ရောဂါပိုးဝင်ခြင်းများနှင့် တံစဉ်ပုံသွေးနီဆဲလ်ရောဂါ
တံစဉ်ပုံသွေးနီဆဲလ်ရောဂါ (SCD) ရှိသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ရောဂါပိုးဝင်နိုင်ခြေ ပို၍မြင့်မားပါသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-
- တုပ်ကွေး (flu)
- အဆုတ်ရောင်ရောဂါ
- ဦးနှောက်အမြှေးရောင်ရောဂါ
- အရိုးပိုးဝင်ခြင်း
- သွေးတွင်း ပိုးဝင်ခြင်း
အကယ်၍ သင့်ကလေးတွင် တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိပါက ရောဂါပိုးဝင်ခြင်းများသည် အသက်အန္တရာယ်ရှိနိုင်ပါသည်။ တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသည့် မွေးကင်းစကလေးငယ်များနှင့် ငယ်ရွယ်သည့်ကလေးများတွင် ရောဂါပိုးဝင်ခြင်းသည် သေဆုံးမှုကို ဖြစ်နိုင်သည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
အကယ်၍ သင့်ကလေးတွင် ဖျားခြင်း သို့မဟုတ် အခြားရောဂါပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများရှိပါက ချက်ချင်းဆေးကုသမှုခံယူပါ။
ရောဂါပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ခြင်း၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- ဖျားနာခြင်း
- ခံတွင်း (ပါးစပ်မှ) အပူချိန် 101°F (38.3°C) သို့မဟုတ် အထက်ရှိခြင်း
- ချိုင်းအောက် (လက်မောင်းအောက်) အပူချိန် 100°F (37.8°C) သို့မဟုတ် အထက်ရှိခြင်း
- ချမ်းတုန်ခြင်း
- ချွေးစေးထွက်ခြင်း
- ချောင်းဆိုးခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းနာခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူကြပ်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း
- ဒေါသထွက်လွယ်ခြင်း သို့မဟုတ် ဂျီကျခြင်း
- အသားအရောင်ဖျော့ခြင်း
- အန်ခြင်း (ပျို့အန်ခြင်း)
- ဝမ်းလျှောခြင်း
- ပုံမှန်ထက် ပို၍အိပ်ခြင်း သို့မဟုတ် နိုးမနေနိုင်ခြင်း
- အရေပြား သို့မဟုတ် အရိုး သို့မဟုတ် အဆစ်ပေါ်ရှိ နေရာတွင် ရောင်ရမ်းခြင်း၊ ထိလျှင်နာကျင်ခြင်း သို့မဟုတ် အနီကွက်များ ဖြစ်ပေါ်ခြင်း
လူနာအချို့တွင် ဖျားနာခြင်းသည် ရောဂါပိုးဝင်ခြင်း၏ တစ်ခုတည်းသော ရောဂါလက္ခဏာ ဖြစ်နိုင်ပါသည်။
တံစဉ်ပုံသွေးနီဆဲလ်ရောဂါတွင် ရောဂါပိုးဝင်ခြင်း၏ အကြောင်းအရင်းများ
အခြေအနေအများစုတွင် ခန္ဓာကိုယ်သည် အန္တရာယ်ရှိသော ရောဂါပိုးမွှားများကို မိမိဘာသာ ခုခံကာကွယ်နိုင်ပါသည်။ သို့သော်လည်း တံစဉ်ပုံသွေးနီဆဲလ်ရောဂါသည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပါသည်။ ၎င်းမှာ သရက်ရွက်သည် ပိုးမွှားများကို စစ်ထုတ်ရန်နှင့် ရောဂါပိုးများကို တိုက်ဖျက်ရန်အတွက် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။
သရက်ရွက်သည် ခန္ဓာကိုယ်၏ ဘယ်ဘက်အခြမ်း နံရိုးအိမ်အောက်ရှိ အင်္ဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် လက်သီးဆုပ် အရွယ်ခန့်ရှိသည်။ သရက်ရွက်သည် အောက်ပါတို့ကို လုပ်ဆောင်ပါသည်-
- ရောဂါပိုးကို တိုက်ဖျက်ခြင်း
- သွေးဖြူဥဆဲလ်များ ပြုလုပ်ပေးခြင်း
- သွေးကို ဖန်တီးခြင်း၊ သိမ်းဆည်းခြင်းနှင့် စစ်ထုတ်ပေးခြင်း
