အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အရိုးကင်ဆာ (Osteosarcoma)

အရိုးကင်ဆာ (Osteosarcoma) ဆိုတာ ဘာလဲ။

အရိုးကင်ဆာ (Osteosarcoma) သည် ကလေးများနှင့် လူငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အရိုးကင်ဆာ တစ်မျိုးဖြစ်သည်။ ၎င်းသည် ကလေးသူငယ်အရိုးအကျိတ်များတွင် အဖြစ်အများဆုံးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ကလေးများနှင့် ဆယ်ကျော်သက် 400 ခန့်တွင် နှစ်စဉ် အရိုးကင်ဆာ (Osteosarcoma)တွေ့ရှိရသည်။

အရိုးကင်ဆာ (Osteosarcoma) သည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သည်။ သို့သော် ၎င်းသည် ခြေထောက် သို့မဟုတ် လက်မောင်း၏ အရိုးရှည်များ၏ ကျယ်ပြန့်သောအစွန်းများတွင် ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းသည် အရိုးတစ်သျှူးအသစ်များကို ဖြစ်ပေါ်စေသည့် ရင့်ကျက်မှုမရှိသေးသော အရိုးဆဲလ်များမှ အများဆုံး စတင်ဖြစ်ပွားတတ်သည်။

အရိုးကင်ဆာ (Osteosarcoma) အများဆုံး စတင်ဖြစ်ပွားတတ်သည့် နေရာများမှာ-

  • ဒူးနားရှိ ပေါင်ရိုးအောက်ပိုင်း
  • ခြေသလုံးအပေါ်ပိုင်း
  • ပခုံးနားရှိ လက်မောင်းအပေါ်ပိုင်း

အရိုးပြားများဖြစ်သည့် တင်ပါးဆုံနှင့် ဦးခေါင်းခွံတို့၌ တစ်ခါတစ်ရံဖြစ်ပွားသော်လည်း မကြာခဏ ဖြစ်ပွားလေ့မရှိပါ။

ရှားပါးဖြစ်စဉ်များတွင် အရိုးကင်ဆာ (Osteosarcoma) ကို အရိုး၌မတွေ့ရဘဲ တစ်ရှူးပျော့များတွင် တွေ့ရတတ်သည်။

အရိုးကင်ဆာ (Osteosarcoma) များသည် အရိုးအတွင်းပိုင်း သို့မဟုတ် အရိုး၏ အပြင်ဘက်မျက်နှာပြင်တွင် ဖြစ်ပေါ်နိုင်သည်။ ကလေးအရိုးကင်ဆာ (Pediatric Osteosarcoma)ကို အများအားဖြင့် အရိုးအတွင်းပိုင်းတွင် တွေ့ရတတ်သည်။

ပုံမှန်အားဖြင့် အရိုးကင်ဆာ (Osteosarcoma) ကို များသောအားဖြင့် ဓာတုကုထုံး ဖြင့် စတင်ကုသပြီးနောက် ခွဲစိတ်ကုသခြင်းဖြင့် ဆက်လက်ကုသလေ့ရှိသည်။

ခွဲစိတ်ဖယ်ရှားနိုင်သော အရိုးကင်ဆာ (Osteosarcoma) တစ်ခုတည်းရှိသော ကလေးများသည် ရေရှည်ပျောက်ကင်းနိုင်ခြေ 65-70% ရှိသည်။ ကင်ဆာရောဂါ (Cancer) ရှာဖွေတွေ့ရှိချိန်တွင် ပျံ့နှံ့နေပါက အသက်ရှင်နိုင်ခြေနှုန်း နည်းပါးသည်။

