လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဆိုသည်မှာ အမျိုးသားလိင်အင်္ဂါသည် နာကျင်စွာဖြင့် အချိန်အတော်ကြာအောင် တောင်မတ်နေသည့် အခြေအနေ ဖြစ်သည်။ ဤသို့ လိင်အင်္ဂါတောင်မတ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု သို့မဟုတ် စိတ်ပါလာမှုတို့နှင့် သက်ဆိုင်ခြင်း မရှိပါ။
ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသော ယောကျာ်းလေးများတွင် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်းသည် ငယ်ရွယ်စဉ် အရွယ်ကတည်းကပင် စတင်ဖြစ်ပွားနိုင်သည်။ ၎င်းသည် ပန်းသေပန်းညှိုးဖြစ်ခြင်း (လိင်အင်္ဂါ မတောင်နိုင်တော့ခြင်း)၊ မျိုးမအောင်ခြင်း (သားသမီးမရနိုင်တော့ခြင်း)၊ အမာရွတ်ထင်ကျန်ရစ်ခြင်း သို့မဟုတ် အမျိုးသားလိင်အင်္ဂါကို ရေရှည် ထိခိုက်ပျက်စီးစေခြင်းတို့ ဖြစ်ပွားစေနိုင်သည်။
ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease)ရှိသော ယောကျာ်းလေးများတွင် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဖြစ်ပွားရခြင်းမှာ အမျိုးသားလိင်အင်္ဂါအတွင်းရှိ သွေးနီဥများ ပုံစံပျက်သွားခြင်းကြောင့် ဖြစ်သည်။
ပုံစံပျက်သွားသော သွေးနီဥများသည် တစ်ခုနှင့်တစ်ခု ကပ်တွယ်သွားပြီး သွေးကြောများကို ပိတ်ဆို့ကာ ဆဲလ်များဆီသို့ အောက်ဆီဂျင် ရောက်ရှိမှုကို နှေးကွေးသွားစေသည်။ အမျိုးသားလိင်အင်္ဂါအတွင်းရှိ သွေးကြောများသည် သေးငယ်သောကြောင့် သွေးနီဥများ ပုံစံပျက်ပြီး ကပ်တွယ်မိသည့်အခါ အလွယ်တကူ ပိတ်ဆို့သွားတတ်သည်။
သွေးကြောများ ပုံစံမမှန်သော သွေးနီဥများကြောင့် ပိတ်ဆို့သွားသည့်အတွက် လိင်အင်္ဂါအတွင်းမှ သွေးများ ပြန်လည်စီးထွက်မသွားနိုင်တော့ပါ။ အကယ်၍ ဤသို့ လိင်အင်္ဂါ ဆက်လက်တောင်မတ်နေပါက ၎င်းကို လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဟု ခေါ်ဆိုသည်
လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်းသည် အလွန်နာကျင်နိုင်ပြီး ပြင်းထန်သော အခြေအနေတစ်ရပ် ဖြစ်သည်။ လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဖြစ်စဉ် အချိန်ကြာမြင့်ပါက အမာရွတ်ဖြစ်ခြင်းနှင့် ပန်းသေပန်းညှိုးဖြစ်ခြင်း (လိင်အင်္ဂါ ပြန်မတောင်နိုင်တော့ခြင်း) တို့ကို ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ သင့်ကလေး၏ လိင်အင်္ဂါတောင်မတ်နေမှုသည် 2 နာရီထက် ကျော်လွန်လာပါက ကုသမှုခံယူရန်အတွက် ၎င်းအား အရေးပေါ်လူနာဆောင်သို့ ချက်ချင်း ခေါ်ဆောင်သွားပါ။
ရံဖန်ရံခါဖြစ်သော လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဆိုသည်မှာ မိနစ် 30 ထက် ပိုမိုကြာမြင့်သော်လည်း 2 နာရီအောက်သာ ကြာမြင့်သည့် လိင်အင်္ဂါတောင်မတ်ခြင်း အမျိုးအစား ဖြစ်ပါသည်။
အဆိုပါ လိင်အင်္ဂါတောင်မတ်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်လိုက်ပျောက်လိုက် ဖြစ်နိုင်သော်လည်း 2 နာရီထက် ပို၍ မကြာမြင့်ပါ။ ရံဖန်ရံခါဖြစ်သော လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်းသည် တစ်ကြိမ်တည်းသာ ဖြစ်ပွားသည့် အခြေအနေမျိုး ဖြစ်နိုင်သကဲ့သို့၊ တစ်ကြိမ်ထက်မကလည်း ဖြစ်ပွားနိုင်ပါသည်။
