အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma)

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ဆိုတာ ဘာလဲ။

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) သည် ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တွယ်ဆက်တစ်ရှူးများတွင် ကြီးထွားသော ကင်ဆာရောဂါ (Cancer) အမျိုးအစားတစ်ခု ဖြစ်သည်-

  • ကြွက်သား
  • အာရုံကြောများ
  • အရွတ်များ
  • အဆီ
  • သွေးနှင့် ပြန်ရည်ကြောများ၏ နံရံများ

ကလေးသူငယ်ကင်ဆာရောဂါ (Cancer) အားလုံး၏ 7% သည် ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ဖြစ်ပါသည်။ ၎င်းတို့ကို အဓိကအမျိုးအစား 2 မျိုးခွဲခြားနိုင်သည်-

  • ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma)
  • ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသည့် တစ်ရှူးကင်ဆာ မဟုတ်သည့် အခြားပျော့ပျောင်းသည့် တစ်ရှူးကင်ဆာ (Non-Rhabdomyosarcoma Soft Tissue Sarcoma) (NRSTS)

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ကို ၎င်းတို့နှင့် အတူဆုံးတစ်သျှူး၏ နာမည်အတိုင်း ပေးထားတာဖြစ်ပါသည်-

  • အရိုးကြွက်သား- ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma)
  • ချောမွေ့သောကြွက်သား- ချောမွေ့သောကြွက်သားတစ်ရှူးများမှ ဖြစ်ပွားသော တစ်ရှူးကင်ဆာ (Leiomyosarcoma)
  • အရိုးနု- အရိုးနုတစ်ရှူးများမှ ဖြစ်ပွားသော တစ်ရှူးကင်ဆာ (Chondrosarcoma)
  • အဆီ- အဆီတစ်ရှူးများမှ ဖြစ်ပွားသော တစ်ရှူးကင်ဆာ (Liposarcoma)
  • သွေးနှင့် ပြန်ရည်ကြောများ- သွေးကြောများနှင့် ပြန်ရည်ကြောများမှ ဖြစ်ပွားသော တစ်ရှူးကင်ဆာ (Angiosarcoma)
  • အပြင်ပိုင်းအာရုံကြောများ- အာရုံကြောစနစ်၏ အပြင်ဘက်ပိုင်းတွင် ဖြစ်ပွားပြီး ကင်ဆာဖြစ်သည့် အာရုံကြောအမြှေးပါး အကျိတ်
  • အမျှင်တစ်သျှူး- အမျှင်တစ်ရှူးများမှ ဖြစ်ပွားသော တစ်ရှူးကင်ဆာ (Fibrosarcoma)

ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) သည် ငယ်ရွယ်သောကလေးများတွင် ပိုမိုအဖြစ်များပါသည်။ NRSTS သည် ဆယ်ကျော်သက်များတွင် ပိုမိုအဖြစ်များသည်။ ဤကင်ဆာအမျိုးအစားများသည် နေရာဒေသအလိုက် ဖြစ်ပွားခြင်းမှသည် ခန္ဓာကိုယ်အနှံ့အပြားသို့ပြန့်ပွားနိုင်သော metastatic အခြေအနေအထိ ရှိနိုင်ပါသည်။

မိသားစုအလိုက် အမွေဆက်ခံနိုင်သည့် အချို့သောအခြေအနေများသည် ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ ဓာတ်ရောင်ခြည်သင့်ခံရသည့် ကလေးသူများတွင်လည်း ဖြစ်နိုင်ခြေ မြင့်မားသည်။ ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) အတွက် ကုသမှုမှာ‭‬ခွဲစိတ်ခြင်း၊‭‬ဓာတုကုထုံး သို့မဟုတ်‭ဓာတ်ရောင်ခြည်ကုထုံးတို့ ပါဝင်လေ့ရှိပါသည်။

ဤ အဏုကြည့် ပုံရိပ်တွင် ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) အကျိတ်ကို တွေ့မြင်နိုင်ပြီး၊ အကျိတ်ဖြစ်စေသော ရင့်ကျက်မှုမရှိသေးသည့် အနီရောင်ဆဲလ်များသည် အစိမ်းရောင် ကြွက်သားမျှင်များ ကြားတွင် အကျိတ်များဖွဲ့စည်းလျက် သွေးကြောများကို ဝန်းရံထားသည်ကို တွေ့ရသည်။

ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma)

ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) သည် ကလေးသူငယ်များမှာ အဖြစ်အများဆုံး ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ဖြစ်ပါသည်။ မကြာသေးမီကအထိ သိပ္ပံပညာရှင်များသည် ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) သည် ရင့်ကျက်မှုမရှိသေးသော ကြွက်သားဆဲလ်များမှ ကြီးထွားလာခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဘာလို့ဤသည်မှာ အကျိတ်ဆဲလ်များသည် အဏုကြည့်မှန်ပြောင်းအောက်တွင် ကြွက်သားဆဲလ်များနှင့် တူနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း၊ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနအသစ်များအရ ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) သည် အမှန်တကယ်တွင် သွေးကြောများကို ဝန်းရံပေးသည့်ဆဲလ်များအဖြစ် ပုံမှန်ဖွံ့ဖြိုးသင့်သော ရင့်ကျက်မှုမရှိသေးသည့် သွေးကြောအတွင်းလွှာဆဲလ်များမှ ဖြစ်ပေါ်လာနိုင်ကြောင်း ပြသနေသည်။

 

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ကုသမှုခံယူပြီးနောက်ပိုင်း ဘဝဖြတ်သန်းမှု