အရိုးကင်ဆာ (Osteosarcoma) ၏ ရောဂါလက္ခဏာများသည် အကျိတ်၏ တည်နေရာ အပေါ်မူတည်ပါသည်။ အရိုးကင်ဆာ (Osteosarcoma) စတင်ဖြစ်ပွားလေ့ရှိသည့် နေရာများမှာ ပေါင်ရိုး၏ ဒူးခေါင်းနှင့် ကပ်နေသော အပိုင်း သို့မဟုတ် ညို့သကျည်းအပေါ်ပိုင်းတို့ဖြစ်သည်။ အခြားဖြစ်ပွားတတ်သည့်နေရာမှာ ပုခုံးနားရှိ လက်မောင်းအပေါ်ပိုင်း အရိုးတွင် ဖြစ်သည်။ အရိုးကင်ဆာ (Osteosarcoma) သည် တင်ပဆုံရိုး သို့မဟုတ် ဦးခေါင်းခွံတွင်လည်း ဖြစ်ပွားနိုင်သည်။

အရိုးကင်ဆာ (Osteosarcoma) ၏ ‌ရောဂါလက္ခဏာများသည် အကျိတ်ရှိသည့်နေရာပေါ် မူတည်သည်။ အရိုးကင်ဆာ (Osteosarcoma) သည် ဒူးခေါင်းအနီးတွင် အဖြစ်အများဆုံးဖြစ်ပြီး ပေါင်အောက်ပိုင်း သို့မဟုတ် ခြေသလုံးအပေါ်ပိုင်းဖြစ်သည်။ ၎င်းသည် ပခုံးအနီး၊ တင်ပါးဆုံတွင်း သို့မဟုတ် ဦးခေါင်းခွံတွင်လည်း ဖြစ်ပွားနိုင်သည်။

အရိုးကင်ဆာ (Osteosarcoma) ၏ ရောဂါလက္ခဏာများ

အရိုးကင်ဆာ (Osteosarcom) သည် အရိုးအား ထိခိုက်ပျက်စီးစေပြီး အားနည်းစေသည်။ ရောဂါလက္ခဏာများသည် အကျိတ်၏ တည်နေရာ အပေါ်မူတည်သည်။ အစပိုင်းမှာ သတိထားမိရန် ခက်ခဲနိုင်ပါသည်။ အရိုးကင်ဆာ (Osteosarcoma) ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-

ဆာကိုးမားအရိုးကင်ဆာ၏ ရောဂါလက္ခဏာများမှာ

  • အရိုးအတွင်း သို့မဟုတ် အရိုးအဆစ်အတွင်း နာကျင်ခြင်း
  • အရိုးအဆစ် လှုပ်ရှားရာတွင် ခက်ခဲခြင်း
  • အရိုးတစ်ခုပေါ်တွင် အကျိတ် သို့မဟုတ် ရောင်ရမ်းမှုတစ်ခု ဖြစ်ပေါ်နေခြင်း
  • ခြေမမှန်လမ်းလျှောက်ခြင်း သို့မဟုတ် လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်ခြင်း
  • ကျိုးသွားသော အရိုးတစ်ချောင်း

နာကျင်မှုသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လများစွာကြာလျှင် ပိုဆိုးလာတတ်သည်။ နာကျင်မှုဝေဒနာကြောင့် သင့်ကလေးသည် အိပ်ပျော်နေရာမှ ညဘက်တွင် နိုးလာနိုင်သည်။

အိုင်ဗျူပရိုဖင် (Ibuprofen) သို့မဟုတ် အစီတာမီနိုဖင် (Acetaminophen) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သည့် အကိုက်အခဲပျောက်ဆေးများသည် အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုကို သက်သာစေမည်မဟုတ်ပါ။

အရိုးကင်ဆာ (Osteosarcoma) ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများ

အရိုးကင်ဆာ (Osteosarcoma) သည် အသက် 10 နှစ်ကျော်တွင် ဖြစ်ပွားလေ့ရှိသည်။ ၎င်းသည် အသက် 5 နှစ်မတိုင်မီ ဖြစ်ပွားခဲသည်။

မျိုးရိုးဗီဇ အကြောင်းအရင်းများကြောင့်လည်း အရိုးကင်ဆာ (Osteosarcoma) ဖြစ်ပွားနိုင်ခြေ ပိုများတတ်ပါသည်။

