ပိုင်နိုဘလက်စတိုမား
အခြားအမည်များ- ပိုင်နီရယ်ဂလင်း အကျိတ်၊ ပိုင်နိုဘလက်စတိုမား
ပိုင်နိုဘလက်စတိုမားဆိုတာ ဘာလဲ။
ပိုင်နိုဘလက်စတိုမားသည် ကလေးများနှင့် လူငယ်များတွင် ဖြစ်ပွားနိုင်သော ရှားပါး ဦးနှောက်အကျိတ်တစ်မျိုးဖြစ်သည်။ ဤအကျိတ်သည် ဦးနှောက်၏ အတွင်းပိုင်းတွင် တွေ့ရှိရသည့် သေးငယ်သော ဖွဲ့စည်းပုံတစ်ခုဖြစ်သည့် ပိုင်နီရယ်ဂလင်းတွင် စတင်သည်။
ပိုင်နီရယ်ဂလင်းတွင် တွေ့ရှိရသော အကျိတ်အားလုံး၏ 30% ခန့် (10 ယောက်တွင် 3 ယောက်) သည် ပိုင်နိုဘလက်စတိုမား များဖြစ်သည်။ ၎င်းတို့၏ တည်နေရာကြောင့် ဤအကျိတ်များကို ကုသရန်ခက်ခဲနိုင်သည်။ ပိုင်နိုဘလက်စတိုမား အကျိတ်များသည် ကလေးသူငယ် ဦးနှောက်အကျိတ်များ၏ 1% အောက်သာရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ် ပိုင်နိုဘလက်စတိုမား အတွက် 5 နှစ်ကြာ အသက်ရှင်နိုင်ခြေမှာ အမျိုးအစားပေါ် မူတည်၍ 67–85% အထိ ရှိသည်။
ပိုင်နီရယ်ဂလင်းသည် အိပ်စက်ခြင်းကိုထိန်းချုပ်ပေးတဲ့ မယ်လတိုနင်ဟော်မုန်းကို ထုတ်လွှတ်ပေးသည်။ မယ်လတိုနင်သည် ဦးနှောက်အောက်ခံဂလင်းမှ သားဥအိမ်လှုံ့ဆော်ဟော်မုန်း (LH) နှင့် သားအိမ်မွေးညင်းပေါက်လှုံ့ဆော်ဟော်မုန်း (FSH) ကဲ့သို့သော မျိုးပွားဟော်မုန်းများ ထုတ်လွှတ်မှုကိုလည်း ထိန်းချုပ်ရန် ကူညီပေးသည်။ ဤဟော်မုန်းများသည် မျိုးအောင်ခြင်းနှင့် မျိုးပွားကျန်းမာရေးအတွက် အရေးကြီးပါသည်။ ပိုင်နိုဘလက်စတိုမား အတွက် ကုသမှုအချို့သည် မျိုးအောင်နိုင်မှုကို ထိခိုက်နိုင်သည်။
ပိုင်နိုဘလက်စတိုမား ၏ ရောဂါလက္ခဏာများ
ပိုင်နိုဘလက်စတိုမား ၏ ရောဂါလက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် ဦးနှောက်၏ အခြားနေရာများသို့ ရောဂါပျံ့နှံ့နေခြင်း ရှိ၊ မရှိ ပေါ် မူတည်သည်။ မကြာခဏဆိုသလို၊ တိုးပွားလာသော အကျိတ်သည် ဦးနှောက်နှင့် ကျောရိုးတစ်လျှောက်ရှိ ဦးနှောက်နှင့် ကျောရိုးအရည် (Cerebrospinal fluid) ဦးနှောက်အတွင်းတွင် အရည်များ စုပုံလာစေပြီး ဖိအားကို တိုးပွားစေပါသည်။ ၎င်းကို ဦးနှောက်အတွင်း အရည်စုပုံလာခြင်း ဟု ခေါ်ဆိုသည်။ တိုးလာသော ဖိအားသည် ပိုင်နီရယ်အကျိတ်များ နှင့်အတူ ဖြစ်ပေါ်လေ့ရှိသည့် ရောဂါလက္ခဏာအချို့ကို ဖြစ်စေနိုင်သည်။
ပိုင်နိုဘလက်စတိုမား ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်−
- မျက်လုံးသူငယ်အိမ်များသည် ပုံမှန်ထက်ကြီးခြင်း သို့မဟုတ် အရွယ်အစားကွဲပြားခြင်း