အဆိုပါ လိင်အင်္ဂါတောင်မတ်ခြင်းသည် အလိုအလျောက် ပြန်ကျသွားနိုင်သည် သို့မဟုတ် အောက်ပါ အိမ်တွင်းကုထုံးအချို့ကို အသုံးပြုပြီးနောက် ပြန်လည်သက်သာသွားနိုင်ပါသည်-
ရုတ်တရက်ဖြစ်ပွားသော သို့မဟုတ် အချိန်ကြာမြင့်စွာ လိင်အင်္ဂါတောင်မတ်ခြင်း ဆိုသည်မှာ 2 နာရီထက် ပိုမိုကြာမြင့်စွာ ဖြစ်ပွားသည့် အခြေအနေကို ဆိုလိုပါသည်။ ၎င်းသည် စိုးရိမ်ရသည့် အခြေအနေတစ်ခု ဖြစ်သဖြင့် သင့်ကလေးအား အရေးပေါ်ဌာနသို့ ချက်ချင်း ခေါ်ဆောင်သွားရပါမည်။
လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်းအား ကုသရန် ဆေးဝါးများသည် ရုတ်တရက်ဖြစ်ပွားသည့် အခြေအနေ စတင်ပြီးနောက် ပထမဆုံး 4 နာရီအတွင်း ပေးပါက အထိရောက်ဆုံး ဖြစ်ပါသည်။ အကယ်၍ ကုသမှု မခံယူပါက အမြဲတမ်း ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါသည်။
လိင်အင်္ဂါသည် တောင်မတ်နေမည်ဖြစ်ပြီး နာကျင်ခြင်း၊ ကိုင်တွယ်ပါက ကျင်ဆတ်ဆတ် ဖြစ်နေပါလိမ့်မည်။
နာတာရှည် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဆိုသည်မှာ လုံးဝပြန်မကျဘဲ တစ်ဝက်တည်း တောင်နေသည့် အခြေအနေမျိုး ဖြစ်ပါသည်။ ၎င်းသည် ရက်ပေါင်းများစွာ သို့မဟုတ် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ ပုံမှန်အားဖြင့် နာကျင်မှု မရှိတတ်ပါ။ နာတာရှည် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဖြစ်ပွားနေစဉ်အတွင်း အဆိုပါပုဂ္ဂိုလ်အား လိင်အင်္ဂါအပြည့်အဝ တောင်မတ်ခြင်း မရှိစေရန် တားဆီးထားနိုင်ပါသည်။
နာတာရှည် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း သည် ရုတ်တရက်ဖြစ်ပွားသော လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း အခြေအနေသို့ အလွန်မြန်ဆန်စွာ ကူးပြောင်းသွားနိုင်ပါသည်။ သင့်ကလေးတွင် နာတာရှည် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း ဖြစ်ပွားနေပါက သင့်ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။
သင့်သားအနေဖြင့် စကားပြောဆိုရန် အဆင်သင့်ဖြစ်သည့်အခါ သင်ကလည်း စကားပြောရန် အမြဲအဆင်သင့် ရှိနေကြောင်းကို သိရှိပါစေ။ ယခုကဲ့သို့ ပြောဆိုဆွေးနွေးခြင်းသည် စိတ်မသက်မသာ ဖြစ်စရာကောင်းသော်လည်း မရှိမဖြစ် လိုအပ်လှပါသည်။
သင့်ကလေးသည် လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်းကို မကာကွယ်နိုင်ပါ။ သို့သော် အချို့သော အချက်များသည် အထောက်အကူပြုနိုင်ပါသည်။
လိင်အင်္ဂါ အချိန်ကြာမြင့်စွာ မာကျောတောင့်တင်းနေခြင်း နှင့်ပတ်သက်၍ မေးခွန်းများရှိပါက သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့က ကူညီပေးနိုင်ပါသည်။ အဆိုပါ ကျန်းမာရေးအခြေအနေအကြောင်း နောက်ထပ်လေ့လာနိုင်ရန် ၎င်းတို့ထံ ဆက်သွယ်ပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ၊ 2024 ခုနှစ်
ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲခြင်းသည် သင့်ကလေး၏ ပြန်လည်ကောင်းမွန်လာမှုနှင့် ကျန်းမာကြံ့ခိုင်မှုအတွက် အရေးကြီးပါသည်။ သွေးရောဂါ (blood disorder) ၏ လက္ခဏာများနှင့် ကုသမှု ဘေးထွက်ဆိုးကျိုးများအကြောင်း နောက်ထပ် လေ့လာပါ။