သွေးဆိပ်တက်ခြင်း ဆိုသည်မှာ အဘယ်နည်း။
သွေးဆိပ်တက်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်တွင် ပိုးဝင်ခြင်းအပေါ် အလွန်အမင်း တုံ့ပြန်မှုဖြစ်ပွားသည့်အခါ ကြုံတွေ့ရနိုင်သည့် အသက်အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ကုသမှု ချက်ချင်းခံယူရန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါသည်။
ရောဂါပိုးဝင်ခြင်းကြောင့် ခန္ဓာကိုယ်အနှံ့အပြားတွင် ရောင်ရမ်းခြင်း ကို ဖြစ်စေသောအခါတွင် သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်လာပါသည်။ သွေးဆိပ်တက်ခြင်းသည် လျင်မြန်စွာဖြင့် ပိုမိုဆိုးရွားလာနိုင်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်၏ တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို ကျဆင်းစေနိုင်ပါသည်။ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများသည် သွေးတွင်းမှ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို လုံလောက်စွာ မရရှိသည့်အခါတွင် ၎င်းတို့သည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်တော့မည် မဟုတ်ပါ။ အချိန်မီ ကုသမှုမခံယူပါက သွေးဆိပ်တက်ခြင်းသည် တစ်ရှူးများကို ပျက်စီးစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
အကယ်၍ သင်သည် သင့်ကလေးတွင် သွေးဆိပ်တက်ခြင်း ဖြစ်နေနိုင်သည်ဟုထင်ပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သို့ ချက်ချင်းဖုန်းခေါ်ဆိုပါ သို့မဟုတ် အနီးဆုံးအရေးပေါ်ခန်းသို့ သွားရောက်ပြသပါ။ ရောဂါလက္ခဏာများ ကောင်းမွန်လာမလားဆိုပြီး မစောင့်ဆိုင်းပါနှင့်။
သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဆိုတာ ဘာပါလဲ။
သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းသည် သွေးဆိပ်တက်ခြင်း၏ အပြင်းထန်ဆုံးပုံစံ ဖြစ်ပါသည်။ ၎င်းသည် သွေးပေါင်ချိန် အလွန်ကျဆင်းသည့်အခါတွင် ဖြစ်ပွားပါသည်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် သွေးစီးဆင်းမှု မလုံလောက်တော့ဘဲ ၎င်းတို့သည် အလုပ်လုပ်ဆောင်မှု ရပ်တန့်သွားနိုင်ပါသည်။
သွေးဆိပ်တက်ခြင်း၏ ရောဂါလက္ခဏာများ
သွေးဆိပ်တက်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ
သွေးဆိပ်တက်ခြင်းသည် ရောဂါပိုးဝင်ခြင်းဖြင့် စတင်ပါသည်။ မည်သည့် ရောဂါပိုးဝင်ခြင်းအမျိုးအစားမဆိုသည် သွေးဆိပ်တက်ခြင်းကို ဖြစ်စေနိုင်သော်လည်း ဘက်တီးရီးယားပိုးဝင်ခြင်းများသည် အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးများ, မှိုများ၊ သို့မဟုတ် ကပ်ပါးကောင်များ သည်လည်း သွေးဆိပ်တက်ခြင်းကို ဖြစ်စေနိုင်သည့် ရောဂါပိုးဝင်ခြင်းများကို ဖြစ်စေနိုင်ပါသည်။
အချို့ကလေးများသည် ရောဂါပိုးဝင်ပြီးနောက် သွေးဆိပ်တက်ခြင်းဖြစ်နိုင်ခြေ ပိုမြင့်မားပါသည်။ သွေးဆိပ်တက်ခြင်းဖြစ်နိုင်ခြေ မြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
သွေးဆိပ်တက်ခြင်းကို ရောဂါရှာဖွေဖော်ထုတ်ခြင်း
သွေးဆိပ်တက်ခြင်းကို ကုသမှု
အကယ်၍ သင်သည် သွေးဆိပ်တက်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများကို သတိပြုမိပါက ဆေးကုသမှု ချက်ချင်းခံယူပါ။ သွေးဆိပ်တက်ခြင်းသည် မကြာခဏ ဆေးရုံတွင် အရေးပေါ်ကုသမှု လိုအပ်သော ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါသည်။
ကုသမှုသည် ရောဂါပိုးဝင်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းနှင့် သွေးဆိပ်တက်ခြင်းသည် သင့်ကလေး၏ခန္ဓာကိုယ်အား မည်သို့အကျိုးသက်ရောက်မှုရှိသည်ဆိုသည့်ပေါ်တွင် မူတည်ပါသည်။ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် ရောဂါပိုးဝင်ခြင်းကို ကုသရန်နှင့် အရေးကြီးသည့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန်အတွက် လျင်မြန်စွာ လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။
