IV ဆိုသည်မှာ intravenous (သွေးပြန်ကြောအတွင်း) ဟု အဓိပ္ပါယ်ရပါသည်။ IV ဆိုသည်မှာ ပိုက်ဟုခေါ်သော ပြွန်အသေးစားတစ်ခုဖြစ်သည်။၎င်းကို သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းသည်။ IV ၏ အရွယ်အစားသည် ဖျော်ရည်သောက်ပိုက် အသေးစား သို့မဟုတ် ကော်ဖီမွှေပိုက်လောက်သာ ရှိသည်။
သင့်ကလေးသည် အကြောင်းရင်းအမျိုးမျိုးကြောင့် IV လိုအပ်နိုင်ပါသည်။ ၎င်းကို ခန္ဓာကိုယ်ထဲသို့ အရည်များ၊ ဆေးဝါးများ သို့မဟုတ် အာဟာရဓာတ်များ ပေးသွင်းရန် အသုံးပြုနိုင်သည်။ IV ကို ဓာတ်ခွဲခန်းစစ်ဆေးမှုများအတွက် သွေးထုတ်ယူရန်လည်း အသုံးပြုနိုင်သည်။ IV သည် သွေးပြန်ကြောအတွင်း ဆေးဝါးကုသမှုခံယူရန် သို့မဟုတ် သွေးနမူနာယူရန်အတွက် အပ်အထိုးခံရမည့် အကြိမ်ရေကို လျှော့ချပေးနိုင်သည်။
IV များကို 3-4 ရက်ကြာသည်အထိ ထိုးထည့်ထားနိုင်သည်။ ဓာတုကုထုံးခံယူရန် လိုအပ်သော လူနာများ သို့မဟုတ် အချိန်ကြာမြင့်စွာ သွေးပြန်ကြောကို အသုံးပြုရန်လိုအပ်သည့် အခြားလုပ်ငန်းစဉ်များရှိသော လူနာများသည် များသောအားဖြင့် ဗဟိုသွေးပြန်ကြောသွင်းပိုက်ကိရိယာများကို ထည့်သွင်းလေ့ရှိကြသည်။ ၎င်းတို့ကို ခန္ဓာကိုယ်ထဲတွင် ရက်အနည်းငယ်ထက်ပို၍ ရှိနေစေရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဤကိရိယာများရှိသည့် လူနာများသည်ပင် အချို့အရည်များကို ထိုးသွင်းရန် IV လိုအပ်နိုင်သည်။ ဥပမာ ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန် (CT) စကင်ဖတ်ခြင်း၊ သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော ရောဂါရှာဖွေရေး ပုံရိပ်ဖော်စစ်ဆေးမှုများအတွက် ဆိုးဆေးများ ထိုးသွင်းရန်အတွက် IV ကို လိုအပ်နိုင်ပါသည်။
IV အား အပ်အသေးစားတစ်ခုကို အသုံးပြု၍ သွင်းပါသည်။ IV ပိုက် နေရာတကျ ဖြစ်သွားသည့်အခါ အပ်ကို ပြန်လည်ထုတ်ယူပါသည်။
IV ပိုက်ထည့်ရာတွင် အပ်အသုံးပြုရသောကြောင့် သင့်ကလေးအနေဖြင့် အနည်းငယ် နာကျင်နိုင်ပါသည်။ လိုင်ဒိုကိန်း (Lidocaine)ကဲ့သို့သော ဆေးဝါးမျိုးအားIV ပိုက်ထည့်မည့်နေရာကို ထုံသွားစေရန် အသုံးပြုနိုင်ပါသည်။ သင့်ကလေးအနေဖြင့် အရေပြားထဲသို့ အပ်ဝင်သွားသည့် ဖိအားကို ဆက်လက်ခံစားရဦးမည် ဖြစ်ပါသည်။ သို့သော် ဆေးကြောင့် နာကျင်မှုကို သက်သာပျောက်ကင်းစေသင့်ပါသည်။
သူနာပြုသည် သွေးတားကြိုးကို စည်းနှောင်ပြီး IV ထည့်ရန် အကောင်းဆုံး သွေးပြန်ကြောကို ရှာဖွေရန် ဖိကြည့်သည်။ သူနာပြုသည် IV ထည့်မည့်နေရာကို သန့်စင်ပေးသည်။
ဝန်ထမ်းတစ်ဦးက လူနာ၏ လက်မောင်းကို ငြိမ်နေအောင် ထိန်းထားပေးစဉ် အခြားသူနာပြုက လူနာ၏လက်အတွင်းသို့ အပ်ကိုထည့်သွင်းသည်။
အပ်ကို IV ပိုက်နှင့် ချိတ်ဆက်ထားသည်။ ပိုက်နေရာတကျ ဖြစ်သွားသည်နှင့် သူနာပြုက အပ်ကို ပြန်လည်ဖယ်ထုတ်လိုက်သည်။
IV ကို ပလာစတာဖြင့် မြဲမြံအောင် ကပ်ထားသည်။ IV ကိုကာကွယ်ရန် ပတ်တီး သို့မဟုတ် ပလတ်စတစ်အဖုံးကို အသုံးပြုနိုင်သည်။
IV ပုံမှန်အလုပ်လုပ်ခြင်း ရှိ၊ မရှိ သူနာပြုက စစ်ဆေးသည်။
IV ကို အသုံးပြုနိုင်ပြီဖြစ်သည်။
ထို့နောက် လူနာသည် IV ထိုးထည့်ရန် လိုအပ်သော လုပ်ငန်းစဉ်များအတွက် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းပိုက်ကို ပြန်လည်မဖယ်ထုတ်မချင်း ၎င်းသည် သွေးပြန်ကြောထဲ၌ ဆက်ရှိနေမည် ဖြစ်သည်။
—
St. Jude မှ အတူတကွ™ အွန်လိုင်းအရင်းအမြစ်သည် ဤဆောင်းပါးတွင် ဖော်ပြထားသော မည်သည့်ကုန်အမှတ်တံဆိပ်ပါ ထုတ်ကုန် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ထောက်ခံချက်ပေးခြင်း မရှိပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇွန်လ 2018 ခုနှစ်
ကင်ဆာဆေးသွင်းကုသခြင်းသည် ဆဲလ်များပွားနေစဉ်အတွင်း နှောင့်ယှက်ခြင်းဖြင့် အလုပ်လုပ်သည့် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာရောဂါကို ကုသပါသည်။ ကင်ဆာဆေးအကြောင်းနှင့် ၎င်းအတွက် သင့်ကလေးအား မည်သို့ပြင်ဆင်ပေးရမည်ကို ပိုမိုလေ့လာပါ။
သင့်ကလေး၏ ကုသမှုတွင် ပုံရိပ်ဖော်စစ်ဆေးမှုများသည် မည်သည်ကို ပြုလုပ်၍ မည်သို့ အရေးပါကြောင်းကို လေ့လာပါ။
ကလေးနှင့် ဆယ်ကျော်သက်ကင်ဆာ အမျိုးအစားအမျိုးမျိုးအကြောင်းကို လေ့လာပါ။ ကလေးဆိုင်ရာကင်ဆာကို ပိုမိုသိရှိနားလည်နိုင်ရန် ပြီးပြည့်စုံသောအချက်အလက်များကို ရှာဖွေလေ့လာပါ။