အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သင့်ကလေး၏ ရောဂါဗေဒဆိုင်ရာအစီရင်ခံစာကို ဖတ်ရှုပုံ

ရောဂါဗေဒဆိုင်ရာအစီရင်ခံစာ ဆိုသည်မှာ အဘယ်နည်း။

ရောဂါဗေဒဆိုင်ရာအစီရင်ခံစာတစ်စောင်တွင် လူနာ၏ ရောဂါရှာဖွေဖော်ထုတ်ချက် ပါဝင်ပါသည်။ ဤအစီရင်ခံစာသည် အကောင်းဆုံး ကုသမှုအစီအစဉ်ကို ဆုံးဖြတ်ရာတွင် အလွန်အရေးကြီးပါသည်။

အစီရင်ခံစာတွင် အခြားဆေးဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ရည်စူးသည့် နည်းပညာရပ်ဆိုင်ရာဘာသာစကားများ ပါဝင်ပါသည်။ လိုအပ်ပါက စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးသည် ၎င်းကို ကူညီရှင်းပြပေးနိုင်ပါသည်။

ရောဂါဗေဒဆရာဝန် ရောဂါဗေဒပညာရှင် တစ်ဦးသည် ဆဲလ်များနှင့် တစ်ရှူးများကို အဏုကြည့်မှန်ပြောင်းတစ်ခုအောက်တွင် စမ်းသပ်စစ်ဆေးကာ ဓာတ်ခွဲစမ်းသပ်မှုရလဒ်များကို အဓိပ္ပါယ်ဖွင့်ဆိုပြီးနောက်တွင် အစီရင်ခံစာကို ရေးသားပါသည်။

မတူညီသောစင်တာများမှ ရောဂါဗေဒဆိုင်ရာအစီရင်ခံစာများသည် အသွင်အပြင်ပုံစံ ကွဲပြားနိုင်ပါသည်။ သို့သော်လည်း ၄င်းတို့တွင် တူညီသည့် အချက်အလက်အမျိုးအစားများ ပါဝင်ပါသည်။

ရောဂါ​ဗေဒဆိုင်ရာအစီရင်ခံစာကို ကိုင်ထားသော စောင့်ရှောက်မှုအဖွဲ့ဝင်နှစ်ဦး

ရောဂါဗေဒဆိုင်ရာအစီရင်ခံစာတစ်စောင်တွင် လူနာ၏ ရောဂါရှာဖွေဖော်ထုတ်ချက် ပါဝင်ပါသည်။ အစီရင်ခံစာတွင် အခြားဆေးဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအတွက် ရည်စူးသည့် နည်းပညာပိုင်းဆိုင်ရာ ဘာသာစကားများပါဝင်ပြီး ဖြစ်နိုင်သည့် အကောင်းဆုံး ကုသမှုအစီအစဉ်ကို ဆုံးဖြတ်ရာတွင် အလွန်အရေးကြီးပါသည်။

လူနာ၏ အချက်အလက်များ

ဤကဏ္ဍတွင် လူနာ၏အမည်၊ မွေးသက္ကရာဇ်၊ ဆေးမှတ်တမ်းနံပါတ်နှင့် အသားစယူ၍ စစ်ဆေးသည့်ရက်စွဲတို့ ပါဝင်ပါသည်။ ရောဂါဗေဒဌာနများတွင် စမ်းသပ်စစ်ဆေးရန်အတွက် ရယူထားသောတစ်ရှူး ပုံစံနမူနာကို အညွှန်းတံဆိပ်ကပ်ရန် နံပါတ်ပေးသည့်စနစ်များ ရှိပါသည်။

စစ်ဆေးရန်နမူနာ ကဏ္ဍ

ဤကဏ္ဍတွင် “ရိုးရှင်းသော ဖြတ်တောက်ခြင်း၊ ဘယ်ဘက်ဒူး” သို့မဟုတ် “အရေပြား အကျိတ်ကို၊ ညာဘက်လက်” ကဲ့သို့သော နမူနာ၏ အရင်းအမြစ် သို့မဟုတ် တည်နေရာကို ဖော်ပြထားသည်။

အကြမ်းဖျဉ်းပုံစံ ရှင်းလင်းဖော်ပြချက်

ဤကဏ္ဍတွင် တစ်ရှူးကို သာမန်မျက်စိဖြင့် ကြည့်လျှင် မည်သို့မြင်ရသည်ကို ဖော်ပြသည်-- အရွယ်အစား၊ အလေးချိန်၊ အရောင်၊ နှင့် နမူနာစ အရေအတွက်။

အဏုကြည့်မှန်ပြောင်းဆိုင်ရာ ရှင်းလင်းဖော်ပြချက်

ဤကဏ္ဍတွင် ဆဲလ်များကို အဏုကြည့်မှန်ပြောင်းအောက်တွင် မည်သို့မြင်ရပုံကို ရှင်းလင်းဖော်ပြထားပါသည်။ ၎င်းသည် ဆဲလ်များ၏ ပုံပန်းသွင်ပြင်ကို ပုံမှန်ဆဲလ်များနှင့် နှိုင်းယှဉ်၍ အသေးစိတ် ဖော်ပြပါသည်။

ရောဂါရှာဖွေအတည်ပြုခြင်း

ဤကဏ္ဍတွင် ရောဂါရှာဖွေဖော်ထုတ်ချက်ကို ဖော်ပြထားသည်။ အချက်အလက်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • အကျိတ် အရွယ်အစား
  • အကျိတ်၏ ပတ်လည်အနား၏ အခြေအနေများ
  • ပြန်ရည်ကျိတ်များ၏အခြေအနေ
  • အကျိတ်၏ ပြင်းထန်မှုအဆင့်
  • မော်လီကျူလာဆိုင်ရာနှင့် မျိုးရီုးဗီဇဆိုင်ရာ စစ်ဆေးမှုရလဒ်များ

ရောဂါဆိုင်ရာ အကျဉ်းချုပ်

ဤအခန်းတွင် ရောဂါအတွက် အရေးကြီးသောအသေးစိတ်အချက်အလက်များ ပါရှိပါသည်။

မှတ်ချက် ကဏ္ဍ

ရောဂါဗေဒပညာရှင်များသည် မရှင်းလင်းနိုင်သည့် မည်သည့်ပြဿနာများမဆိုကို ရှင်းပြရန်အတွက် ဤကဏ္ဍကို အသုံးပြုကြပါသည်။ အချို့သော ရောဂါဗေဒဆိုင်ရာအစီရင်ခံစာများတွင် စောင့်ရှောက်မှုအဖွဲ့အား ဖြစ်နိုင်သည့် အကောင်းဆုံးကုသမှုအစီအစဉ်ကို ပြင်ဆင်နိုင်ရန် ကူညီပေးနိုင်သည့် ထပ်ဆောင်းအချက်အလက်များလည်း ပါဝင်ပါသည်။

အစီရင်ခံစာတွင် ရောဂါဗေဒပညာရှင်၏ အမည်နှင့် လက်မှတ် ပါဝင်ပါသည်။


ပြန်လည်စစ်ဆေးထားသည်- ဩဂုတ်လ 2018 ခုနှစ်

ဆက်စပ်အကြောင်းအရာများ