အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) ဆိုသည်မှာ လူတစ်ဦးအား အစားအစာမဟုတ်သော ပစ္စည်းများကို အလွန်အမင်း တောင့်တပြီး စားသုံးမိစေသည့် အစာစားခြင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါသည်။ အဆိုပါ ပစ္စည်းများတွင် ရွှံ့မြေ၊ ရွှံ့ (clay)၊ မြေဖြူခဲ၊ ဆံပင်၊ စာရွက်၊ ကတ်ထူပြား၊ မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာ၊ ရေခဲ သို့မဟုတ် ကွာကျနေသော ဆေးသုတ်အဖတ်များကဲ့သို့သော အရာများ ပါဝင်နိုင်ပါသည်။
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) သည် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပြင် သတ်မှတ်ထားသော စိတ်ကျန်းမာရေး သို့မဟုတ် ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေရှိသူများတွင် ပိုမိုအဖြစ်များပါသည်။
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica)သည် ပုံမှန်အားဖြင့် အစားအစာအဖြစ် သတ်မှတ်မထားသော ပစ္စည်းများကို လူတစ်ဦးက စားသုံးမိသည့် အစာစားခြင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါသည်။
သင့်ကလေး စားသုံးမိသည့် ပစ္စည်းအမျိုးအစားနှင့် အဆိုပါ အပြုအမူ မည်မျှအကြိမ်ရေ ဖြစ်ပွားသည်အပေါ် မူတည်၍ အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica)သည် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) ၏ နောက်ဆက်တွဲ ပြဿနာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) ဖြစ်ရခြင်း၏ အကြောင်းအရင်းကို သဲသဲကွဲကွဲ မသိရသေးသော်လည်း အချို့သော အခြေအနေများသည် သင့်ကလေးတွင် ဤဝေဒနာဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-
ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသူများတွင် သာမန်လူဦးရေထက် အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) ပိုမိုအဖြစ်များပါသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ပွားရသည်ကို ပညာရှင်များ တိတိပပ မသိရသေးပါ။ ဟီမိုဂလိုဘင် နည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါနှင့် ဇင့်ဓာတ်ချို့တဲ့ခြင်းတို့သည် ဆက်စပ်နေနိုင်သည့် အချက်များ ဖြစ်နိုင်ပါသည်။
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) လက္ခဏာများကို သတိပြုမိပါက သင့် ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။ အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica)အဖြစ် ရောဂါရှာဖွေအတည်ပြုရန်အတွက် အဆိုပါ စားသောက်မှုအပြုအမူသည်-
အစားအစာမဟုတ်သော ပစ္စည်းများကို စားသုံးခြင်းသည် သင့်ကလေး စားသုံးမိသည့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အန္တရာယ်ရှိနိုင်ပါသည်။ သင့်ပြုစုကုသရေးအဖွဲ့သည် ကျန်းမာရေးပြဿနာများကို ရှာဖွေရန် အခြားစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-
စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အစားအစာမဟုတ်သော ပစ္စည်းများကို စားသုံးသည့် အပြုအမူများသည် ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း သို့မဟုတ် စိတ်ကျန်းမာရေးပြဿနာတစ်ခုခုနှင့် ဆက်စပ်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ဆန်းစစ်အကဲဖြတ်မှု ပြုလုပ်နိုင်ပါသည်။
အလွန်အမင်း တောင့်တစိတ်ဖြစ်ပေါ်ခြင်းကြောင့် သင့်ကလေးအနေဖြင့် အဆိုပါ အပြုအမူကို ရပ်တန့်ရန် ခက်ခဲနိုင်ပါသည်။ သင့်ကလေးတွင် အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) ရှိနေသည်ဟု ယူဆပါက သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့အား အသိပေးရန် အရေးကြီးပါသည်။
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica)ကို ကုသရာတွင် အဆင့်အမျိုးမျိုး ပါဝင်ပါသည်။ သင့်ကလေး၏ ကုသမှုအစီအစဉ်သည် အောက်ပါအချက်များအပေါ်တွင် မူတည်ပါလိမ့်မည်-
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica)အတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
အစားအစာ မဟုတ်သော အရာများကို စွဲလမ်းစားသောက်တတ်သော စိတ်ရောဂါ (Pica) နှင့်ပတ်သက်၍ မေးခွန်းများရှိပါက သို့မဟုတ် နောက်ထပ်သိရှိလိုပါက သင့်ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။
သင့်ကလေး၏ စားသောက်မှုအပြုအမူများကို မှတ်တမ်းရေးမှတ်ထားခြင်းသည် အထောက်အကူပြုနိုင်ပါသည်။ သင့်ကလေး ဘာတွေစားသနည်း၊ အဆိုပါ အပြုအမူ မည်သည့်အချိန်တွင် ဖြစ်ပွားသနည်း၊ မည်မျှအထိ သို့မဟုတ် မည်မျှအကြိမ်ရေ ဖြစ်ပွားသနည်းဟူသောအချက်နှင့် ပြဿနာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးမှန်သမျှကို ချရေးထားပါ။
သင့်ကလေးသည် အဆိပ်အတောက်ဖြစ်စေနိုင်သော သို့မဟုတ် အန္တရာယ်ရှိစေနိုင်သော အရာတစ်ခုခုကို စားမိသွားသည်ဟု ယူဆပါက ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်းရယူပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2024 ခုနှစ်
ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease) သည် သွေးနီဥများအတွင်းရှိ ဟီမိုဂလိုဘင်ကို ထိခိုက်စေသော မျိုးရိုးလိုက် သွေးပုံမှန်မဖြစ်သည့် ရောဂါ အုပ်စုတစ်ခု ဖြစ်သည်။ ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease)နှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။
ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရစဉ်အတွင်း၊ ကလေးအများစုမှာ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန်နှင့် အာဟာရပြည့်ဝမှုပန်းတိုင်သို့ ရောက်ရှိရန် အခက်အခဲရှိတတ်ကြသည်။ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းဗျူဟာများကို လေ့လာပါ။
စိတ်ပညာရှင်များနှင့် အခြားစိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးပေးသူများသည် သင့်ကလေးအား ပြင်းထန်သောရောဂါနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးနိုင်ပါသည်။ စိတ်ပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများမှ မည်ကဲ့သို့ ကူညီပေးနိုင်သည်ကို လေ့လာပါ