အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကိုယ်အပူချိန် မည်သို့တိုင်းတာရမည်နည်း

ကျွန်ုပ် ကိုယ်အပူချိန်ကို မည်သို့ တိုင်းတာရမည်နည်း။

ကိုယ်အပူချိန်ကို တိုင်းတာရန် အကောင်းဆုံးနည်းလမ်းမှာ ဒစ်ဂျစ်တယ် ကိုယ်အပူချိန်တိုင်းကိရိယာကို အသုံးပြုရန် ဖြစ်ပါသည်။ ၎င်းတို့ သည် မြန်ဆန်ပြီး အသုံးပြုရ လွယ်ကူပါသည်။ ပြဒါးပါဝင်သော ဖန် ကိုယ်အပူချိန်တိုင်းကိရိယာကို အသုံးမပြုပါနှင့်။ ပြဒါးသာမိုမီတာများသည် ကျိုးပျက်သွားပါက အဆိပ်သင့်နိုင်သည်။

အဖျားတက်ခြင်း ဆိုသည်မှာ ဘာလဲ။ အဖျားတက်ခြင်း ဆိုသည်မှာ ကိုယ်အပူချိန် မြင့်တက်လာခြင်း ဖြစ်ပါသည်။ ပုံမှန်ကိုယ်အပူချိန်မှာ 98.6°F (37°C) ဝန်းကျင် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ပါက အဖျားတက်ခြင်း ဖြစ်ပါသည်။

အဖျားတက်ခြင်း ဆိုသည်မှာ ဘာလဲ။ အဖျားတက်ခြင်း ဆိုသည်မှာ ကိုယ်အပူချိန် မြင့်တက်လာခြင်း ဖြစ်ပါသည်။ ပုံမှန်ကိုယ်အပူချိန်မှာ 98.6°F (37°C) ဝန်းကျင် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်အပူချိန် 100.4°F (38°C) ထက် ကျော်လွန်ပါက အဖျားတက်ခြင်း ဖြစ်ပါသည်။

ကလေးငယ်များတွင် ဖျားနာမှုဆိုင်ရာ လမ်းညွှန်ချက်များ

အဖျားတက်ခြင်းကို မည်သို့ သတ်မှတ်သလဲ ဆိုသည်မှာ ကိုယ်အပူချိန်တိုင်းတာရန် အသုံးပြုသည့် နည်းလမ်းပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ တိကျသော အဖျားတက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတွက် သင့်ဆရာဝန်နှင့် စစ်ဆေးမေးမြန်းပါ။

အသက် 2 လထက်ကျော်လွန်သော ကလေးများအတွက် အဖျားတက်ခြင်းကို အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်-

  • အာခံတွင်းမှ (ပါးစပ်မှတစ်ဆင့်) တိုင်းတာသော အပူချိန်မှာ 100.9°F (38.3°C) သို့မဟုတ် ထိုထက် မြင့်မားနေခြင်း

  • တစ်နာရီကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသော အာခံတွင်းမှ တိုင်းတာသော အပူချိန်မှာ 100.4°F (38.0°C) သို့မဟုတ် ထိုထက် မြင့်မားနေခြင်း 

  • ချိုင်းအောက် (ချိုင်းကြား) မှ တိုင်းတာသော အပူချိန်မှာ 99.9°F (37.7°C) ရှိနေခြင်း

  • တစ်နာရီကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသော ချိုင်းအောက်မှ တိုင်းတာသော အပူချိန်မှာ 99.4°F (37.4°C) သို့မဟုတ် ထိုထက် မြင့်မားနေခြင်း

အသက် 2 လအောက် ကလေးတွင်မူ ချိုင်းအောက်မှ တိုင်းတာသော အပူချိန်မှာ 99.4°F (37.4°C) သို့မဟုတ် ထိုထက် မြင့်မားနေပါက အဖျားတက်ခြင်း ဖြစ်ပါသည်။

ကိုယ်အပူချိန် တိုင်းတာရန် အကောင်းဆုံးနည်းလမ်းမှာ ဘာလဲ။

ယေဘုယျအားဖြင့် အာခံတွင်းမှ ကိုယ်အပူချိန်တိုင်းတာခြင်းသည် အဖျားတက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် အတိကျဆုံး နည်းလမ်း ဖြစ်ပါသည်။ အကယ်၍ ကလေးသည် အလွန်ငယ်ရွယ်လွန်းနေပါက သို့မဟုတ် ပါးစပ်အတွင်း နာကျင်သော အနာများ ရှိနေပါက ကိုယ်အပူချိန်ကို ချိုင်းအောက်တွင် တိုင်းတာပါ။

