ပြွန်တစ်ဝိုက်တွင် ယိုစိမ့်ခြင်းကြောင့် အရေပြား ယားယံခြင်း
ပြွန်တစ်ဝိုက်တွင် ယိုစိမ့်မှု ဖြစ်ပေါ်နိုင်ပါသည်။ အစာအိမ်ထဲရှိ အရည်များ၏ အစိုဓာတ်နှင့် အက်ဆစ်ဓာတ်သည် အရေပြားကို နီရဲ၍ ယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုသို့ဖြစ်ပါက အရေပြားကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သို့မဟုတ် လိုအပ်ပါ ပို၍မကြာခဏ ရေဖြင့် သန့်စင်ပါ။ သန့်ရှင်းမှုပြုလုပ်ပြီးပါက အရေပြားကို ညင်သာစွာဖြင့် ခြောက်သွေ့အောင် ပြုလုပ်ပါ။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် အရေပြားကာကွယ်ပေးသည့်အမှုန့် (barrier powder) သို့မဟုတ် လိမ်းဆေးအဆီကို အကြံပြုနိုင်ပါသည်။
အစာအိမ်ထဲရှိ အစာချေသည့် အက်စစ်များကို ထိန်းချုပ်သည့် ဆေးဝါးများ သို့မဟုတ် အစာအိမ်ထဲမှ အစာများကို မြန်မြန်ကုန်စေသော ဆေးဝါးများသည် ယိုစိမ့်မူကြောင့်ဖြစ်သော ပျက်စီးမှုကို လျှော့ချရန် ကူညီပေးနိုင်ပါသည်။ အကယ်၍ အရေပြားသည် သက်သာခြင်းမရှိပါက သို့မဟုတ် ယိုစိမ့်မှု ဆက်လက်ဖြစ်ပေါ်နေပါက သို့မဟုတ် အရည်စိမ့်ထွက်သည့် ပမာဏများပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ပါ။
အစာပြွန်တစ်ဝိုက်တွင် ယိုစိမ့်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများမှာ-
- အစာကို အလွန်အကျွံ သို့မဟုတ် မြန်မြန်ကျွေးခြင်း။ တခါတရံတွင် ဘိုလပ်စ် (bolus) ဖြင့် အစာကျွေးနေစဉ် ပြွန်မှ ယိုစိမ့်နိုင်ပါသည်။ အစာကျွေးသည့်နှုန်းကို လျှော့ချခြင်း သို့မဟုတ် မတူညီသော အစာကျွေးသည့်အချိန်ဇယားကို အသုံးပြုခြင်းသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ သင့်ကလေး၏ အာဟာရဆိုင်ရာ မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို မပြုလုပ်မီ အာဟာရပညာရှင် သို့မဟုတ် အခြားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။
- ပြွန်ထဲရှိ နေရာမရွေ့စေရန် ထိန်းပေးသော ရေဖြည့်ထားသည့် ပူဖောင်း၌ ပြဿနာများဖြစ်ပေါ်ခြင်း။ ပူဖောင်းထဲရှိ ရေပမာဏကို စစ်ဆေးပါ။ အကယ်၍ ရှိသင့်သည့် ရေပမာဏထက် နည်းနေပါက သင့်လျော်သည့် ရေပမာဏကို ပြန်လည်ဖြည့်တင်းပါ။ နောက်ရက်တွင် ပူဖောင်းကို ပြန်လည်စစ်ဆေးပါ။ အကယ်၍ ပူဖောင်းသည် ဆက်လက်၍ လျော့နည်းနေပါက ယိုစိမ့်မှု ရှိနိုင်ပါသည်။ ညွှန်ကြားချက်များအတွက် စောင့်ရှောက်မှုအဖွဲ့သို့ ဆက်သွယ်ပါ။ ပူဖောင်းထဲရှိ ရေပမာဏကို စစ်ဆေးရန်-
- ပူဖောင်း ပေါ့တ် (balloon port) တွင် ဆေးထိုးပြွန်ကို တပ်ပါ။
- ပူဖောင်းထဲမှ ရေအားလုံးကို ထုတ်ရန် ပြွန်တံကို နောက်သို့ပြန်ဆွဲဆုတ်ပါ။
- လိုအပ်ပါက ဆေးထိုးပြွန်ထဲသို့ ရေပမာဏကို မှန်ကန်စွာထည့်၍ ရေကို ပူဖောင်းထဲသို့ ပြန်ထိုးထည့်ပါ။
- ဆေးထိုးပြွန်ကို ဖြုတ်ပါ။