  • အရိုးကင်ဆာ (Osteosarcom) သည် အမျိုးသမီးများထက် အမျိုးသားများတွင် အနည်းငယ် ပိုမိုအဖြစ်များလေ့ရှိပါသည်။
  • အသားမည်းကလေးများသည် အသားဖြူကလေးများထက် အရိုးကင်ဆာ (Osteosarcom) ဖြစ်နိုင်ခြေ ပိုများသည်။
  • ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူခဲ့ရသော ကင်ဆာရောဂါ (Cancer) မှ လွတ်မြောက်လာသူများသည် အရိုးကင်ဆာ (Osteosarcom) ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
  • မျိုးရိုးဗီဇအကြောင်းအရင်းများ ကြောင့်လည်း အရိုးကင်ဆာ (Osteosarcom) ဖြစ်ပွားနိုင်ခြေ ပိုများတတ်ပါသည်။ ကလေးအနည်းငယ်တွင် အချို့သော ကင်ဆာရောဂါ (Cancer) များအတွက် အန္တရာယ်ပိုများစေသည့် မျိုးရိုးဗီဇပြောင်းလဲမှုများ ရှိသည်။ ပိုမိုမြင့်မားသော အန္တရာယ်ရှိသူများတွင် အောက်ပါတို့ပါဝင်သည်-
  • မိသားစုများမှတစ်ဆင့်မျိုးရိုးလိုက်သည့် အခြားရှားပါးသော အခြေအနေများသည်လည်း အရိုးကင်ဆာ (Osteosarcoma) ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-
အရိုးကင်ဆာ (Osteosarcom) သည် အရိုးကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ အရိုးကင်ဆာ (Osteosarcom) သည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ခြေထောက် သို့မဟုတ် လက်မောင်း၏ အရိုးတံရှည် အဆုံးဖက် ခပ်ကျယ်ကျယ်နေရာတွင် အဖြစ်များလေ့ရှိသည်။ အရိုးကင်ဆာ (Osteosarcom) သည် အရိုးအတွင်းပိုင်း (အလယ်ဗဟိုအကျိတ်များ) သို့မဟုတ် အရိုး၏ အပြင်ဘက်မျက်နှာပြင် (မျက်နှာပြင်အကျိတ်များ) တွင် ဖြစ်ပေါ်နိုင်သည်။ ကလေးသူငယ်အရိုးကင်ဆာ (Pediatric Osteosarcom) ကို အများအားဖြင့် အရိုးအတွင်းပိုင်း အလယ်ဗဟိုတွင် တွေ့ရတတ်သည်။ အရိုးကင်ဆာ ပျံ့နှံ့မှုပုံစံ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဓာတ်မှန်ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။ အရိုးကင်ဆာ ပျံ့နှံ့မှုပုံစံ ဆိုသည်မှာ ကင်ဆာရောဂါ (Cancer) သည် မူလဖြစ်ပွားရာအကျိတ်နေရာမှ အခြားသော အရိုးအစိတ်အပိုင်းများဆီသို့ ကူးစက်ပျံ့နှံ့သွားခြင်းကို ဆိုလိုသည်။

အရိုးကင်ဆာ (Osteosarcom) သည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ခြေထောက် သို့မဟုတ် လက်မောင်း၏ အရိုးတံရှည် အဆုံးဖက် ခပ်ကျယ်ကျယ်နေရာတွင် အဖြစ်များလေ့ရှိသည်။ အရိုးကင်ဆာ (Osteosarcom) သည် အရိုးအတွင်းပိုင်း (အလယ်ဗဟိုအကျိတ်များ) သို့မဟုတ် အရိုး၏ အပြင်ဘက်မျက်နှာပြင် (မျက်နှာပြင်အကျိတ်များ) တွင် ဖြစ်ပေါ်နိုင်သည်။ ကလေးများသူငယ်အရိုးကင်ဆာ (Childhood Osteosarcom)ကို အများအားဖြင့် အရိုးအတွင်းပိုင်း အလယ်ဗဟိုတွင် တွေ့ရတတ်သည်။။ ကင်ဆာရောဂါ (Cancer) သည် အရိုး၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ ကြည့်ရှုရန်အတွက် ဓာတ်မှန်ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။

