အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


လက်ဆေးခြင်း

လက်ကို စနစ်တကျဆေးကြောခြင်း 

ကိုယ်ခံအားစနစ် အားနည်းသည့် လူနာများသည် ရောဂါပိုးဝင်ရောက်နိုင်ခြေ ပို၍များပါသည်။ တစ်ခါတစ်ရံတွင် ဤရောဂါပိုးများသည် အသက်အန္တရာယ် ရှိနိုင်ပါသည်။ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင်ပြုလုပ်နိုင်သည့် အလွယ်ကူဆုံးနှင့် အရေးကြီးဆုံးအရာသည် သင့်လက်ကိုဆေးခြင်းဖြစ်ပါသည်။

အောက်ပါအခြေအနေများတွင် ဆပ်ပြာနှင့် ရေကို အသုံးပြုပါ- 

  • သင့်လက်များ ညစ်ပတ်နေပါက 
  • သင်သည် သွေး သို့မဟုတ် အခြားခန္ဓာကိုယ်မှ အရည်များကို ထိကိုင်မိပါက 
  • သင်သည် အစားအစာကို ကိုင်တွယ်ခြင်း သို့မဟုတ် ပြင်ဆင်ရန် ပြုလုပ်နေပါက 

အခြားအချိန်များတွင် သင်သည် အရက်ပြန်ပါဝင်သည့် လက်သန့်ဂျယ်ကို အသုံးပြုနိုင်ပါသည်။ နည်းလမ်းနှစ်ခုစလုံးသည် ပိုးမွှားများကို သေစေနိုင်ပါသည်။ 

ဆပ်ပြာနှင့် ရေဖြင့် မည်သို့ဆေးရမည်နည်း 

  1. သင့်လက်များကို စိုစွတ်အောင် ပြုလုပ်ပါ။ 
  2. ဆပ်ပြာ လေးပုံတစ်ပုံပမာဏကို သင့်လက်ပေါ် ညှစ်ထည့်ပါ။ 
  3. အမြှုပ်ကောင်းကောင်းထွက်အောင် ပြုလုပ်ပါ။ 
  4. သင့်လက်များကို 15–20 စက္ကန့်ကြာ အချင်းချင်းပွတ်ပေးပါ။ ပွတ်သည့်အခါတွင် အချင်းချင်းဖိ၍ ပွတ်ပေးပါ။ 
  5. သင့်လက်နှင့် လက်ကောက်ဝတ်မျက်နှာပြင်တစ်ခုလုံးကို ဆေးကြောပါ။ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်ချောင်းထိပ်နှင့် လက်သည်းများပါ ပါဝင်ပါသည်။ 
  6. သင့်လက်ဖဝါးများကို အောက်သို့စိုက်ထား၍ လက်များကို ဆေးကြောပါ။ 
  7. စက္ကူလက်သုတ်ပုဝါဖြင့် သင့်လက်ကို ခြောက်သွေ့အောင် သုတ်ပါ။ အကယ်၍ သင်သည် အိမ်မှာဖြစ်ပါက သန့်ရှင်းသည့် ပုဝါတစ်ထည်သည်လည်း အဆင်ပြေပါသည်။ 
  8. ရေပိုက်ခေါင်းကို ပိတ်ရန်နှင့် ထွက်ပေါက်တံခါးကို ဖွင့်ရန်အတွက် စက္ကူလက်သုတ်ပုဝါကို အသုံးပြုပါ။ 
သင့်လက်ကို စနစ်တကျဆေးကြောနည်း အဆင့်ဆင့်။

သင့်လက်ကို စနစ်တကျဆေးကြောနည်း အဆင့်ဆင့်။

အရက်ပြန်ပါဝင်သည့် လက်သန့်ဂျယ်ဖြင့် မည်သို့ဆေးရမည်နည်း 

  1. ကြေးပြားအရွယ်ပမာဏရှိသည့် ဂျယ်ကို သင့်လက်ပေါ်သို့ ညှစ်ထည့်ပါ။ 
  2. သင့်လက်နှစ်ဖက်ကို အချင်းချင်း ပွတ်ပေးပါ။ ပွတ်သည့်အခါတွင် အချင်းချင်းဖိ၍ ပွတ်ပေးပါ။ 
  3. လက်ဖမိုး၊ လက်ချောင်းကြား၊ လက်ချောင်းထိပ်နှင့် လက်သည်းများကြားအပါအဝင် လက်ဖဝါးမျက်နှာပြင်တစ်ခုလုံးကို ပွတ်ပါ။ 
  4. သင့်လက်များ ခြောက်သွေ့သွားသည်အထိ ဆက်တိုက်ပွတ်ပါ။ သင့်လက်ကို စက္ကူလက်သုတ်ပုဝါဖြင့် မသုတ်ပါနှင့်။ 
လက်သန့်ဆေးရည်အသုံးပြုနည်း အဆင့်ဆင့်။

လက်သန့်ဆေးရည်ကို စနစ်တကျအသုံးပြုနည်း အဆင့်ဆင့်

သင့်လက်များကို မည်သည့်အချိန်တွင် ဆေးရမည်နည်း 

  • အိမ်သာတက်ပြီးနောက် 
  • ကလေးအနှီးလဲပေးပြီးနောက် သို့မဟုတ် ကလေးအိမ်သာတက်ရာတွင် ကူညီပေးပြီးနောက် 
  • သင့်ကလေးအပါအဝင် လူနာတစ်ဦးနှင့် တိုက်ရိုက်ထိတွေ့ပြီးနောက် 
  • လူနာအခန်းထဲသို့ မဝင်ခင်နှင့် ထွက်ခွာပြီးနောက် 
  • ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် နှပ်ညှစ်ပြီးနောက်
  • အပြင်သို့ထွက်ပြီးနောက် 
  • အိမ်မွေးတိရစ္ဆာန်များကို ထိကိုင်ပြီးနောက် 
  • အစာမစားခင်နှင့် စားသောက်ပြီးနောက် 
  • သင့်ကလေးကို အစာ မကျွေးခင်နှင့် ကျွေးပြီးနောက် 

နောက်ထပ် သတင်းအချက်အလက်များအတွက် 

လက်ဆေးခြင်းနှင့် ၎င်းသည် အဘယ်ကြောင့်အရေးကြီးကြောင်းကို နောက်ထပ် သိရှိလိုပါက သင့်ကလေး၏ သူနာပြုကို ဆက်သွယ်မေးမြန်းပါ။ 

သတိပေးချက်များ

  • ရောဂါပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင်ပြုလုပ်နိုင်သည့် အလွယ်ကူဆုံးနှင့် အရေးကြီးဆုံးအရာသည် သင့်လက်ကိုဆေးခြင်းဖြစ်ပါသည်။ 
  • သင့်လက်ကို ဆပ်ပြာနှင့် ရေဖြင့် သေချာဆေးကြောခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍ ဆပ်ပြာနှင့် ရေမရှိသည့်အခါတွင် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။ 
  • သင့်လက်ကို 15-20 စက္ကန့်ကြာအောင် ပွတ်တိုက်ပါ။ 


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်