ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ သင်၏ ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။ ၎င်းတို့က မည်သည့်ဘေးထွက်ဆိုးကျိုးများကို သတိထားစောင့်ကြည့်ရမည်ကို သိရှိရန်နှင့် ၎င်းတို့ကို စီမံခန့်ခွဲရန် အစီအစဉ်တစ်ခု ချမှတ်နိုင်ရန် ကူညီပေးနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ ဆိုသည်မှာ ဆေးဝါးတစ်မျိုးမျိုး သောက်သုံးသည့်အခါ သို့မဟုတ် ကုသမှုခံယူသည့်အခါတွင် ဖြစ်ပေါ်လာနိုင်သော မရည်ရွယ်ထားသည့် သက်ရောက်မှုများ ဖြစ်သည်။ ဘေးထွက်ဆိုးကျိုး အများစုသည် ကုသမှုပြီးဆုံးပြီးနောက်တွင် ပျောက်ကွယ်သွားလေ့ရှိသည်။ သို့သော် အချို့သောအချိန်များတွင် ဆေးဝါးများနှင့် ကုသမှုများသည် ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖြစ်စေနိုင်ပါသည်။ ၎င်းတို့ကို ရေရှည်ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် နောက်ဆက်တွဲသက်ရောက်မှုများဟု ခေါ်ပါသည်။
ဘေးထွက်ဆိုးကျိုးများသည်် ကြိုတင်ခန့်မှန်းရန် ခက်ခဲပါသည်။ အချို့သော လူနာများတွင် သာမန် ဘေးထွက်ဆိုးကျိုးများသာ ရှိနိုင်ပါသည်။ အခြားလူနာများတွင်မူ ပြင်းထန်သော သက်ရောက်မှုများ ရှိနိုင်ပါသည်။ လူနာတစ်ဦးတည်း ဖြစ်သော်လည်း ကုသမှုအစီအစဉ် တစ်ခုနှင့်တစ်ခုအကြား ခံစားရသည့် ဘေးထွက်ဆိုးကျိုးများမှာ ကွဲပြားခြားနားနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများနှင့်အတူ နေထိုင်ရခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ခက်ခဲနိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ရောဂါဝေဒနာကို ထိရောက်စွာ ကုသပေးနေစဉ်မှာပင် ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သမျှ ကန့်သတ်နိုင်ရန် ကုသမှုများကို စီမံချက်ချလေ့ရှိသည်။ သင့်ပြုစုကုသရေးအဖွဲ့သည် ဘေးထွက်ဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ၎င်းတို့ဖြစ်ပွားလာပါက စီမံခန့်ခွဲနိုင်ရန် သင့်ကို ကူညီပေးနိုင်ပါသည်။
သင့်ကလေး ခံစားရနိုင်သည့် ဘေးထွက်ဆိုးကျိုးများသည် ၎င်းတို့ရရှိသော ဆေးဝါးများနှင့် ကုသမှုများပေါ်တွင် မူတည်ပါသည်။ ကလေးတစ်ဦးစီ၏ တုံ့ပြန်ပုံချင်း မတူညီကြပါ။ သင် မျှော်လင့်ထားနိုင်သည့် မည်သည့် ဘေးထွက်ဆိုးကျိုးမျိုးကိုမဆို သင့်ပြုစုကုသရေးအဖွဲ့က သင့်အား ဆွေးနွေးပြောကြားပေးလိမ့်မည်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးအချို့တွင် အောက်ပါတို့ ပါဝင်သည်-
ကုသမှုတစ်ခုစီသည် မတူညီကြပါ။ သင့်ကလေး၏ ရောဂါလက္ခဏာရပ်များနှင့် ပတ်သက်၍ သင့်ပြုစုကုသရေးအဖွဲ့အား သိရှိစေရန် အကြောင်းကြားဖို့ အရေးကြီးပါသည်။ သင့်ကလေး၏ ဘေးထွက်ဆိုးကျိုးများကို မှတ်တမ်းတင်ထားခြင်းက အထောက်အကူပြုနိုင်ပါသည်။ သင့်ကလေး၏ ရောဂါလက္ခဏာရပ်များကို ပိုမိုသက်သာစေသည့် သို့မဟုတ် ပိုမိုဆိုးရွားစေသည့် အရာများကို ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးစားပါ။
မှတ်တမ်းစာအုပ် သို့မဟုတ် မိုဘိုင်းလ် အက်ပလီကေးရှင်းကို အသုံးပြု၍ အောက်ပါတို့ကို မှတ်သားနိုင်သည်-
ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲရာတွင် ကူညီရန် သင့်ကလေးအား အောက်ပါတို့ပြုလုပ်ဖို့ တိုက်တွန်းပါ-
သင့်ကလေးအနေဖြင့် မိမိမည်သို့ခံစားရသည်ကို စိတ်သက်တောင့်သက်သာဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်မည့် ဘေးကင်းပြီး အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် သင် ကူညီနိုင်ပါသည်။ အခြားသော ကလေးငယ်များ၊ မိသားစုများနှင့် စကားပြောဆိုခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲရန်အတွက် အခြားအကြံဉာဏ်များနှင့် အထောက်အပံ့များကို ရရှိနိုင်ပါသည်။ အခြားသူများလည်း ယခုကဲ့သို့ အခြေအနေမျိုးကို ဖြတ်သန်းနေရသည် သို့မဟုတ် ဖြတ်သန်းခဲ့ဖူးသည်ကို သိရှိရခြင်းက အထောက်အကူပြုနိုင်ပါသည်။
သင့်ပြုစုကုသရေးအဖွဲ့သည် သင့်ကလေး၏ ကုသမှုများကို ပြင်ဆင်ညှိနှိုင်းပေးခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို သက်သာစေရန် ဆေးဝါးများနှင့် အခြားကုသမှုများကို ညွှန်ကြားပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သင့်ကလေးအနေဖြင့် သက်သာစောင့်ရှောက်မှု (palliative care)သို့မဟုတ် နာကျင်မှုဆိုင်ရာ အထူးကုဆရာဝန်များနှင့် တွေ့ဆုံရနိုင်ပါသည်။ ဤအဖွဲ့ဝင်များသည် ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲရန်နှင့် သက်သောင့်သက်သာဖြစ်စေရန် ကျန်ရှိသော ပြုစုကုသရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြသည်။ လူမှုဝန်ထမ်းများ၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ ကလေးဘဝ အထူးကုပညာရှင်၊ နှင့် ဘာသာရေးဓမ္မဆရာများ ကလည်း ကူညီပေးနိုင်ပါသည်။
ဆေးဝါးများအပြင် သင့်ကလေးအနေဖြင့် အောက်ပါကဲ့သို့သော ရင်ဆိုင်ကျော်ဖြတ်မှု ဗျူဟာများကိုလည်း အသုံးပြုနိုင်ပါသည်-
ပြဿနာများကို ဖြေရှင်းခြင်းနှင့် စီမံချက်ချခြင်းအချို့ လိုအပ်နိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် ဖြစ်နိုင်ခြေရှိပါသည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ၊ 2024 ခုနှစ်
နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုသည် ကင်ဆာ၊ သွေးရောဂါများနှင့် အခြားရောဂါများခံစားနေရသည့် ကလေးများအား စောင့်ရှောက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေးများတွင် နာကျင်မှုကို ကာကွယ်ရန်နှင့် ကုသရန် နည်းလမ်းများကို လေ့လာပါ။
ပြင်းထန်သော ဖျားနာမှုသည် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ သင့်ကလေး၏ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာကို အထောက်အကူပြုပေးနိုင်မည့် နည်းလမ်းများကို လေ့လာပါ။
ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရစဉ်အတွင်း၊ ကလေးအများစုမှာ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန်နှင့် အာဟာရပြည့်ဝမှုပန်းတိုင်သို့ ရောက်ရှိရန် အခက်အခဲရှိတတ်ကြသည်။ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းဗျူဟာများကို လေ့လာပါ။