- မျက်လုံးလှုပ်ရှားမှုများတွင် ပြောင်းလဲမှုများ၊ အထူးသဖြင့် ပေါ်ဘက်ကို မော့ကြည့်ရခက်ခဲသည့် ပြဿနာများ
- ခေါင်းကိုက်ခြင်း
- ရေဓာတ်ခန်းခြောက်ခြင်း
- ပုံမှန်ထက် ရေငတ်ခြင်း
- ရုတ်တရက် အိပ်ရာထဲတွင် ဆီးသွားခြင်း
- ညဘက်တွင် မကြာခဏ ဆီးသွားခြင်း
- ပျို့အန်ချင်လာခြင်းနှင့် အန်ခြင်း
- စွမ်းအင်အဆင့် ပြောင်းလဲမှုများ
- မောပန်းနေခြင်း
- ထိန်းညှိလုပ်ဆောင်မှု၊ ဟန်ချက် သို့မဟုတ် လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြဿနာများ
- ခန္ဓာကိုယ် 1 ခြမ်း အားနည်းခြင်း
- တက်ခြင်း (Seizures)
- အမူအကျင့် ပြောင်းလဲခြင်းများ
- ကြီးထွားမှုနှုန်း နှေးကွေးခြင်း
ပိုင်နိုဘလက်စတိုမား ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများ
မကြာခဏဆိုသလို၊ ပိုင်နိုဘလက်စတိုမား ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆရာဝန်များက အတိအကျ မသိရှိကြပါ။ သို့သော်လည်း ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အချက်အချို့တော့ ရှိပါသည်။ ပိုင်နိုဘလက်စတိုမားသည် အောက်ပါတို့ဖြစ်နိုင်သည်-
လိုအပ်ပါက သင့်ကလေး၏ ပြုစုစောင့်ရှောက်မှုအဖွဲ့သည် သင့်မိသားစုအား မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။
ပိုင်နိုဘလက်စတိုမား ရောဂါရှာဖွေခြင်း
ပိုင်နိုဘလက်စတိုမား ရောဂါရှာဖွေရန် စစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်သည်-
- ရောဂါလက္ခဏာများ၊ ယေဘုယျကျန်းမာရေးအခြေအနေ၊ ယခင်ကဖြစ်ပွားခဲ့ဖူးသော ရောဂါများနှင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများကို သိရှိနိုင်ရန်အတွက် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါရာဇဝင် ကို မေးမြန်းခြင်း။
- ဦးနှောက်လုပ်ဆောင်ချက်ကို အကဲဖြတ်ရန် အာရုံကြောဆိုင်ရာ စစ်ဆေးမှု။ ယင်းစစ်ဆေးမှုတွင် မှတ်ဉာဏ်၊ အမြင်အာရုံ၊ အကြားအာရုံ၊ ကြွက်သားသန်စွမ်းမှု၊ ဟန်ချက်ညီမှု၊ လှုပ်ရှားမှု ညှိနှိုင်းနိုင်မှု၊ တုံ့ပြန်မှုများတို့ ပါဝင်သည်။
- အကျိတ်ကို ရှာဖွေဖော်ထုတ်ရန်၊ ၎င်း၏ အရွယ်အစားနှင့် တည်နေရာကို သိရှိရန်အတွက်ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း။ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) သည် အဓိကအသုံးပြုသည့် ပုံရိပ်ဖော်စစ်ဆေးမှု ဖြစ်ပါသည်။