အရိုးကင်ဆာ (Osteosarcom) အား ရောဂါရှာဖွေခြင်း

အရိုးကင်ဆာ (Osteosarcom) ကို ရောဂါရှာဖွေအတည်ပြုရန် စစ်ဆေးမှုအမျိုးမျိုးကို အသုံးပြုပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-

  • ကျန်းမာရေးမှတ်တမ်းနှင့် ခန္ဓာကိုယ်စစ်ဆေးမှု 
  • ရောဂါလက္ခဏာများ၊ ယေဘုယျကျန်းမာရေးအခြေအနေ၊ ယခင်ကဖြစ်ပွားခဲ့ဖူးသော ရောဂါများနှင့် ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများကို သိရှိနိုင်ရန်အတွက် သွေးစစ်ဆေးခြင်း။
  • အကျိတ်ကိုရှာဖွေရန်နှင့် လိုအပ်သည့် အခြားစစ်ဆေးမှုများကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ပုံရိပ်စစ်ဆေးမှုများ
    • အရိုးကင်ဆာ (Osteosarcom) သည် အရိုး၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ ကြည့်ရှုရန် x-ray ဖြင့် စစ်ဆေးခြင်း။
    • ရင်ဘတ်အား ကွန်ပျူတာဓါတ်မှန်ရိုက် ၍ အရိုးကင်ဆာ (Osteosarcom) သည် အဆုတ်များသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပါသည်။
    • ခွဲစိတ်မှုကို အစီစဉ်ဆွဲရာတွင် အကူအညီဖြစ်ရန်နှင့် အကျိတ်ကို အကဲဖြတ်ရာတွင် MRI ကိုသုံးပါသည်။
    • အရိုးစကင်ဖတ်ခြင်း သို့မဟုတ် PET စကင် အသုံးပြု၍ ခန္ဓာကိုယ်တစ်ခုလုံး ပုံရိပ်ဖော်ခြင်းဖြင့် အရိုးကင်ဆာ (Osteosarcom)သည် မူလနေရာမှ အခြားနေရာများသို့ ပျံ့နှံ့နေခြင်း ရှိ၊ မရှိအား စစ်ဆေးပါသည်။
  • အသားစစစ်ဆေးမှု။ အသားစစစ်ဆေးမှု ပြုလုပ်ရာတွင် ဆရာဝန်က အကျိတ်မှ တစ်ရှူးအနည်းငယ်ကို ဖယ်ရှားယူဆောင်သည်။ ဆရာဝန်များသည် ကင်ဆာရောဂါ (Cancer) ၏ လက္ခဏာများကို ရှာဖွေရန် ဆဲလ်များကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုပါလိမ့်မည်။
ဓာတ်မှန်သည် လူနာ၏ ပေါင်ရိုးအတွင်း အရိုးကင်ဆာ (Osteosarcoma) ကြောင့် ဖြစ်သော အရိုးကင်ဆာပျံ့နှံ့မှုပုံစံများ၏ (အရှေ့မှ အနောက်သို့) အရှေ့ဖက်/အနောက်ဖက် မြင်ကွင်းအားပြသသည်။
ဓာတ်မှန်သည် လူနာ၏ ပေါင်ရိုးအတွင်း အရိုးကင်ဆာ (Osteosarcoma) ကြောင့် အပြစ်အနာအဆာများ၏ ဘေးတိုက်မြင်ကွင်း သို့မဟုတ် ဘေးဖက်မြင်ကွင်းကို ပြသသည်။

ကင်ဆာရောဂါ (Cancer) သည် အရိုး၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ ကြည့်ရှုရန်အတွက် ဓာတ်မှန်များကို အသုံးပြုပါသည်။

လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ
လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ

အရိုးကင်ဆာ (Osteosarcom) သည် အဆုတ်သို့ ပျံ့နှံ့ရောက်ရှိနေခြင်း ရှိ၊ မရှိ စစ်ဆေးရန် ရင်ဘတ်ကို ကွန်ပျူတာဓါတ်မှန် ရိုက်၍ စစ်ဆေးပါသည်

