Supportive Care
ကုန်အမှတ်တံဆိပ်အမည်များ:
Prilosec®
သည်အခြားအမည်များ:
Omeprazole Magnesium
မကြာခဏအတှကျအသုံးပွု:
အစာအိမ်အနာများ၊ ရင်ပူခြင်းနှင့် အစာအိမ်အက်ဆစ်လျှံတက် ရောဂါ (GERD) ကို ကုသခြင်း သို့မဟုတ် ကြိုတင်ကာကွယ်ခြင်း
အိုမီပရာဇိုးလ် (Omeprazole) သည် အစာအိမ်အက်ဆစ်များထုတ်လွှတ်ခြင်းကို ဟန့်တားပေးပါသည်။ ၎င်းကို အောက်ပါတို့အား ကုသရန် သို့မဟုတ် ကာကွယ်ရန်အတွက် အသုံးပြုပါသည်-
ဤဆေးဝါးကို ဟယ်လီကိုဘက်တာ ပိုင်လိုရီ (H. pylori)ဟုခေါ်သော ဘက်တီးရီးယားအမျိုးအစားကြောင့်ဖြစ်သည့် အစာအိမ်အနာများကိုကုသရန်အတွက် ပဋိဇီဝပိုးသတ်ဆေးများနှင့်အတူ အသုံးပြုနိုင်ပါသည်။
ဤဆေးသည် ရောဂါလက္ခဏာများ အပြည့်အဝပျောက်ကင်း သက်သာစေရန်အတွက် 1-4 ရက်အထိ ကြာတတ်ပါသည်။ ဤဆေးအား ရင်ပူခြင်းကို ချက်ချင်းသက်သာစေရန်အတွက် မသောက်ပါနှင့်။
ဤဆေးကို ဆေးညွှန်းပုံစံနှင့် ဆရာဝန်ဆေးညွှန်းမပါဘဲ အလွယ်တကူ ဝယ်ယူနိုင်သောပုံစံ (OTC) များဖြင့် ရရှိနိုင်ပါသည်။
ဆေးပြား သို့မဟုတ် ဆေးတောင့်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်
ဆေးရည်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်
အိုမီပရာဇိုးလ် (Omeprazole) သောက်သုံးနေသည့် လူနာတိုင်းသည် ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
လူနာအချို့သည် အိုမီပရာဇိုးလ် (Omeprazole) ကို ရေရှည်သောက်သုံးခြင်းကြောင့် ရှားပါးသော်လည်း ဖြစ်ပွားနိုင်သည့် အရေးကြီးသော ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။