Chemotherapy
ကုန်အမှတ်တံဆိပ်အမည်များ:
Platinol®, Platinol-AQ®
သည်အခြားအမည်များ:
CDDP
မကြာခဏအတှကျအသုံးပွု:
ဦးနှောက်အကျိတ်များ၊ မျိုးပွားဆဲလ်အကျိတ်များ၊ အသည်းကင်ဆာ၊ ဆာကိုးမားအရိုးကင်ဆာ၊ အဒရီနိုကော်တီကယ်အကျိတ်များ၊ အခြားကင်ဆာအလုံးများ
ဆစ်ပလက်တင် (Cisplatin) ဆေးသည် ပလက်တီနမ်နှင့် တူသောဆေးတစ်ခုဖြစ်သည့် ကင်ဆာဆေးအမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဆဲလ်များ ကြီးထွားမှုကို နှေးကွေးစေခြင်း သို့မဟုတ် ရပ်တန့်စေခြင်းဖြင့် လုပ်ဆောင်ပါသည်။ ဆစ်ပလက်တင် (Cisplatin) ဆေးကို အခြားဆေးများနှင့် ပေါင်းစပ်၍လည်း အသုံးပြုသည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ဆေးရန်နှင့် အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးရန်အတွက် ပုံမှန်သွေးဖောက်စစ်မှုများကို ပြုလုပ်ရပါမည်။ ဆရာဝန်များသည် လူနာ ရေမည်မျှသောက်နေသည်နှင့် ဆီးမည်မျှသွားကြောင်းကို စောင့်ကြည့်ခြင်း ပြုလုပ်မည့်အပြင် သွေးတွင်း မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆိုဒီယမ်နှင့် ဖော့စဖရပ်စ်ပမာဏများကိုလည်း စောင့်ကြည့်မည် ဖြစ်ပါသည်။
ဆစ်ပလက်တင် (Cisplatin) ဆေးသည် ရေရှည်အကြားအာရုံဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါသည် (ဦးနှောက်သို့ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူသည့် လူနာများနှင့် ကလေးငယ်များတွင် ပိုဆိုးနိုင်ပါသည်)။ အကြားအာရုံဆုံးရှုံးမှုသည် ပြင်းထန်ပြီး အမြဲတမ်းဖြစ်နိုင်သောကြောင့် နားကြားကိရိယာများအသုံးပြုရန် လိုအပ်နိုင်ပါသည်။ ဆရာဝန်သည် ဆေးကုသမှု မပြုလုပ်မီ၊ ကုသမှုကာလအတွင်းနှင့် ကုသမှုပြီးနောက်တွင် အကြားအာရုံစစ်ဆေးမှုများကို ညွှန်ကြားနိုင်သည်။
ဆစ်ပလက်တင် (Cisplatin) ဆေးသည် သွေးပြန်ကြောမှ ပြင်ပသို့ စိမ့်ထွက်သွားပါက အနီးနားရှိတစ်ရှူးများကို ပျက်စီးစေနိုင်ပါသည်။ လူနာများသည် IV ဆေးသွင်းသည့်နေရာတွင် ယားယံခြင်းနှင့် အရေပြားထိခိုက်ပျက်စီးခြင်းတို့ ရှိနိုင်ပါသည်။ အကယ်၍ ဆေးသွင်းနေစဉ်အတွင် ပူလောင်သလိုမျိုး ခံစားရပါက စောင့်ရှောက်ကုသပေးနေသည့်သူကို အသိပေးပါ။
သွေးပြန်ကြောထဲသို့ IV ဆေးအနေဖြင့် သွင်းပေးနိုင်သည်
ဆစ်ပလက်တင် (Cisplatin) ဆေးသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
အချို့သောလူနာများသည် ကုသမှုပြီးဆုံးပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဆစ်ပလက်တင် (Cisplatin) ဆေးကြောင့်ဖြစ်သော ဖြစ်နိုင်ခြေရှိသည့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ပါသည်-
ဤအကြံပြုချက်များနှင့် အခြားအကြံပြုချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။