အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Azithromycin (အဇစ်ထရိုမိုင်စင်)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Zithromax®, Zmax®

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Azithromycin (အဇစ်ထရိုမိုင်စင်) အကြောင်း

Azithromycin (အဇစ်ထရိုမိုင်စင်) သည် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။

Azithromycin (အဇစ်ထရိုမိုင်စင်) သည် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့်လာသည်။ အာနိသင်အပြနှေးသော ဆေးအသွင်ဖြစ်ပါက ဆေးချိန်တစ်ခွက်စာသာ တိုက်ရပါသည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

Azithromycin (အဇစ်ထရိုမိုင်စင်) ဆေးချိန်သည် သွေးထဲရောက်နှင့်ပြီးသည့် ၎င်းဆေးပမာဏကိုလိုက်၍ အပြောင်းအလဲရှိပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခံတွင်းပျက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်ပူနာ
  • နှလုံးခုန်နှုန်းမြန်လာခြင်း သို့မဟုတ် နှလုံးခုန်စည်းချက်မမှန်ခြင်း
  • အနီကွက်ဖြစ်ခြင်း၊ ယားယံခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • အသည်း၏လုပ်ငန်းဆောင်တာလျော့ကျလာခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Azithromycin (အဇစ်ထရိုမိုင်စင်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာသည် ဤဆေးသုံးပြီး ပြင်းပြင်းထန်ထန်ဝမ်းသွားခြင်းများဖြစ်လာပါက ဆရာဝန်အား အသိပေးပါ။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • Azithromycin (အဇစ်ထရိုမိုင်စင်) ဆေးသောက်စဉ်ကာလအတွင်းတွင် အစာအိမ်အက်ဆစ်ဖြေဆေးကို ဆရာဝန်က ညွှန်ကြားထားခြင်းမရှိပါက မသောက်သင့်ပါ။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိသောက်ပါ။

Azithromycin (အဇစ်ထရိုမိုင်စင်) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။ အချို့သော ဆေးပုံစံများသည် ၁ ခွက်စာ (Zmax®) သာ တိုက်ရန်လိုပါသည်။
  • Zmax® ကို ဗိုက်ထဲအစာမရှိချိန်တွင် သောက်ပါ။ Azithromycin (အဇစ်ထရိုမိုင်စင်) ၏ အခြားပုံစံများကိုမူ အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • Azithromycin (အဇစ်ထရိုမိုင်စင်) ကို သောက်ပြီး ၁ နာရီအတွင်းတွင် ပျို့အန်ပါက နောက်တစ်ခွက်စာထပ်သောက်ရန်လိုမလိုကို သိရရန် ဆရာဝန်ခေါ်ပါ။
  • Azithromycin (အဇစ်ထရိုမိုင်စင်) ဆေးထုပ်− ဆေးမှုန့်ကို ရေလက်ဖက်ရည်ခွက် လေးပုံတစ်ပုံနှင့် ရောစပ်ပြီး ချက်ချင်းသောက်ပါ။ ဆေးချိန်မလျော့စေရန် ခွက်ထဲသို့ ရေကိုပိုထည့်ပြီး စပ်သောက်ပါ။
  • ဆေးရည်ဖြစ်ပါက− ကောင်းစွာလှုပ်ပြီး ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။
  • Azithromycin (အဇစ်ထရိုမိုင်စင်) (သောက်ဆေးဖြစ်ပါက) အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။