စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေစဉ်အတွင်း စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားရခြင်းသည် ပုံမှန်ပင် ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတစ်ခုပြီးနောက်တွင် စောင့်ဆိုင်းချိန်သည် နာရီပိုင်းမှ ရက်သတ္တပတ်များအထိ ကြာမြင့်နိုင်ပါသည်။ လူအများမှ စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းခြင်းသည် ပြင်းထန်သောရောဂါတစ်ခုအတွက် ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကုသမှုနှင့် နောက်ဆက်တွဲ ပြသမှုများ၏ စိတ်ဖိစီးမှုအများဆုံး အပိုင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။
စစ်ဆေးမှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှု သို့မဟုတ် စကင်န်ဖတ်စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုတွင် တရားဝင်မဟုတ်သော အမည်တစ်ခု ရှိပါသည် — “စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းနှင့်ဆက်နွှယ်သော စိုးရိမ်သောက”။
စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းဆိုင်ရာ စိုးရိမ်သောက သို့မဟုတ် စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းနှင့်ဆက်နွှယ်သော စိုးရိမ်သောကသည် ကင်ဆာ သို့မဟုတ် အခြားပြဿနာများကို ရှာဖွေရန်အသုံးပြုသည့် ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် ပတ်သက်သည့် စိတ်ဖိစီးမှု ဖြစ်ပါသည်။ ပိုမိုကျယ်ပြန့်သည့် အဓိပ္ပာယ်ဖြင့်ဆိုရလျှင် ဤဝေါဟာရသည် မည်သည့်ဆေးစစ်ချက် သို့မဟုတ် စစ်ဆေးမှုကိုမဆို မပြုလုပ်မီ၊ လုပ်ဆောင်နေစဉ်နှင့် လုပ်ဆောင်ပြီးနောက်တွင် ဖြစ်ပေါ်သည့် စိုးရိမ်ပူပန်မှုကို ဆိုလိုပါသည်။
ပုံရိပ်ဖော်စစ်ဆေးမှုများ အတွက်၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များ သည်ပုံရိပ်များကို ဖတ်ရှု၍ ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ဤ ဓာတ်မှန်ကျွမ်းကျင်ပညာရှင် ဆိုသည်မှာ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုအတွက် ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုခြင်းတွင် အထူးလေ့ကျင့်ထားသည့် ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ ထို့နောက် ဓာတ်မှန်ကျွမ်းကျင်ပညာရှင်သည် အစီရင်ခံစာတစ်စောင်ကို အသင့်ပြင်ဆင်ပါမည်။ ဤလုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာ အချိန်ကြာမြင့်နိုင်ပါသည်။
ပုံရိပ်ဖော်စစ်ဆေးမှုများ၏ ဥပမာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
အသားစယူ၍ စစ်ဆေးခြင်း ရလဒ်များ ကိုရရှိရန် ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါသည်။ တစ်ရှူးစနမူနာကို ဓာတ်ခွဲခန်းသို့ ယူဆောင်သွားပါသည်။ ရောဂါဗေဒဆိုင်ရာ ဆရာဝန်များ (Pathologists) သည် နမူနာကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပြီး အစီရင်ခံစာများကို ပြင်ဆင်ပါ။ ရောဂါဗေဒပညာရှင်ဆိုသည်မှာ ရောဂါများကို ခွဲခြားသတ်မှတ်ရန်အတွက် အဏုကြည့်မှန်ပြောင်းအောက်တွင် ဆဲလ်များကို လေ့လာစစ်ဆေးသည့် ဆရာဝန်တစ်ဦး ဖြစ်ပါသည်။
သင်၏စောင့်ရှောက်မှုအဖွဲ့သည်လည်း သွေးစစ်ဆေးမှုများ၊ သွေးပိုးမွေး၍ စစ်ဆေးခြင်း သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။ အသားစစစ်ဆေးမှုကဲ့သို့ပင်၊ ဤစစ်ဆေးမှုရလဒ်များကို ရရှိရန် ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။