ပျံ့နှံနေသည့် အရိုးကင်ဆာ (Osteosarcom) ဆိုသည်မှာ ကင်ဆာရောဂါ (Cancer) သည် အဆုတ်များ သို့မဟုတ် အခြားအရိုးများကဲ့သို့ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး ဖြစ်နေခြင်းကို ဆိုလိုသည်။ အရိုးကင်ဆာ (Osteosarcom) အများဆုံး ပျံ့နှံ့လေ့ရှိသည့် နေရာမှာ အဆုတ်ဖြစ်သည်။

ပျံ့နှံနေသည့် အရိုးကင်ဆာ (Osteosarcom) ဆိုသည်မှာ ကင်ဆာရောဂါ (Cancer) သည် အဆုတ်များ သို့မဟုတ် အခြားအရိုးများကဲ့သို့ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး ဖြစ်နေခြင်းကို ဆိုလိုသည်။ အရိုးကင်ဆာ (Osteosarcom) အများဆုံး ပျံ့နှံ့လေ့ရှိသည့် နေရာမှာ အဆုတ်ဖြစ်သည်။

အရိုးကင်ဆာ (Osteosarcom) အဆင့်သတ်မှတ်ခြင်း

အရိုးကင်ဆာ (Osteosarcom) အား တစ်နေရာတည်း သို့မဟုတ် ပျံ့နှံ့လျက်ရှိစွာ တွေ့ရတတ်ပါသည်။ 

  • တည်ရှိသည့် နေရာ (Localized) အရိုးကင်ဆာ (Osteosarcom) ဆိုသည်မှာ 1 နေရာတည်းတွင်သာ အကျိတ်ရှိသည်ဟု ဆိုလိုသည်။ 
  • ပျံ့ပွားခြင်း (Metastatic) အရိုးကင်ဆာ (Osteosarcom) ဆိုသည်မှာ ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားပြီဟု ဆိုလိုသည်။

အရိုးကင်ဆာ (Osteosarcom) ကုသခြင်း

ပုံမှန်အားဖြင့် အရိုးကင်ဆာ (Osteosarcoma) ကို များသောအားဖြင့် ဓာတုကုထုံး ဖြင့် စတင်ကုသပြီးနောက် ခွဲစိတ်ကုသခြင်းဖြင့် ဆက်လက်ကုသလေ့ရှိသည်။

အကျိတ်ကို ခွဲစိတ်ဖယ်ရှား၍မရသည့်အခါ သို့မဟုတ် ခွဲစိတ်ကုသပြီးနောက် ရောဂါအပိုင်းအစများ ကျန်ရှိနေသေးသည့် အခါမျိုးတွင် ဓာတ်ရောင်ခြည်ကုထုံး ကဲ့သို့သော အခြားကုသနည်းများကို လိုအပ်နိုင်သည်။

အရိုးကင်ဆာ (Osteosarcoma) ၏ ရောဂါခန့်မှန်းချက်

ရောဂါခန့်မှန်းချက်သည် အကြောင်းတရား အမျိုးမျိုးပေါ်တွင် မူတည်သည်

  • ခန္ဓာကိုယ် အခြားနေရာများသို့ ကင်ဆာ ပျံ့နှံ့နေခြင်း ရှိ၊ မရှိ
  • အကျိတ်ကို ခွဲစိတ်၍ အပြီးသတ်ဖယ်ရှားနိုင်စွမ်း
  • ဓာတုကုထုံး ပေါ် အကျိတ်၏တုံ့ပြန်မှု
  • ကင်ဆာရောဂါ (Cancer) ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ

အရိုးကင်ဆာ (Osteosarcoma) တစ်နေရာတည်းတွင်သာ ဖြစ်ပွားပြီး ခွဲစိတ်ကုသမှုဖြင့် အကျိတ်ကို အပြီးသတ်ဖယ်ရှားနိုင်သော လူနာများတွင် ရေရှည်ပျောက်ကင်းနိုင်ခြေ 65–70% ခန့် ရှိပါသည်။

အရိုးကင်ဆာ (Osteosarcoma) ရောဂါကို စတင်ရှာဖွေတွေ့ရှိချိန်တွင် ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့ပြီးသားဖြစ်နေပါက အသက်ရှင်နိုင်ခြေမှာ 30% ခန့်သာ ရှိပါသည်။