- ခါးဆစ်မှတစ်ဆင့် ကျောရိုးဆစ်အတွင်းရှိ အရည်ကို စုပ်ယူစစ်ဆေးခြင်း သည် ဦးနှောက်နှင့် ကျောရိုးမကြီးအတွင်း လည်ပတ်နေသော အရည် (CSF) ထဲတွင် ကင်ဆာဆဲလ်များ ရှိ၊ မရှိ စစ်ဆေးရန် ဖြစ်သည်။
- အကျိတ် (Tumor) မှ နမူနာတစ်ခု ထုတ်ယူရန် အသားစနမူနာယူ စစ်ဆေးခြင်း (Biopsy) ရောဂါဗေဒအထူးကု (Pathologist) သည် အဆိုပါ နမူနာကို အဏုကြည့်မှန်ပြောင်း (Microscope) အောက်တွင် စစ်ဆေးပြီး အကျိတ်အမျိုးအစားကို သတ်မှတ်ပေးသည်။
- သွေးစစ်ဆေးခြင်းများဖြစ်သည့် သွေးဆဲလ် အပြည့်အစုံစစ်ဆေးခြင်း သို့မဟုတ် အကျိတ်အမှတ်အသားများ (အချို့သော အကျိတ်များမှ ထုတ်လွှတ်သည့် ဒြပ်ပစ္စည်းများ) ကို ရှာဖွေရန်အတွက် သွေးလေ့လာခြင်းများ ပြုလုပ်သည်။
- ရောဂါရှာဖွေရန်နှင့် ကုသမှုများကို စီစဉ်ရန် အကျိတ်၏ မော်လီကျူး သို့မဟုတ် မျိုးရိုးဗီဇစစ်ဆေးမှု။
ပိုင်နိုဘလက်စတိုမား အမျိုးအစားများ
အကျိတ်ကိုဖြစ်စေသော မျိုးရိုးဗီဇပြောင်းလဲမှုများ (မျိုးရိုးဗီဇပြောင်းလဲမှုများ) ပေါ်အခြေခံ၍ ပိုင်နိုဘလက်စတိုမား အမျိုးအစားများစွာရှိသည်။ သင့်ကလေး၏ အကျိတ်သည် တိကျသော ရောဂါရှာဖွေခြင်း နှင့် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ရန်အတွက် မော်လီကျူးစစ်ဆေးမှု လိုအပ်ပါသည်။
ကလေးသူငယ်များရှိ ပိုင်နိုဘလက်စတိုမား အမျိုးအစားများတွင် အောက်ပါတို့ပါဝင်သည်-
- ပိုင်နိုဘလက်စတိုမား-miRNA1
- ပိုင်နိုဘလက်စတိုမား-miRNA2
- ပိုင်နိုဘလက်စတိုမား၊ FOXR2 ကို အသက်သွင်းခြင်း
- ပိုင်နိုဘလက်စတိုမား၊ RB1 ကို အသက်သွင်းခြင်း
ပိုင်နိုဘလက်စတိုမား ၏ အဆင့်များ-
ဤကင်ဆာရောဂါ (Cancer)သည် များသောအားဖြင့် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီး (ဗဟိုအာရုံကြောစနစ်) တွင် ရှိနေတတ်သည်။ 10-20% သောကိစ္စရပ်များတွင် ပိုင်နိုဘလက်စတိုမား သည် ဦးနှောက်အရည်ကြည် မှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။
ပိုင်နိုဘလက်စတိုမား ကို ကင်ဆာပျံ့နှံ့မှုသို့မဟုတ် ရောဂါပျံ့နှံ့မှု အလိုက် အမျိုးအစားခွဲခြားထားသည်-
- M0- အကျိတ်သည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သည့်လက္ခဏာမပြဘဲ 1 နေရာတည်းတွင်ရှိသည်။
- M1- အကျိတ်ဆဲလ်များသည် ဦးနှောက်နှင့် ကျောရိုးမကြီးအတွင်း လည်ပတ်နေသော အရည် (CSF) သို့ ပျံ့နှံ့သွားပါသည်။
- M2- အကျိတ်သည် ဦးနှောက်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပါသည်။
- M3- အကျိတ်သည် ကျောရိုးမကြီးသို့ ပျံ့နှံ့သွားသည်။