- ပြွန်သည် အပေါက်နှင့် မကိုက်ညီခြင်း။ ကလေး၏ ကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် လျော့ကျခြင်းကြောင့် ၎င်းသည် တစ်ခါတစ်ရံတွင် ဖြစ်ပွားနိုင်သည်။ ကိုယ်အလေးချိန်တိုးလာပါက ထိုင်လိုက်သောအခါ ပြွန်သည် အစာအိမ်ပတ်လည်ရှိ အရေပြားခေါက်များကြားတွင် မြုပ်သွားနိုင်ပါသည်။ ပြွန်၏ အလယ်ပိုင်းကိုယ်ထည်ကို ပြွန်ခလုတ်၏အောက်တွင် တွေ့ရပါက ပြွန်သည် သင့်ကလေးအတွက် အလွန်ရှည်လွန်းနေနိုင်ပါသည်။ ပြွန်သည် မှန်ကန်သော အရွယ်အစား မဟုတ်တော့ပါက အစားထိုးလဲလှယ်ရန် လိုအပ်နိုင်ပါသည်။
- အစာအိမ် သို့မဟုတ် ပြွန်ပေါ်တွင် ဖိအားဖြစ်ခြင်း။ အကယ်၍ သင့်ကလေးသည် ဗိုက်ဖြင့်မှောက်အိပ်ပါက ၎င်းသည် ပြွန်ပေါ်တွင် ဖိအားဖြစ်စေနိုင်ပါသည်။ ဘေးတစ်စောင်း သို့မဟုတ် ပက်လက်အိပ်ခြင်းသည် ဖိအားကို လျှော့ချရန် အထောက်အကူဖြစ်စေနိုင်ပါသည်။
- လေပွခြင်းနှင့် ဝမ်းချုပ်ခြင်း။ လေပွခြင်းနှင့် ဝမ်းချုပ်ခြင်းသည် အစာချေဖျက်သည့် လမ်းကြောင်းကို ဗိုက်ပြည့်ခြင်းနှင့် ဖိအားကို ဖြစ်စေနိုင်သည်။ တက်ကြွစွာ ကိုယ်လက်လှုပ်ရှားခြင်းနှင့် ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်းသည် ဤရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။ သင့်စောင့်ရှောက်မှုအဖွဲ့သည် ဆေးဝါးများ သို့မဟုတ် အာဟာရဆိုင်ရာ ပြောင်းလဲမှုများကိုလည်း အကြံပြုနိုင်ပါသည်။ ပြွန်အမျိုးအစားအချို့အတွက်၊ ပိုလျှံနေသည့်လေကို ဖယ်ရှားရန်အတွက် လေထွက်အောင် ပြုလုပ်ခြင်း သို့မဟုတ် လေချဉ်တက်စေခြင်းတို့ လိုအပ်နိုင်ပါသည်။
အသားနုတစ်ရှူး
အသားနုတစ်ရှူးသည် အပေါက်ငယ်တစ်ဝိုက်တွင် ဖြစ်လာသည့် အသားပိုအရေပြားတစ်ရှူး ဖြစ်ပါသည်။ အသားနုတစ်ရှူးတက်ခြင်းသည် အဖြစ်များပါသည်။ ၎င်းသည် များသောအားဖြင့် အနီရောင်နှင့် စိုစွတ်သည့် ပုံစံရှိ၍ ပါးစပ်ထဲရှိ အရေပြားနှင့် ဆင်တူသည်။ ယင်းတစ်ရှူးသည် နှုးညံပြီး သွေးထွက်ခြင်း သို့မဟုတ် အရည်ထွက်ခြင်း အချို့ရှိနိုင်ပါသည်။ အသားနုတစ်ရှူးသည် ပြွန်သည် အရေပြားနှင့် ပွတ်တိုက်သောကြောင့် ဖြစ်ပေါ်သည့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည်။
အသားနုတစ်ရှူးဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် နည်းလမ်းများမှာ နေရာကို ခြောက်သွေ့အောင် ထားရှိခြင်း၊ ပြွန်အား လှုပ်ရှားမှုမဖြစ်ပေါ်စေရန် ကန့်သတ်ခြင်းနှင့် ပြွန်နှင့် အပေါက်တို့ကို ကိုက်ညီအောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။ အသားနုတစ်ရှူးကို silver nitrate လိမ်းခြင်းဖြင့် ကုသနိုင်ပါသည်။
သွေးထွက်ခြင်း
အပေါက်တစ်ဝိုက်တွင် သွေးထွက်ခြင်းသည် အကြောင်းအရင်းများစွာ ရှိနိုင်ပါသည်။ ပြွန်လဲလှယ်ပြီးသည့်အခါတွင် ထိုနေရာမှ သွေးထွက်နိုင်ပါသည်။ သွေးထွက်ခြင်းသည် အရေပြားကို ပိုမိုပျက်စီးလွယ်အောင် ပြုလုပ်နိုင်သည့် အသားနုတစ်ရှူးများကြောင့်လည်း ဖြစ်စေနိုင်ပါသည်။ သွေးအနည်းငယ်ထွက်ခြင်းသည် စိုးရိမ်စရာမရှိပါ။