လူနာ 30% ခန့်သည် ပြန်လည်ဖြစ်ပွားသော ကင်ဆာရောဂါ (Cancer) ရှိလိမ့်မည်။ ၎င်းသည် အဆုတ်တွင် အဖြစ်အများဆုံး ဖြစ်ပါသည်။

ရောဂါပြန်လည်ဖြစ်ပွားသူများအတွက် ရောဂါခန့်မှန်းချက်သည် အောက်ပါအချက်များပေါ်တွင် မူတည်သည်-

  • အကျိတ် ဖယ်ရှားနိုင်စွမ်း
  • ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားလာသည့်အခါ။ ရောဂါစတင်တွေ့ရှိပြီး 18 လအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ကင်ဆာသည် ပိုမိုနောက်ကျမှ ပြန်လည်ဖြစ်ပွားသည့် ကင်ဆာထက် ကုသရန် ပိုမိုခက်ခဲလေ့ရှိသည်။

ကင်ဆာရောဂါ (Cancer)ကို ကုသပြီး ပြန်လည်ဖြစ်ပွားပါက 10 နှစ်ကြာ အသက်ရှင်နိုင်ခြေနှုန်းမှာ 17% ခန့်ရှိသည်။ ကုထုံးများတွင် တိုးတက်မှုများသည် ကလေးအချို့ကို ဆက်လက်ကူညီပေးနေပါသည်။

ကြုံတွေ့ရနိုင်သည့် ပြဿနာများနှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများအကြောင်း သင်၏ ကုသပေးနေသည့် သင့်ပြုစုကုသရေးအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ နာကျင်မှုသက်သာစေသော စောင့်ရှောက်မှု သည် သင့်အား ရောဂါလက္ခဏာများကို စီမံခန့်ခွဲရန်၊ ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် သတင်းအချက်အလက် အပြည့်အစုံဖြင့် ဆုံးဖြတ်ချက်များချရန် ကူညီပေးနိုင်ပါသည်။

အရိုးကင်ဆာ (Osteosarcoma) ကုသမှုခံယူပြီးနောက်ပိုင်း ဘဝဖြတ်သန်းမှု

ကင်ဆာရောဂါ (Cancer) ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ စောင့်ကြည့်ခြင်း

သင့်ကလေးသည် ကင်ဆာရောဂါ (Cancer) ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ သိရှိရန် လအနည်းငယ်တိုင်းတွင် နောက်ဆက်တွဲ စောင့်ရှောက်မှု လိုအပ်ပါသည်။ ဤစစ်ဆေးမှုများသည် ကုသမှု ပြီးဆုံးပြီးနောက် နှစ်အတော်ကြာကြာ ဖြစ်ပွားလေ့ရှိသည်။

စစ်ဆေးမှုများတွင် များသောအားဖြင့် အောက်ပါတို့ ပါဝင်သည်-

  • သွေးစစ်ဆေးမှုများ (Blood tests)
  • အဆုတ်များ၏ ကွန်ပျူတာဓာတ်မှန်
  • ထိခိုက်နေသော အရိုး၏ ဓာတ်မှန်များ

မျိုးရိုးလိုက်သော ရောဂါလက္ခဏာစုများ (Inherited Syndromes) သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အခြေအနေအချို့ ရှိနေသော လူနာများသည် အနာဂတ်တွင် ကင်ဆာရောဂါ (Cancer) ဖြစ်ပွားနိုင်ခြေ ရှိနိုင်သည်။ ၎င်းတို့တွင် တခြားနောက်ဆက်တွဲ စောင့်ရှောက်မှုများ လိုအပ်နိုင်ပါသည်။

ခြေလက်မဖြတ်ဘဲ​ထိန်းသိမ်းနိုင်သော ခွဲစိတ်မှု သို့မဟုတ် ခြေလက်ဖြတ်တောက်ခြင်း ကုသမှုခံယူပြီးနောက်ပိုင်း ဘဝဖြတ်သန်းမှု