တံစဉ်ပုံသွေးနီဆဲလ်ရောဂါသည် သွေးနီဥဆဲလ်များကို မာကျော၍စေးကပ်ကပ်ဖြစ်စေပြီး ငှက်ပျောသီးပုံသဏ္ဍာန် ဖြစ်လာစေပါသည်။ တံစဉ်ပုံသဏ္ဍာန်ရှိသော သွေးနီဥဆဲလ်များသည် အတူတကွ ပူးကပ်ပြီး သရက်ရွက်အတွင်းရှိ သွေးကြောများကို ပိတ်ဆို့စေပါသည်။ ၎င်းသည် ပျက်စီးမှုကို ဖြစ်စေပြီး သရက်ရွက်ကို ကောင်းစွာအလုပ်မလုပ်နိုင်အောင် ပြုလုပ်ပါသည်။
သင့်ကလေးသည် ရောဂါပိုးများ ပိုမိုလွယ်ကူစွာ ကူးစက်ဝင်ရောက်နိုင်ပြီး ရောဂါပိုးများသည် ပိုမိုပြင်းထန်၍ အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။
အကယ်၍ သင့်ကလေးတွင် ဖျားနာခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်း ရောဂါလက္ခဏာများ ရှိပါက မည်သို့လုပ်ရမည်နည်း
တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသော ကလေးများတွင် ဖျားနာခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင့်ကလေးတွင် ဖျားနာခြင်း သို့မဟုတ် အခြားပိုးဝင်ခြင်းရောဂါလက္ခဏာများကို သတိပြုမိပါက ချက်ချင်းဆေးကုသမှုခံယူပါ။
သင်၏စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားခြင်းမရှိပါက အဖျားအတွက် အက်စီတမီနိုဖင် (acetaminophen) သို့မဟုတ် အိုင်ဗျူပရိုဖန် (ibuprofen) ကဲ့သို့သော အဖျားကျဆေးများကို မတိုက်ပါနှင့်။ ဤဆေးများသည် ရောဂါပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများကို ဖုံးကွယ်ထားနိုင်ပါသည်။ အက်စီတမီနိုဖင် (acetaminophen) သို့မဟုတ် အိုင်ဗျူပရိုဖန် (ibuprofen) မတိုက်မီ သင့်ကလေး၏ အပူချိန်ကို အမြဲတိုင်းပါ။
သင့်ကလေးကို ၎င်းတို့၏ ဆေးခန်း သို့မဟုတ် ဒေသတွင်းအရေးပေါ်ခန်းသို့ ခေါ်သွားပါ။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ရောဂါပိုးဝင်ခြင်း၏ အကြောင်းရင်းကို ရှာဖွေရန်အတွက် စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီး ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်ပါသည်။ ၎င်းတို့သည် ရောဂါပိုးကို ကုသရန်အတွက် ပဋိဇီဝပိုးသတ်ဆေးကို ညွှန်ကြားနိုင်ပါသည်။
911 ကို မည်သည့်အချိန်တွင် ခေါ်ဆိုရမည်နည်း
အကယ်၍ သင့်ကလေးသည် အောက်ပါတို့ဖြစ်ပါက 911 သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် အနီးစပ်ဆုံး အရေးပေါ်ခန်းသို့ ခေါ်သွားပါ-
- အပူချိန် 101.3°F (38.5°C) သို့မဟုတ် ထို့ထက်ပို၍ မြင့်နေပါက
- အသက်ရှူရခက်ခဲခြင်း
- တုံ့ပြန်မှုမရှိဘဲ သင်နှင့် စကားပြောဆိုနိုင်ခြင်း မရှိပါက
- အိပ်နေရာမှ မထနိုင်ပါက
- ရုတ်တရက် အားနည်းလာခြင်း၊ အာရုံခံစားမှု ဆုံးရှုံးခြင်း သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု မလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်ပါက
ရောဂါပိုးဝင်ခြင်းများကို မည်သို့ကာကွယ်ရမည်နည်း
သင့်ကလေး ကျန်းမာစွာနေထိုင်နိုင်စေရန် သင်သည် အိမ်တွင် အဆင့်များဖြင့် လုပ်ဆောင်နိုင်ပါသည်။
ကောင်းမွန်မှန်ကန်သည့် လက်ဆေးခြင်းကို ကျင့်သုံးပါ
ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ လက်ကို သန့်ရှင်းစွာထားခြင်း ဖြစ်ပါသည်။ သင့်လက်ကို ဆပ်ပြာနှင့် ရေဖြင့် အနည်းဆုံး 15–20 စက္ကန့်ကြာ ဆေးကြောပါ သို့မဟုတ် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။ သင့်ကလေးသည် လက်ကို ကောင်းမွန်စွာဆေးကြောနည်းကို သိရှိကြောင်း သေချာအောင် ပြုလုပ်ပါ။ ကလေးငယ်များ လက်ဆေးကြောရာတွင် ကူညီပေးပါ။
ကာကွယ်ဆေးများကို နောက်ဆုံးအထိ ထိုးနှံထားပါ
ကာကွယ်ဆေးများသည် ပြင်းထန်သည့် ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်ပါသည်။ သင့်ကလေးသည် ၎င်းတို့၏ စောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့် ကာကွယ်ဆေးများကို ထိုးနှံထားကြောင်း သေချာပါစေ။ ဤကာကွယ်ဆေးများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး
- အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး
- ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး
- နယူမိုကော့ကပ်စ် (အဆုတ်ရောင်ရောဂါ) ကာကွယ်ဆေး
- သင်၏ စောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့် အခြားကာကွယ်ဆေးများ
ညွှန်ကြားထားသည့်အတိုင်း ဆေးများကို တိုက်ကျွေးပါ။
တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသည့် မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များအားလုံးကို ရောဂါပိုးများအား ကာကွယ်ရန်အတွက် နေ့စဉ် ပင်နီဆီလင် (penicillin) ကို ပေးထားပါသည်။ တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသူအချို့သည် ပင်နီဆီလင်ကို တစ်သက်လုံး သောက်ရန် လိုအပ်နိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း ဆေးအားလုံးကို သောက်သုံးကြောင်း သေချာစေပါ။ မေးခွန်းများရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။
ရောဂါပိုးများကို စောစီးစွာ ကုသပါ
ရောဂါပိုးများကို ကာကွယ်ရန်မှာ အမြဲတမ်း မဖြစ်နိုင်ပါ။ သင့်ကလေးသည် ဤလမ်းညွှန်ချက်များအားလုံးကို လိုက်နာဆောင်ရွက်သော်လည်း ရောဂါပိုးများ ကူးစက်နိုင်ပါသေးသည်။ ရောဂါပိုးများကို စောစီးစွာ သိရှိနိုင်စေရန်အတွက် ဆေးကုသမှု ခံယူပါ။
- ရောဂါပိုးဝင်ခြင်း၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ။
- အကယ်၍ သင့်ကလေးသည် ကိုယ်ပူပါက သို့မဟုတ် ဖျားနာပါက မည်သို့ပြုလုပ်ရမည်ကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။
- အကယ်၍ သင့်ကလေးသည် အလုပ်ချိန်ပြင်ပ သို့မဟုတ် ရုံးပိတ်ရက်တွင် ဖျားပါက မည်သည်တို့ကိုပြုလုပ်ရမည်ဆိုသည်ကို သိရှိပါ။
- အရေးပေါ်စောင့်ရှောက်မှုကို မည်သည့်အချိန်တွင် ရယူရမည်ဆိုသည်ကို သိရှိပါ။
- သင့်ကလေး၏ အခြေအနေအကြောင်းကို တခြားသူများအား အသိပေးပါ။ ကျောင်းတွင်၊ ခရီးသွားချိန်နှင့် အခြားစောင့်ရှောက်သူများမှ သင့်ကလေးကို ပြုစုစောင့်ရှောက်ပေးသည့် အချိန်များအတွက် အစီအစဉ်တစ်ခု ရှိပါစေ။
- သင့်ကလေးသည် ဆေးများအားလုံးကို ညွှန်ကြားထားသည့်အတိုင်း အတိအကျသောက်သုံးကြောင်း သေချာပါစေ။
ရောဂါပိုးဝင်ခြင်းနှင့် ပတ်သက်၍ မေးခွန်းများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ပေးထားသော ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။