- M4- အကျိတ်သည် ဗဟိုအာရုံကြောစနစ် (Central Nervous System) (CNS) ပြင်ပသို့ ပျံ့နှံ့သွားသည်။
ပိုင်နီရယ်ဂလင်း အကျိတ်များကို အဏုကြည့်မှန်ဘီလူးအောက်တွင် မြင်တွေ့ရပုံ၊ ခန္ဓာကိုယ်အတွင်း မည်မျှမြန်ဆန်စွာ ကြီးထွားနိုင်ပြီး ပျံ့နှံ့နိုင်သည်ဆိုသော အချက်များပေါ် မူတည်၍လည်း အမျိုးအစားခွဲခြားထားပါသည်။ အကျိတ်ဆဲလ်များ ပုံမှန်မဟုတ်လေ အကျိတ်အဆင့်မှာ ပိုမိုမြင့်မားလေဖြစ်သည်။ ပိုင်နိုဘလက်စတိုမားများသည် အဆင့်မြင့် (အဆင့် 4) အကျိတ်များဖြစ်ကြသည်။
ပိုင်နိုဘလက်စတိုမား အတွက် ကုသမှု
ပိုင်နိုဘလက်စတိုမား အတွက် ကုသမှုသည် အောက်ပါတို့ပေါ် မူတည်သည်-
- ပိုင်နိုဘလက်စတိုမား အမျိုးအစား
- လူနာ၏ အသက်အရွယ်နှင့် ရောဂါရှာဖွေတွေ့ရှိချိန်တွင် ကျန်းမာရေး
- ကင်ဆာရောဂါ (Cancer) ပျံ့နှံ့သွားပါက
- အကယ်၍ အကျိတ်ကို ခွဲစိတ်၍ ဖယ်ရှားနိုင်ပါက
- အကယ်၍ လူနာသည် ဓာတ်ရောင်ခြည်ကုထုံး ခံယူနိုင်သည့် အသက်အရွယ် ရောက်ရှိနေပါက
- ရရှိနိုင်သော ကုသမှုနည်းလမ်းများ
ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
ဆရာဝန်သည် ရရှိနိုင်သော ကုသမှုရွေးချယ်စရာများကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။
-
ခွဲစိတ်ကုသခြင်း ၏ ရည်ရွယ်ချက်မှာ အကျိတ်ကို တတ်နိုင်သမျှ ခွဲစိတ်ဖယ်ရှားရန်ဖြစ်သည်။ သို့သော် အကျိတ်ကို အကြွင်းမဲ့ ဖယ်ရှားရန်မှာ အမြဲတမ်း မဖြစ်နိုင်ပါ။ ပိုင်နိုဘလက်စတိုမား အတွက် ခွဲစိတ်မှုသည် အကျိတ်၏ တည်နေရာနှင့် အနီးအနားရှိ သွေးကြောများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ခက်ခဲနိုင်သည်။ ပြုစုစောင့်ရှောက်မှုအဖွဲ့သည် အသားစစစ်ဆေးခြင်း ပြုလုပ်ရန် သို့မဟုတ် အကျိတ်၏ အစိတ်အပိုင်းတစ်ခုကိုသာ ဖယ်ရှားရန် ဆုံးဖြတ်နိုင်သည်။ အချို့ကိစ္စများတွင် ခွဲစိတ်မှုမပြုမီ အကျိတ်ကို ကျုံ့စေရန် ဓာတုကုထုံးကို အသုံးပြုနိုင်ပါသည်။
ပိုင်နိုဘလက်စတိုမားရှိသော လူနာအချို့သည် ဦးနှောက်အတွင်း အရည်စုပုံလာခြင်းမှ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် ခွဲစိတ်ကုသမှု ခံယူနိုင်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ဦးနှောက်အတွင်းရှိ တတိယမြောက် အခေါင်းပေါက်ငယ်တွင် အပေါက်ငယ်တစ်ခု ဖောက်ပေးပါမည်။ ဤအပေါက်သည် ဦးနှောက်အရည်ကြည်ကို ပိုမိုလွတ်လပ်စွာ စီးဆင်းစေရန် ကူညီပေးပြီး စုပုံလာခြင်းနှင့် အန္တရာယ်ဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။ အခြားကိစ္စများတွင် ဆရာဝန်များသည် ဦးနှောက်နှင့် ကျောရိုးမကြီးအတွင်း လည်ပတ်နေသော အရည်ကို ထုတ်ယူသည့် ပြွန်ငယ်တစ်ခုဖြစ်သည့် အရည်စီးဆင်းစေသည့် ပြွန်ငယ်တပ်ဆင်နိုင်သည်။ အရည်စီးဆင်းစေသည့် ပြွန်ငယ်ကို ယာယီထည့်ထားနိုင်သလို အပြီးလည်းထည့်ထားရနိုင်ပါသည်။