ရောဂါပိုးဝင်ခြင်းကို ကုသရန်အတွက် ဆေးဝါးများ
သွေးဆိပ်တက်ခြင်းသည် ဘက်တီးရီးယားပိုးဝင်ပြီးနောက်တွင် အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။ ပဋိဇီဝပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော ရောဂါပိုးဝင်ခြင်းများကို ကုသပေးပါသည်။ ဆရာဝန်များမှ မည်သည့်ရောဂါပိုးမွှားသည် ရောဂါပိုးဝင်ခြင်းအား ဖြစ်စေသည်ကို သိသည်အထိ သင့်ကလေးသည် ပဋိဇီဝပိုးသတ်ဆေးများကို ပုံမှန်အားဖြင့် သောက်သုံးရမည် ဖြစ်ပါသည်။ အကယ်၍ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပါက သင့်ကလေးသည် ပဋိဇီဝပိုးသတ်ဆေးအား မည်မျှကြာကြာ သောက်သုံးရမည်ကို ဆရာဝန်မှ ပြောပြပါလိမ့်မည်။ အခြားပိုးမွှားတစ်ခုခုကြောင့် ဖြစ်သည်ဟု သံသယရှိပါက သင့်ကလေးသည် ရောဂါပိုးဝင်ခြင်းကိုကုသရန် အခြားဆေးဝါးတစ်မျိုးကို ရရှိနိုင်ပါသည်။
ပံ့ပိုးပြုစုစောင့်ရှောက်မှုနှင့် စောင့်ကြည့်ခြင်း
သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးကို အနီးကပ်စောင့်ကြည့်၍ ရောဂါပိုးဝင်ခြင်းကို ကုသနေစဉ်အတွင်း အထောက်အပံ့ပေးသည့် ပြုစုစောင့်ရှောက်မှုကို ပံ့ပိုးပေးပါလိမ့်မည်။ သွေးဆိပ်တက်ခြင်းအတွက် ပြုစုစောင့်ရှောက်မှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- သွေးပေါင်ချိန်ကို ထိန်းရန်နှင့် တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေရန်အတွက် IV မှတစ်ဆင့် အရည်များထည့်သွင်းခြင်း
- ဖျားနာခြင်းကို ကုသရန်အတွက် အဆီတာမီနိုဖင် (Acetaminophen) (Tylenol®) ကဲ့သို့သော ဆေးဝါးများ
- အသက်ရှူရာတွင် အထောက်အကူဖြစ်စေရန်အတွက် မျက်နှာဖုံး သို့မဟုတ် နှာခေါင်းတွင်သို့ ထည့်ထားသော ပြွန်ငယ်များမှတစ်ဆင့် အောက်ဆီဂျင်ပေးခြင်း
- နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်းနှင့် အောက်ဆီဂျင်ပမာဏများကို စောင့်ကြည့်ခြင်း
သွေးဆိပ်တက်ခြင်းကို မည်သို့ကာကွယ်ရမည်နည်း
သွေးဆိပ်တက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ရောဂါပိုးဝင်ခြင်းများကို ကာကွယ်၍ စောစီးစွာ ကုသရန် ဖြစ်ပါသည်။ ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန်နှင့် သွေးဆိပ်တက်ခြင်းဖြစ်နိုင်ချေကို လျှော့ချရန်အတွက်-
- ဆပ်ပြာနှင့် ရေကို အသုံးပြု၍လက်ကို မကြာခဏ ဆေးကြောပါ ။
- အိမ်သုံးပစ္စည်းမျက်နှာပြင်များကို သန့်စင်ပြီး ပိုးသတ်ပါ။
- သင့်ကလေးကို နေ့စဉ် ရေချိုးပေးပါ။
- သင့်ကလေး သွားတိုက်ရာတွင် ကူညီပေးပြီး ခံတွင်းစောင့်ရှောက်မှု လုပ်ရိုးလုပ်စဉ်များကို လိုက်နာဆောင်ရွက်ပါ။
- သင့်ကလေးအား သင့်ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားသည့်အတိုင်း နှာခေါင်းစည်းတပ်ခိုင်းပါ။
- လူစုလူဝေးနှင့် နေမကောင်းသူများကို ရှောင်ပါ။
- အကြံပြုထားသည့် ကာကွယ်ဆေးများကို ဆက်လက်၍ အမြဲထိုးနှံပါ။
- သင်၏စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်း ဒဏ်ရာများကို ပြုစုစောင့်ရှောက်ပါ ။
- စိုစွတ်နေသည့် သို့မဟုတ် ညစ်ပတ်နေသော ဆေးပတ်တီးများ (ပတ်တီးများ) ကို အမြန်ဆုံးလဲလှယ်ပါ။
- ဗဟိုသွေးပြန်ကြောပိုက်များနှင့် ဆီးပိုက်များကဲ့သို့သော ကိရိယာများအား ဂရုစိုက်နည်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
- ရောဂါပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများနှင့် လက္ခဏာစုများ ကို သိရှိ၍ ၎င်းတို့ဖြစ်ပွားပါက သင်၏စောင့်ရှောက်မှုအဖွဲ့သို့ ဆက်သွယ်ပါ။
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ
နောက်ထပ်သတင်းအချက်အလက်များ ရှာဖွေပါ