သင်၏စောင့်ရှောက်မှုပေးသူသည် ရလဒ်များအကြောင်းကိုဆွေးနွေးရန်အတွက် စစ်ဆေးမှုရလဒ်များအားလုံးကိုရသည်အထိ စောင့်ဆိုင်းနိုင်ပါသည်။ စစ်ဆေးမှုတစ်ခု၏ ရလဒ်များကို သင့်ကလေး၏ အခြားစစ်ဆေးမှုများနှင့် ဆက်စပ်၍ ပြန်လည်သုံးသပ်ခြင်းမရှိပါက စစ်ဆေးမှုတစ်ခု၏ ရလဒ်များသည့် အဖြေများစွာကို ပေးနိုင်မည် မဟုတ်ပါ။ အချို့ကိစ္စများတွင်၊ စစ်ဆေးမှုရလဒ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူအဖွဲ့တစ်ဖွဲ့မှ ပြန်လည်သုံးသပ်နိုင်ပါသည်။ သို့မဟုတ် သင်၏စောင့်ရှောက်မှုအဖွဲ့သည် ရောဂါရှာဖွေဖော်ထုတ်ရန် သို့မဟုတ် ရောဂါတစ်ခုကို ဖယ်ထုတ်ရန်အတွက် အခြားစစ်ဆေးမှုများကို လိုအပ်ကြောင်း ဆုံးဖြတ်နိုင်ပါသည်။
လူတစ်ဦးချင်းစီသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ကွဲပြားစွာဖြင့် ခံစားရလေ့ရှိပါသည်။ စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွှယ်သော စိုးရိမ်သောကနှင့် ပတ်သက်၍ လူနာတစ်ဦး၏ အတွေ့အကြုံသည် စောင့်ရှောက်သူ၏ အတွေ့အကြုံနှင့် အတော်လေး ကွာခြားနိုင်ပါသည်။ စိုးရိမ်သောက၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
လူများသည် စိုးရိမ်ပူပန်မှုကို မတူညီစွာ ခံစားရသကဲ့သို့၊ ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းပုံများမှာလည်း ကွဲပြားကြပါသည်။ အောက်ဖော်ပြပါတို့မှာ စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေစဉ်အတွင်း စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းဗျူဟာအချို့ ဖြစ်ပါသည်။
သင့်ကလေးနှစ်သက်သည့် လှုပ်ရှားမှုများဖြင့် အာရုံလွှဲခြင်းသည် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ကူညီပေးနိုင်ပါသည်။
တစ်ခါတစ်ရံတွင် စိုးရိမ်ပူပန်မှုသည် နေ့စဉ်ဘဝနှင့် လုပ်ဆောင်ချက်များကို လွှမ်းမိုး၍ အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ အကယ်၍ သင် သို့မဟုတ် သင့်ကလေး၏ စိုးရိမ်ပူပန်မှုနှင့် ပတ်သက်၍ ပူပန်မှုများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ စိတ်ပညာရှင်၊ လူမှုရေးဝန်ထမ်း၊ ဘုန်းတော်ကြီး သို့မဟုတ် ကလေးဘဝအထူးကုပညာရှင်တစ်ဦးသည် စိတ်ခံစားမှုဆိုင်ရာကျန်းမာရေးအတွက် ပံ့ပိုးမှုနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးနိုင်ပါသည်။
စိတ်ပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအကြောင်း နောက်ထပ်အချက်အလက်များကို ရှာဖွေပါ။
—
ပြန်လည်စစ်ဆေးထားသည်- နိုဝင်ဘာလ 2023 ခုနှစ်
ပြင်းထန်သော ရောဂါခံစားနေရသော ကလေးများနှင့် ဆယ်ကျော်သက်များသည်လည်း စိုးရိမ်ပူပန်မှုကို ခံစားရနိုင်ပါသည်။ စိုးရိမ်စိတ်၊ ၎င်းကို မည်သို့ကုသရမည်နှင့် ခက်ခဲသည့်ရောဂါရှာဖွေမှုတစ်ခုအတွင်း သင့်ကလေးအား မည်သို့ပံ့ပိုးပေးရမည်ဆိုသည့်အကြောင်းကို ပိုမိုလေ့လာပါ။
စိတ်ပညာရှင်များနှင့် အခြားစိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးပေးသူများသည် သင့်ကလေးအား ပြင်းထန်သောရောဂါနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးနိုင်ပါသည်။ စိတ်ပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများမှ မည်ကဲ့သို့ ကူညီပေးနိုင်သည်ကို လေ့လာပါ