သွေးထွက်ခြင်းသည် မိနစ်အနည်းငယ်ကြာသည်အထိ မရပ်ပါက သို့မဟုတ် ပို၍ဆိုးလာပါက ထိုနေရာကို ဖိထားပြီး စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ဆိုပါ။
ရောဂါပိုးဝင်ခြင်း
ကျန်းမာသောကလေးတစ်ဦးတွင် အပေါက် သို့မဟုတ် အပေါက်ပတ်လည်ရှိ အရေပြားသို့ ရောဂါပိုးဝင်ခြင်းသည် ရှားပါးပါသည်။ သို့သော်လည်း ကိုယ်ခံအားစနစ် အားနည်းသည့် ကလေးများတွင် ပြွန်ထည့်ထားသည့်နေရာအား ရောဂါပိုးဝင်နိုင်ခြေ ပိုများပါသည်။ ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- အထူးသဖြင့် ယိုစိမ့်မှုမရှိဘဲ အပေါက်တစ်ဝိုက်တွင် အရေပြားနီရဲမှု ပိုဆိုးလာခြင်း
- ဖျားခြင်း
- နာကျင်ခြင်း၊ ထိလျှင်နာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- ပြည် သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
အရေပြားနီရဲခြင်းနှင့် အရည်ထွက်ခြင်းသည် ရောဂါပိုးဝင်ရောက်ခြင်း၏ လက္ခဏာများဖြစ်သော်လည်း ၎င်းတို့သည် အခြားသော အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ တခါတရံတွင် အစာအိမ်အတွင်းရှိ အရာများနှင့် အရေပြားပေါ်ရှိ ဘက်တီးရီးယားများ ရောနှောသွားပြီး အနံ့ဆိုးသည့် အရည်ထွက်ခြင်း ဖြစ်စေနိုင်ပါသည်။ ယိုစိမ့်မှုကြောင့် ဖြစ်သည့် အရေပြားနီရဲခြင်းကို အရေပြားအား မကြာခဏ သန့်စင်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။
သွေးတွင်း နျူထရိုဖီးလ်သွေးဖြူဥ အရေအတွက်နည်းခြင်း (neutropenia) ကြောင့်ဖြစ်သော အရေပြားပြောင်းလဲမှုများ
သွေးတွင်း နျူထရိုဖီးလ်သွေးဖြူဥ အရေအတွက်နည်းခြင်း (Neutropenia) သည် ပကတိနျူထရိုဖီးလ်အရေအတွက် (ANC) သည် 500 ထက် နည်းသောအခါတွင် ဖြစ်ပွားပါသည်။ ကိုယ်ခံအားစနစ် အားနည်းသောကြောင့် ခန္ဓာကိုယ်သည် ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်း အားနည်းပြီး သက်သာပျောက်ကင်းမှုလည်း နှေးကွေးလာနိုင်ပါသည်။ ၎င်းသည် အပေါက်နေရာ (stoma) ကို စိုစွတ်နေခြင်း၊ အရည်ယိုစိမ့်ခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ဘက်တီးရီးယားများ ပွားများလာပြီး ရောဂါပိုးကူးစက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အချို့အခြေအနေများတွင် အပေါက်နေရာ (stoma) သည် ပိုကြီးလာနိုင်ပါသည်။
သွေးဆဲလ်အရေအတွက် တဖန်ပြန်မတက်လာမချင်း ယင်းအပေါက် (stoma) သည် အခြေအနေပိုကောင်းလာမည် မဟုတ်ပါ။ တစ်ခါတစ်ရံတွင် ၎င်းနေရာသည် ပြန်လည်ကောင်းမွန်မလာမီ အခြေအနေ ပိုမိုဆိုးရွားလာသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ ဤသို့ဖြစ်ပွားပါက နေရာကို စောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့်အတိုင်း ကုသပါ။
နေရာကို သန့်ရှင်းခြောက်သွေ့စွာထားရှိခြင်းသည် ပျောက်ကင်းသက်သာမှုလုပ်ငန်းစဉ်အား အထောက်အကူဖြစ်စေကြောင်းကို သတိပြုပါ။