အရိုးကင်ဆာ (Osteosarcoma) ရှိပြီး ခြေလက်အင်္ဂါကို ဖြတ်တောက်ကုသခြင်း သို့မဟုတ် ခြေလက်မဖြတ်ဘဲ ထိန်းသိမ်းနိုင်သော ခွဲစိတ်မှုခံယူရသော လူနာအများစုမှာ အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်စွာ နေထိုင်နိုင်ကြပါသည်။

၎င်းတို့သည် ကောင်းမွန်သော ကိုယ်လက်လှုပ်ရှားနိုင်စွမ်းနှင့် ဘဝအရည်အသွေး ရှိကြောင်း ဖော်ပြကြသည်။ နောက်ဆက်တွဲ စောင့်ရှောက်မှုသည် အရေးကြီးသည်။

သင့်ကလေးသည် ကြွက်သားနှင့် အရိုးလုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးရန် နှစ်စဉ် စစ်ဆေးမှု ပြုလုပ်သင့်သည်။ လက်ရှိတွင် ပြဿနာတစ်စုံတစ်ရာ ဆက်လက်မရှိစေရန် သေချာစေခြင်းသည် အလွန်အရေးကြီးပါသည်။ ခြေလက်အရှည်မညီခြင်း၊ သင့်ကလေး၏ လမ်းလျှောက်ပုံ ပြောင်းလဲခြင်း၊ အဆစ်ဆိုင်ရာ ပြဿနာများ သို့မဟုတ် အခြားပြဿနာများသည် ရေရှည်နာကျင်မှု (Chronic pain) သို့မဟုတ် မသန်စွမ်းမှုကို ဖြစ်စေနိုင်သည်။

  • သင့်ကလေးသည် ခြေလက်အင်္ဂါဖြတ်တောက်သည့် ခွဲစိတ်မှုခံယူထားပါက၊ အတုတပ်ဆင်ထားသည့် ခြေလက်အင်္ဂါ၏ လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်စေရန် နှစ်စဉ်ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ပေးသင့်ပါသည်။
  • အရိုးအထူးကုဆရာဝန်က သင့်ကလေးတွင် အရိုးအစားထိုးကုသမှု နှင့်/သို့မဟုတ် သတ္တုအစားထိုးကုသမှု ခံယူထားရင် တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါသည်။
  • သင့်ကလေးသည် ခြေလက်မဖြတ်ဘဲ ထိန်းသိမ်းနိုင်သော ခွဲစိတ်ခြင်းခံယူထားပါက၊ အရွယ်ရောက်သူတစ်ဦး၏ အရွယ်အစားသို့ ရောက်ရှိသည်အထိ အရိုးအရှည်တိုးစေရန်အတွက် အခြားသော ခွဲစိတ်ကုသမှုများ ထပ်မံလိုအပ်နိုင်ပါသည်။

အရိုးကင်ဆာ (Osteosarcoma) ကုသပြီးနောက်ပိုင်း ကျန်းမာရေး

ရောဂါပျောက်ကင်းသူ အားလုံးသည် ပုံမှန်ကာကွယ်စစ်ဆေးမှုအား မူလဆရာဝန်တစ်ယောက်ဆီတွင် ဆက်လက်ပြုလုပ်သင့်ပါသည်။ သင့်ကလေးကို ရုပ်ပိုင်းဆိုင်ရာ တက်ကြွစွာ လှုပ်ရှားရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန်နှင့် အိပ်ရေးဝဝ အိပ်ရန် အားပေးပါ။ ဤလူနေမှုပုံစံ အလေ့အထများသည် ယေဘုယျကျန်းမာရေးကို မြှင့်တင်ပေးပြီး ရောဂါများကို ကာကွယ်ရန် ကူညီပေးပါသည်။

အရိုးကင်ဆာ (Bone cancer) မှ အသက်ရှင်ကျန်ရစ်သူများသည် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလေ့ရှိသည်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကျန်းမာရေး၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းရန် အရေးကြီးသည်။ ၎င်းသည် ခြေလက်မဖြတ်ဘဲ ထိန်းသိမ်းနိုင်သော ခွဲစိတ်မှု သို့မဟုတ် ခြေလက်ဖြတ်တောက်မှု ခံယူဖူးသော လူနာများအတွက် အလွန်အရေးကြီးပါသည်။