သင်၏စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းရမည့် မေးခွန်းများ
- ကျွန်ုပ်ကလေး၏ ရောဂါပိုးဝင်နိုင်ခြေအန္တရာယ်မှာ မည်သည်တို့ဖြစ်သနည်း။
- ကျွန်ုပ်ကလေးတွင် အဖျားရှိပါက ဘာလုပ်သင့်သနည်း။
- ကျွန်ုပ်ကလေး၏ အပူချိန်ကို တိုင်းတာရန် အကောင်းဆုံးနည်းလမ်းမှာ အဘယ်နည်း။
- ကျွန်ုပ်ကလေး၏ အပူချိန်ကို မည်မျှမကြာခဏ တိုင်းသင့်ပါသနည်း။
- ရောဂါပိုးဝင်ခြင်း ပိုဆိုးလာနိုင်သည့် လက္ခဏာများမှာ မည်သည်တို့ဖြစ်သနည်း။
- ကျွန်ုပ်သည် စောင့်ရှောက်မှုအဖွဲ့ကို မည်သည့်အချိန်တွင် ခေါ်ဆိုသင့်သနည်း။
- ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများမှာ ဘာလဲ။
ရောဂါပိုးဝင်ခြင်းနှင့် တံစဉ်ပုံသွေးနီဆဲလ်ရောဂါနှင့် ပတ်သက်သည့် အဓိကအချက်များ
- တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသော ကလေးများနှင့် ဆယ်ကျော်သက်များသည် ရောဂါပိုးများ ဝင်ရောက်နိုင်ခြေ ပိုမြင့်မားပါသည်။
- တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသည့် ကလေးများတွင် ဖျားနာခြင်းသည် ပါးစပ်အပူချိန် 101°F (38.3°C) သို့မဟုတ် ထို့ထက်ပိုများခြင်း ဖြစ်ပါသည်။
- တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသူများအတွက် ဖျားနာခြင်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါသည်။
- သင့်ကလေးကို ရောဂါပိုးဝင်ခြင်းများမှ ရှောင်ရှားရန် သင်၏စောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့် ကာကွယ်ဆေးများ ထိုးနှံခြင်းအပါအဝင် အဆင့်များကို လုပ်ဆောင်ပါ။
- သင့်ကလေးတွင် ရောဂါပိုးဝင်သည်ဟု ထင်ပါက ဆေးကုသမှုခံယူပါ။
—
ပြန်လည်စစ်ဆေးထားသည်- အောက်တိုဘာလ 2024 ခုနှစ်
-
ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease)
ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease) သည် သွေးနီဥများအတွင်းရှိ ဟီမိုဂလိုဘင်ကို ထိခိုက်စေသော မျိုးရိုးလိုက် သွေးပုံမှန်မဖြစ်သည့် ရောဂါ အုပ်စုတစ်ခု ဖြစ်သည်။ ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease)နှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။
-
ဖျားခြင်းနှင့် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများ
ဖျားခြင်းသည် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်း ဖြစ်ပြီး အများအားဖြင့် ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ပွားသည်။ သင့်ကလေးတွင် ဖျားခြင်း သို့မဟုတ် အခြားရောဂါပိုးကူးစက်မှု၏ လက္ခဏာများ ရှိပါက မည်သို့ ဆောင်ရွက်ရမည်ကို လေ့လာပါ။
-
ကိုယ်အပူချိန် မည်သို့တိုင်းတာရမည်နည်း
ဒစ်ဂျစ်တယ် ကိုယ်အပူချိန်တိုင်းကိရိယာများသည် ကိုယ်အပူချိန်ကို တိုင်းတာရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ အဖျားတက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် သင့်ကလေး၏ ကိုယ်အပူချိန်ကို မတူညီသော နည်းလမ်းများဖြင့် မည်သို့တိုင်းတာရမည်ကို လေ့လာပါ။