-
ဓာတ်ရောင်ခြည်ကုထုံး ကို ခွဲစိတ်ကုသမှုနှင့်အတူ တွဲဖက်၍ အသုံးပြုလေ့ရှိသည်။ ဓာတ်ရောင်ခြည်ကုထုံး၏ ပမာဏနှင့် အကြိမ်အရေအတွက်သည် အောက်ပါအချက်များပေါ် မူတည်ပါသည်-
- သင့်ကလေး၏ အသက်အရွယ်
- အကျိတ် အမျိုးအစား
- အကယ်၍ ရောဂါပျံ့နှံ့သွားပါက
ကလေးငယ်များတွင် ဓာတ်ရောင်ခြည်ကုထုံးကို အသုံးမပြုပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရေရှည်ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြေကို မြင့်တက်စေသောကြောင့် ဖြစ်သည်။ အသက် 3 နှစ်အထက် လူနာများတွင် ဓာတ်ရောင်ခြည်ကို အာရုံကြောစနစ်တစ်ခုလုံးသို့ ပေးလေ့ရှိသည် (ဦးခေါင်းနှင့်ကျောရိုး ရောင်ခြည်ကုထုံး)။ အကျိတ်မူလတည်နေရာတွင် ပိုမိုမြင့်မားသော ဓာတ်ရောင်ခြည်ပမာဏကို ပေးပါသည်။
ဓာတ်ရောင်ခြည် ဘေးကင်းရေးအကြောင်း ပိုမိုလေ့လာပါ။
-
ဓာတုကုထုံး ကို ပုံမှန်အားဖြင့် ဓာတ်ရောင်ခြည်ကုထုံး၊ ခွဲစိတ်ကုသခြင်းတို့နှင့်အတူ တွဲဖက်၍ အသုံးပြုလေ့ရှိသည်။
- ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်များသည် အကျိတ်ကို ကျုံ့သွားစေရန် ဓာတုကုထုံးကို အသုံးပြုလေ့ရှိသဖြင့် ဖယ်ရှားရလွယ်ကူစေပါသည်။
- ခွဲစိတ်မှုပြီးနောက် ဓာတုကုထုံးသည် ကျန်ရှိနေသော ကင်ဆာရောဂါဆဲလ်များကို ဖျက်ဆီးပစ်နိုင်သည်။
- ကလေးငယ်များတွင်မူ ဓာတ်ရောင်ခြည်ကုထုံးကို ဘေးကင်းစွာ ခံယူနိုင်သည့် အသက်အရွယ်သို့ ရောက်ရှိသည်အထိ ကင်ဆာကြီးထွားမှုကို နှေးကွေးစေရန်အတွက် ဓာတုကုထုံးကို အသုံးပြုနိုင်ပါသည်။
ပိုင်နိုဘလက်စတိုမားကို ကုသရန် ဓာတုကုထုံး ဆေးဝါးအမျိုးမျိုးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါသည်။ အသုံးများသောကုသမှုများမှာ ဗင်ခရစ္စတင်း (Vincristine)၊ ဆိုက်ကလိုဖော့ဖမိုက် (Cyclophosphamide) နှင့် စစ်စပလတ်တင် (Cisplatin)တို့ဖြစ်သည်။ သင့်ကလေး၏ ပြုစုစောင့်ရှောက်မှုအဖွဲ့သည် အခြား ဓာတုကုထုံးများကို အသုံးပြုနိုင်ပါသည်။
ပိုင်နိုဘလက်စတိုမား အတွက် ရောဂါခန့်မှန်းချက်သည်