ရောဂါ ပြန်လည်ဖြစ်ပွားမှုကို စောင့်ကြည့်စစ်ဆေးခြင်း

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) များသည် နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ဖြစ်ပွားနိုင်သည်။ အကျိတ်သည် မူလနေရာတွင် ပြန်ဖြစ်နိုင်သလို ခန္ဓာကိုယ်၏ အခြားနေရာတစ်ခုတွင်လည်း ပြန်ဖြစ်နိုင်သည်။

သင့်ကလေးသည် ကုသမှုပြီးဆုံးပြီးနောက် ရောဂါပြန်ဖြစ်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် နောက်ဆက်တွဲစောင့်ရှောက်မှု လိုအပ်လိမ့်မည်။ ဆေးဘက်ဆိုင်ရာအဖွဲ့သည် မည်သည့်စစ်ဆေးမှုများ လိုအပ်သည်နှင့် သင့်ကလေးအား မည်မျှမကြာခဏ စစ်ဆေးသင့်သည်ကို ပြောပြပါလိမ့်မည်။

ကင်ဆာရောဂါ (Cancer) ကုသပြီးနောက်ပိုင်း ကျန်းမာရေး

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ကုသမှု ခံယူထားသည့် ကလေးများသည် ကုထုံးနှင့်သက်ဆိုင်သာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေရှိသည်။ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများသည် အကျိတ်တည်ရှိသည့်နေရာနှင့် သင့်ကလေးငယ် ခံယူခဲ့ရသည့် ကုထုံး အမျိုးအစားပေါ်တွင် မူတည်ပါသည်။
ခွဲစိတ်ကုသမှု၏ ရေရှည်ဆိုးကျိုးများတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက် ဆုံးရှုံးခြင်းနှင့် ရုပ်သွင်ပြင် ပြောင်းလဲခြင်းတို့ ပါဝင်နိုင်ပါသည်။

ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခဲ့ရသည့် ကင်ဆာရောဂါရှင်များတွင် ကုသမှုကြောင့် ကြီးထွားမှုဆိုင်ရာ ပြဿနာများ၊ အရိုးရောဂါများနှင့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းတို့သည် နောက်ထပ် ကင်ဆာရောဂါ (Cancer) ဖြစ်နိုင်ခြေလည်း မြင့်မားနိုင်ပါသည်။

စနစ်တကျ ဓာတုကုထုံး ခံယူခဲ့ရသည့် ပြန်လည်လွတ်မြောက်လာသူများ အနေဖြင့် အောက်ပါတို့ကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သင့်သည်-

  • နှလုံးဆိုင်ရာ ပြဿနာများ
  • ကျောက်ကပ် ပျက်စီးမှု
  • မျိုးမပွားနိုင်ခြင်း (Infertility)
  • အတွင်းပိုင်းဂလင်း ဆိုင်ရာ ပြဿနာများ
  • ဆင့်ပွားကင်ဆာများ

ပြန်လည်လွတ်မြောက်လာသူ အားလုံးသည် မိသားစုဆရာဝန် သို့မဟုတ် အထွေထွေရောဂါကုဆရာဝန်နှင့် ပုံမှန်ကိုယ်ခန္ဓာ ကျန်းမာရေးစစ်ဆေးမှုများနှင့် စမ်းသပ်မှုများကို ဆက်လက်ပြုလုပ်သွားသင့်ပါသည်။ ကျန်းမာသော လူနေမှုပုံစံနှင့် စားသောက်မှု အလေ့အထများ သည်လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။

သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ

  • ကျွန်ုပ်တို့၏ ကုသမှုနည်းလမ်းများသည် အဘယ်နည်း။
  • ကုသမှုတစ်မျိုးချင်းစီ၏ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများသည် အဘယ်နည်း။
  • နောက်ဆက်တွဲဆိုးကျိုးများကို စီမံခန့်ခွဲရန် မည်သည့်အရာများကို လုပ်ဆောင်နိုင်သနည်း။
  • ကျွန်ုပ်၏ ကလေးသည် ကုသမှုအတွက် ဆေးရုံတက်ရန် လိုအပ်ပါသလား။
  • ကုသမှုကို မည်သည့်နေရာတွင် ရရှိနိုင်သနည်း။ ၎င်းသည် အိမ်နှင့် နီးပါသလား သို့မဟုတ် ကျွန်ုပ်တို့ ခရီးသွားရမည်လား။

ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) နှင့်ပတ်သတ်သော အဓိကအချက်များ

  • ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) သည် ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တွယ်ဆက်တစ်ရှူးများတွင် ကြီးထွားသော ကင်ဆာရောဂါအမျိုးအစား တစ်ခု ဖြစ်သည်။
  • ၎င်းတွင် အဓိကအမျိုးအစား 2 မျိုးရှိသည်- ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Rhabdomyosarcoma) နှင့် ကြွက်သားတစ်ရှူးများမှ စတင်ဖြစ်ပွားသော ပျော့ပျောင်းသော တစ်ရှူးကင်ဆာ မဟုတ်သည့် အခြားသော ပျော့ပျောင်းသည့် တစ်ရှူးကင်ဆာ (Non-Rhabdomyosarcoma Soft Tissue Sarcoma) (NRSTS)။
  • မျိုးရိုးလိုက်သော အခြေအနေအချို့သည် ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) ဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။
  • ပျော့ပျောင်းသော တစ်ရှူးကင်ဆာ (Soft Tissue Sarcoma) အတွက် ကုသမှုမှာ ခွဲစိတ်ခြင်း၊ ဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးတို့ ပါဝင်လေ့ရှိပါသည်။


ပြန်လည်စစ်ဆေးထားသည်- ဒီဇင်ဘာလ 2022 ခုနှစ်

ဆက်စပ်အကြောင်းအရာများ