ဓာတုကုထုံး သို့မဟုတ် ရောင်ခြည်ဖြင့် ကုသမှု ခံယူခဲ့ရသည့် ရောဂါပျောက်ကင်းသူများသည် ကုသမှု၏ နောက်ဆက်တွဲဆိုးကျိုးများ ရှိ၊ မရှိကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။

ကုသမှုပြီးဆုံးပြီးနောက် သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ကင်ဆာရှင်သန်ကျန်ရစ်သူ စောင့်ရှောက်မှုအစီအစဉ် (Survivorship care plan) ကို ပေးသင့်သည်။ ဤအစီရင်ခံစာတွင် လိုအပ်သော စစ်ဆေးမှုများ နှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံအတွက် အကြံပြုချက်များ ပါဝင်ပါမည်။

သင့်တွင် အရိုးကင်ဆာ (Osteosarcoma) ကုသမှု သို့မဟုတ် နောက်ပိုင်းအကျိုးသက်ရောက်မှုများရှိပါက သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။ သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ပေးထားသော ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။

သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို မေးသင့်သော မေးခွန်းများ

  • ကျွန်ုပ်ကလေး၏ အရိုးကင်ဆာ (Osteosarcoma) သည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပါသလား။
  • မည်သည့် ကုသမှုရွေးချယ်စရာများကို သင်အကြံပြုလိုပါသလဲ။
  • ကျွန်ုပ်ကလေးတွင် ခြေလက်အင်္ဂါကို ထိန်းသိမ်းထားသည့်ခွဲစိတ်မှု သို့မဟုတ် ခြေလက်အင်္ဂါကို ဖြတ်တောက်သည့် ခွဲစိတ်မှု ခံယူရမည်ဆိုပါက ဘာတွေမျှော်လင့်ထားရမလဲ။
  • ခွဲစိတ်မှု သို့မဟုတ် ကုသမှုခံယူပြီးနောက်တွင် ကျွန်မ၏ကလေးမှာ ကန့်သတ်ချက်များ ရှိလာမည်လား။

အရိုးကင်ဆာ (Osteosarcoma) နှင့်ပတ်သတ်သော အဓိကအချက်များ

  • အရိုးကင်ဆာ (Osteosarcoma) သည် ကလေးများနှင့် လူငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အရိုးကင်ဆာရောဂါ တစ်မျိုးဖြစ်သည်။
  • ၎င်းသည် ကလေးသူငယ်အရိုးအကျိတ်များတွင် အဖြစ်အများဆုံးဖြစ်သည်။
  • ပုံမှန်အားဖြင့် အရိုးကင်ဆာ (Osteosarcoma) ကို များသောအားဖြင့် ဓာတုကုထုံး ဖြင့် စတင်ကုသပြီးနောက် ခွဲစိတ်ကုသခြင်းဖြင့် ဆက်လက်ကုသလေ့ရှိသည်။
  • ကုသမှုခံယူပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်း ရောဂါပြန်လည်ဖြစ်ပွားမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် သင့်ကလေးမှာ လအနည်းငယ်တိုင်း ပုံမှန်နောက်ဆက်တွဲ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
  • အရိုးကင်ဆာ (Osteosarcoma) ခံစားခဲ့ရပြီး ခြေလက်အင်္ဂါ ဖြတ်တောက်ခြင်း သို့မဟုတ် အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခြင်းဖြင့် ခံယူခဲ့ရသူ အများစုမှာ အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်စွာ နေထိုင်နိုင်ကြပါသည်။
  • အရိုးကင်ဆာ (Osteosarcoma) အတွက် ကုသမှုခံယူခဲ့သော ကလေးများသည် ကုသမှု၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြေ ရှိပါသည်။


ပြန်လည်စစ်ဆေးထားသည်- ဒီဇင်ဘာလ 2022 ခုနှစ်

ဆက်စပ်အကြောင်းအရာများ