ထို ရောဂါအခြေအနေ ခန့်မှန်းချက် (Prognosis) အကြောင်းအရင်းများစွာ ပေါ် မူတည်ပါသည်။ အမေရိကန်နိုင်ငံတွင် ကလေးသူငယ်များ၌ ဖြစ်ပွားသော ပိုင်နိုဘလက်စတိုမား၏ 5 နှစ်အတွင်း အသက်ရှင်နိုင်ခြေနှုန်းသည် 67–85% အထိ ရှိပြီး၊ ၎င်းသည် ရောဂါအမျိုးအစား၊ ကလေး၏ အသက်အရွယ်နှင့် ရရှိခဲ့သော ကုသမှုများပေါ်တွင် မူတည်ပါသည်။
သင့်ကလေး၏ ကုသရေးအဖွဲ့သည် သင့်ကလေး၏ အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များကို မေးမြန်းရန် အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။
ပျောက်ကင်းနိုင်ခြေကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းများတွင် အောက်ပါတို့ ပါဝင်သည်-
- ပိုင်နိုဘလက်စတိုမား အမျိုးအစား
- ရောဂါရှာဖွေ အတည်ပြုချိန်ရှိ အသက်အရွယ်
- အကယ်၍ ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားပါက။
- အကယ်၍ အကျိတ်ကို ခွဲစိတ်၍ ဖယ်ရှားနိုင်ပါက
- အကယ်၍ လူနာသည် ဓာတ်ရောင်ခြည်ကုထုံးခံယူရန် အသက်ပြည့်ပါက
- အကျိတ်ကို အသစ်တွေ့ရှိခြင်း သို့မဟုတ် ပြန်လည်ဖြစ်ပွားခြင်း (ထပ်တလဲလဲ) ဖြစ်ပါက။
အကျိတ်ကို အောင်မြင်စွာဖယ်ရှားခြင်းနှင့် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုသည် ပိုင်နိုဘလက်စတိုမား ရှိသော ကလေးများအတွက် ပိုမိုကောင်းမွန်သော ရလဒ်များနှင့် ဆက်စပ်နေပါသည်။
ပိုင်နိုဘလက်စတိုမားရှိသော လူနာများအတွက် ပံ့ပိုးမှု
ကင်ဆာရောဂါ (Cancer) ရှာဖွေခြင်းနှင့် ကုသမှုကို ရင်ဆိုင်ဖြေရှင်းခြင်းသည် သင်နှင့် သင့်မိသားစုအတွက် စိတ်ဖိစီးမှုဖြစ်စေနိုင်သည်။ သင်သည် လူမှုဝန်ထမ်း၊ စိတ်ပညာရှင်၊ သို့မဟုတ် အခြား စိတ်ကျန်းမာရေးအထူးကုတစ်ဦးနှင့် ဆွေးနွေးလိုပေမည်။
ကုသမှုပြီးနောက် သင့်ကလေး၏ ဆရာဝန်သည် ရောဂါပြန်လည်ဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်ရန် ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests) နှင့် ကျန်းမာရေးစစ်ဆေးမှုများကို အသုံးပြုနိုင်သည်။ သင့်ကလေးသည် အာရုံကြောဆိုင်ရာ၊ သိမြင်မှုဆိုင်ရာ နှင့် အတွင်းပိုင်းဂလင်း ပြဿနာများအတွက်လည်း ကုသမှု လိုအပ်နိုင်ပါသည်။
အချို့သော ကုသမှုများသည် နောက်မှဖြစ်သော ဆိုးကျိုးများဖြစ်စေနိုင်သည်။ ဤ ကျန်းမာရေး ပြဿနာများသည် ကုသမှုပြီးဆုံးပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက် ဖြစ်ပွားလေ့ရှိသည်။ ပိုင်နီရယ်ဂလင်းကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရသော လူနာများသည် ရေရှည် အတွင်းပိုင်းဂလင်းဆိုင်ရာ ပြဿနာများ၊ ဥပမာအားဖြင့် ပီတွီတာရီဂလင်း၏ လုပ်ဆောင်ချက် လျော့နည်းခြင်း ဖြစ်ပေါ်နိုင်ခြေရှိပါသည်။ အတွင်းပိုင်းဂလင်းများသည် ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ထိန်းချုပ်သော ဟော်မုန်းများကို ထုတ်လုပ်သည်။ ၎င်းသည် အောက်ပါ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်-