အာခံတွင်းမှ တိုင်းတာခြင်းနှင့် ချိုင်းအောက်မှ တိုင်းတာခြင်းတို့သည် ကလေးသူငယ် ကင်ဆာလူနာအများစုအတွက် လမ်းညွှန်တိုက်တွန်းထားသော နည်းလမ်း နှစ်မျိုး ဖြစ်ကြပါသည်။ နဖူးသွေးကြော အပူချိန်တိုင်းကိရိယာ သို့မဟုတ် နားတွင်းသုံး ကိုယ်အပူချိန်တိုင်းကိရိယာကဲ့သို့သော အခြားနည်းလမ်းများကို အသုံးပြုမီ သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ၊ ၎င်းတို့သည် တိကျမှု လျော့နည်းနိုင်သောကြောင့် ဖြစ်ပါသည်။ နို့စို့အာခံတွင်းသုံး ကိုယ်အပူချိန်တိုင်းကိရိယာများနှင့် နဖူးကပ်ပတ်ပြားများကို ရှောင်ကြဉ်ပါ။ ၎င်းတို့ သည် တိကျသော တိုင်းတာမှု ရလဒ်များကို ပေးစွမ်းနိုင်ခြင်း မရှိပါ။

အရေးကြီးသောအချက်- စအိုမှတစ်ဆင့် (တင်ပါးဆုံနေရာတွင်) ကိုယ်အပူချိန် တိုင်းတာခြင်းသည် ကလေးသူငယ် ကင်ဆာလူနာများအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ကင်ဆာလူနာများသည် များသောအားဖြင့် ကိုယ်ခံအားစနစ် အားနည်းနေတတ်ကြပါသည်။ ၎င်းတို့ သည် စအိုဝနှင့် တင်ပါးဆုံနေရာ ပတ်လည်၌ အဖုအပိမ့်များ သို့မဟုတ် အနာများ ရှိနေနိုင်သည်။ စအိုတွင်းသုံး ကိုယ်အပူချိန်တိုင်းကိရိယာသည် စအိုဧရိယာ၏ ပါးလွှာသော အရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပြီး ရောဂါပိုးကူးစက်နိုင်ခြေ ကို မြင့်တက်စေနိုင်ပါသည်။ စအိုတွင်း အပူချိန်တိုင်းတာချက်များကို ကင်ဆာဝေဒနာခံစားနေရသော ကလေးငယ်များတွင် အဖျားတက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် ပုံမှန်အားဖြင့် အသုံးပြုလေ့မရှိပါ။

ကင်ဆာရောဂါ (Cancer) မရှိဘဲ အခြားသော ကျန်းမာရေးကောင်းမွန်သည့် နို့စို့ကလေးငယ်များနှင့် ကလေးသငယ်များအတွက်မူ ကလေးအထူးကုဆရာဝန်များက စအိုတွင်း ကိုယ်အပူချိန်တိုင်းတာခြင်းကို လမ်းညွှန်ကောင်း လမ်းညွှန်နိုင်ပါသည်။ စအိုတွင်းသုံး ကိုယ်အပူချိန်တိုင်းကိရိယာများသည် ခန္ဓာကိုယ်အပူချိန်၏ အတိကျဆုံး ဖတ်ရှုချက်ကို ပေးစွမ်းလေ့ရှိပါသည်။ အဖျားတက်ခြင်းကို မည်သို့တိုင်းတာရမည် နှင့်ပတ်သက်၍ သင့်ဆရာဝန်၏ လမ်းညွှန်ချက်များကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။ 

ဒစ်ဂျစ်တယ် ကိုယ်အပူချိန်တိုင်းကိရိယာကို မည်သို့ သန့်စင်ရမည်နည်း။

ကိုယ်အပူချိန်တိုင်းကိရိယာ အများစုကို ဆပ်ပြာနှင့် ရေကို အသုံးပြု၍ သန့်စင်နိုင်ပါသည်။ မျက်နှာပြင်ကို သုတ်သင်ရှင်းလင်းရန်အတွက် (70% အိုင်ဆိုပရိုပိုင် အယ်လ်ကိုဟော ပါဝင်သော) ဆေးဘက်ဆိုင်ရာ အယ်လ်ကိုဟောကိုလည်း အသုံးပြုနိုင်ပါသည် (ပါးစပ်တွင်း မအသုံးပြုမီ ရေဖြင့် ပြန်လည်ဆေးကြောပါ)။ သန့်ရှင်းသော အဝတ်စဖြင့် ခြောက်သွေ့အောင် သုတ်ပါ။

ကိုယ်အပူချိန်တိုင်းကိရိယာကို ရေနွေးဆူဆူတွင် ပြုတ်ခြင်း သို့မဟုတ် ရေထဲတွင် စိမ်ထားခြင်းမျိုး မပြုလုပ်ရပါ။ ပန်းကန်ဆေးစက်အတွင်း ထည့်သွင်းသန့်စင်ခြင်း မပြုလုပ်ရပါ။ ထုတ်လုပ်သူထံမှ လမ်းညွှန်ချက်များကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။

အဖျားတက်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ နှင့်ပတ်သက်၍ ပိုမိုပြည့်စုံသော အချက်အလက်များကို ရှာဖွေဖတ်ရှုပါ


ပြန်လည်စစ်ဆေးထားသည်- ဩဂုတ်လ 2021 ခုနှစ်

ဆက်စပ်အကြောင်းအရာများ