Supportive Care
ကုန်အမှတ်တံဆိပ်အမည်များ:
GaviLAX®, GlycoLax®, MiraLax®
သည်အခြားအမည်များ:
Macrogol, PEG 3350
မကြာခဏအတှကျအသုံးပွု:
ဝမ်းချုပ်ခြင်းကို ကုသခြင်း
ပိုလီအသလင်း ဂလိုင်ကောလ် 3550 (Polyethylene glycol) သည် တစ်ခါတရံဖြစ်သည့် ဝမ်းချုပ်ခြင်းနှင့် ဝမ်းတုံးမာခြင်းတို့အား ကုသရန် သို့မဟုတ် ကာကွယ်ရန်အတွက် အသုံးပြုသော ဝမ်းနုတ်ဆေး ထိုဆေးသည် အူလှုပ်ရှားမှုကို အားပေး၍ ဝမ်းတုံးများကို ပျော့သွားစေရန်အတွက် ဝမ်းတုံးအတွင်းသို့ ရေဓာတ်များကို ဆွဲသွင်ပါသည်။ ဆေးသည် အားနိသင်ပြရန် 2-4 ရက် ကြာမြင့်နိုင်ပါသည်။ ဤဆေးဝါးကို ဆေးညွှန်းမလိုအပ်ဘဲ ဆေးဆိုင်တွင် လူနာကိုယ်တိုင် အလွယ်တကူ (OTC) ဝယ်ယူနိုင်ပါသည်။
ဆေးရည်အဖြစ် ပါးစပ်မှ သောက်နိုင်ပါသည်
ပိုလီအသလင်း ဂလိုင်ကောလ် 3550 (Polyethylene glycol) ဆေးကိုသောက်သူတိုင်းသည် အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားပြီး အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ သံသယဖြစ်ဖွယ် ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်အား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။