ဟော်မုန်းအဆင့်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းသည် အရေးကြီးပါသည်။ လူနာများသည် ခန္ဓာကိုယ်မှ လိုအပ်သည်များကို မထုတ်လုပ်နိုင်သည့်အခါ ပျောက်ဆုံးနေသော သဘာဝဟော်မုန်းများကို အစားထိုးရန် ဟော်မုန်းအစားထိုးခြင်း အပါအဝင် ဆေးဝါးများ လိုအပ်နိုင်ပါသည်။
ကုသမှု ပြီးဆုံးပြီးနောက်၊ အောက်ပါအချက်များကို လိုက်နာရန် အရေးကြီးသည်-
- အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးသူထံတွင် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများနှင့် ရောဂါရှာဖွေစစ်ဆေးမှုများ ခံယူပါ
- ကိုယ်လက်လှုပ်ရှားခြင်းနှင့် ကျန်းမာညီညွတ်စွာ စားသုံးခြင်း အပါအဝင်၊ ကျန်းမာသော အလေ့အထများကို ထိန်းသိမ်းပါ
- ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနှင့် မျှဝေနိုင်ရန် ကင်ဆာရှင်သန်ကျန်ရစ်သူ စောင့်ရှောက်မှုအစီအစဉ် (survivorship care plan) ကို ထားရှိပါ။ ဤအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်သင့်သည်-
- ကျန်းမာရေးစစ်ဆေးမှုများ (Health screenings) ဆိုင်ရာ လမ်းညွှန်ချက်များ
- ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားစေသော အကြောင်းရင်းများ
- ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် နည်းလမ်းများ
ကလေးဘဝ ကင်ဆာရှင်သန်ကျန်ရစ်သူများသည် ဘဝတစ်လျှောက်လုံး နောက်ဆက်တွဲ စောင့်ရှောက်မှုကို ခံယူသင့်သည်။
သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ
- ကျွန်ုပ်ကလေးတွင် မည်သည့် ပိုင်နိုဘလက်စတိုမား အမျိုးအစားရှိသနည်း။
- အကျိတ်သည် မည်သည့်နေရာတွင် တည်ရှိပြီး မည်သည့် ဦးနှောက်ဖွဲ့စည်းပုံများ ထိခိုက်မှုရှိသနည်း။
- ကျွန်ုပ်ကလေး၏ ပိုင်နိုဘလက်စတိုမား အတွက် ကုသမှုရွေးချယ်စရာများက ဘာလဲ။
- ကုသမှုတစ်မျိုးချင်းစီ၏ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများသည် အဘယ်နည်း။
- ကျွန်ုပ်၏ကလေးသည် မည်သည့် စောင့်ကြည့်ကုသမှုနှင့် နောက်ဆက်တွဲ ပြသရမည့် ကုသမှုများကို လိုအပ်သလဲ။
