့ ထိုးဆေးအဖြစ်လည်း ပေးနိုင်ပါသည်

 
iv အိတ် သင်္ကေတ

IV မှတစ်ဆင့် သွေးကြောအတွင်းသို့ အရည်ဆေးအဖြစ် ပေးနိုင်ပါသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • သွေးတွင်းသကြားဓာတ် များလာခြင်း
  • သွေးထွက်နိုင်ခြေ သို့မဟုတ် သွေးခဲဖြစ်ပေါ်နိုင်ခြေတို့ မြင့်တက်လာခြင်း
  • အသည်းဆိုင်ရာ ပြဿနာများ
  • သွေးတွင်းရှိ ထရိုင်ဂလေဆရိုက်ဒ်ပမာဏ မြင့်တက်လာခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဖျားခြင်း
  • နောက်ကျောဘက်သို့ ပျံ့နှံ့သွားနိုင်သော ဝမ်းဗိုက်နာကျင်မှု အဆက်မပြတ်ဖြစ်ပေါ်ခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း (ပန်ကရိယရောင်ခြင်း)
  • လေဖြတ်နိုင်ခြေ များလာခြင်း
  • အကယ်၍ ကြွက်သားထဲသို့ ဆေးထိုးသွင်းပါက ဆေးထိုးထားသည့်နေရာတွင် ရောင်ရမ်းခြင်း၊ နာကျဉ်ခြင်း၊ နီမြန်းခြင်းနှင့် ပူနွေးခြင်း

ဓာတ်မတည့်သည့် တုံ့ပြန်မှုတွင်- အင်ပြင်ထွက်ခြင်း၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ အသက်ရှူရန်နှင့်/ သို့မဟုတ် မျိုချရန်ခက်ခဲခြင်းများ ပါဝင်ပါသည်။

ပယ်ဂတ်စပါဂျေ့စ် (Pegaspargase) ကို သောက်သုံးနေသော လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ ‬အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။‭ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

  • လူနာများအနေဖြင့် အောက်ပါလက္ခဏာတစ်ခုခုရှိနေပါက ဆရာဝန်ကို ပြောပြသင့်ပါသည်-
    • ပန်ကရိယရောင်ရမ်းခြင်း၊ သွေးခဲများ သို့မဟုတ် ပြင်းထန်စွာ သွေးထွက်ခြင်းတို့ ဖြစ်ခြင်း သို့မဟုတ် ဖြစ်ခဲ့ဘူးခြင်း၊ အထူးသဖြင့် ၎င်းတို့သည် အက်စပါးရာဂျင်နေ့စ် (Asparaginase) (Elspar®) သို့မဟုတ် ပယ်ဂတ်စပါဂျေ့စ် (Pegaspargase) (Oncaspar®)  များဖြင့် ကုသချိန်တွင် ဖြစ်ပွားခဲ့ပါက
    • ဆီးချိုရှိခြင်း သို့မဟုတ် ဆီးချိုဖြစ်ခဲ့ဖူးခြင်း
  • လိင်ဆက်ဆံမှုရှိသော လူနာများသည် ကုသနေစဉ်အတွင်းနှင့် ကုသမှုပြီးဆုံးပြီးနောက်တွင် 6 လအထိ ကိုယ်ဝန် မရရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ၎င်းတို့၏ ဆရာဝန်ကို အသိပေးသင့်ပါသည်။