ပိုင်နိုဘလက်စတိုမား နှင့်ပတ်သတ်သော အဓိကအချက်များ
- ပိုင်နိုဘလက်စတိုမား သည် ဦးနှောက်အတွင်း နက်ရှိုင်းစွာတည်ရှိသော အတွင်းပိုင်းဂလင်း၏ ရှားပါးဦးနှောက်အကျိတ်တစ်ခု ဖြစ်သည်။
- ဤအကျိတ်များသည် ၎င်းတို့၏ တည်နေရာကြောင့် ကုသရန်ခက်ခဲနိုင်သည်။
- ပိုင်နိုဘလက်စတိုမား ရောဂါရှာဖွေရန်အတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊ အသားစစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းများ၊ အာရုံကြောဆိုင်ရာစစ်ဆေးခြင်း၊ ခါးရိုးဖောက်ခြင်း၊ သွေးစစ်ဆေးခြင်းများနှင့် မျိုးရိုးဗီဇစစ်ဆေးခြင်းများ လိုအပ်နိုင်သည်။
- ကုသမှုသည် အကျိတ် ပေါ်မူတည်သော်လည်း ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးတို့ ပါဝင်နိုင်သည်။
- ရောဂါခန့်မှန်းချက်သည် ပိုင်နိုဘလက်စတိုမား အမျိုးအစား၊ ကလေး၏အသက်၊ ရောဂါပျံ့နှံ့မှု ရှိ၊ မရှိနှင့် ပေးအပ်ခဲ့သော ကုသမှုအမျိုးအစားများ ကဲ့သို့သော အကြောင်းအရင်းများပေါ်တွင် မူတည်သည်။
—
ပြန်လည်စစ်ဆေးထားသည်- အောက်တိုဘာလ 2025 ခုနှစ်
-
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များ
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များသည် ကင်ဆာမဟုတ်သော (benign) သို့မဟုတ် ကင်ဆာဖြစ်သော (malignant) အကျိတ်များ ဖြစ်နိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင်ဖြစ်တဲ့ ဦးနှောက် အကျိတ် ရောဂါလက္ခဏာများ၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုအကြောင်း နောက်ထပ် လေ့လာပါ။
-
ကင်ဆာကုသမှု၏ ရေရှည်နှင့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ
ကင်ဆာရောဂါပျောက်ကင်းသွားစေသည့် ကုထုံးများသည်လည်း ရေရှည်နှင့် နောင်တွင်ဖြစ်ပေါ်မည့် အချို့သောဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ မည်သည့်ကုထုံးများသည် နောင်တွင်ဖြစ်ပေါ်မည့် အချို့သောဆိုးကျိုးများနှင့် ဆက်နွယ်နေကြောင်းကို လေ့လာကြည့်ပါ။
-
မက်ဒူလိုဘလက်စတိုမာ (Medulloblastoma)
မက်ဒူလိုဘလက်စတိုမာ (Medulloblastoma) သည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်အများဆုံး ကင်ဆာဆန်သော ဦးနှောက်အကျိတ်များ (Malignant brain tumors) အနက်မှ တစ်မျိုး ဖြစ်သည်။ မက်ဒူလိုဘလက်စတိုမာ (Medulloblastoma) ၏ ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေစစ်ဆေးခြင်း (Diagnosis) နှင့် ကုသမှုအကြောင်း ပိုမိုလေ့လာပါ။