အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ပင်မဆဲလ်ကို စုဆောင်းရန်အတွက် သွေးကိုခွဲခြားစိတ်ဖြာခြင်း

သွေးကိုခွဲခြားစိတ်ဖြာခြင်းဆိုသည်မှာ အဘယ်နည်း။

သွေးကိုခွဲခြားစိတ်ဖြာခြင်း ဆိုသည်မှာ သွေး၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားသည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို သွေးဖွဲ့စည်းပေးသည့် (hematopoietic) ဆဲလ်များကဲ့သို့သော ဆဲလ်များကို စုဆောင်းရန် ပြုလုပ်နိုင်ပါသည်။ ပင်မဆဲလ်များကဲ့သို့သော ဆဲလ်များကို စုဆောင်းရန် ပြုလုပ်နိုင်သည်.

သွေးပြန်ကြောထဲရှိ သွေးမှ ပင်မဆဲလ်များ စုဆောင်းခြင်းကို သွေးပင်မဆဲလ် စုဆောင်းခြင်း သို့မဟုတ် အပြင်မှ သွေးပင်မဆဲလ် လှူဒါန်းခြင်းဟုလည်း ခေါ်ပါသည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်းစက်သည် သွေးပြန်ကြောမှ သွေးကိုယူ၍ သွေးကို အပိုင်းလိုက် ခွဲထုတ်ပါသည် (သွေးရည်ကြည်, သွေးခဲစေသော သွေးဉမွှားဆဲလ်များ, သွေးဖြူဥများ၊ နှင့် သွေးနီဥ ဆဲလ်များ)။ သွေးထဲမှ ပင်မဆဲလ်များကို ဖယ်ရှားပါသည်။ ကျန်သည့်သွေးကို သွေးပြန်ကြောမှတစ်ဆင့် ခန္ဓာကိုယ်သို့ ပြန်ပို့ပေးပါသည်။ မည်သည့်အချိန်တွင်မဆို ခန္ဓာကိုယ်မှ သွေးအနည်းငယ်သာ ထွက်သွားပါသည်။ ဖယ်ရှားလိုက်သည့် သွေးအစိတ်အပိုင်းများကို နောင်တွင်အသုံးပြုရန်အတွက် သိမ်းဆည်းထားမည်ဖြစ်ပါသည်။

ပင်မဆဲလ်စုဆောင်းရန်အတွက် သွေးကိုခွဲခြားစိတ်ဖြာခြင်းလုပ်ထုံးလုပ်နည်းကို ပြုလုပ်နေသော ဆယ်ကျော်သက်မိန်းကလေး

သွေးကိုခွဲခြားစိတ်ဖြာခြင်း ဆိုသည်မှာ သွေး၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားသည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို သွေးဖွဲ့စည်းသည့် (hematopoietic) ပင်မဆဲလ်များကဲ့သို့သော ဆဲလ်များကို စုဆောင်းရန် ပြုလုပ်နိုင်ပါသည်။

အစားထိုးကုသရန်အတွက် ပင်မဆဲလ်များကို အလှူရှင် သို့မဟုတ် လူနာထံမှ ရရှိနိုင်ပါသည်။

  • အခြားသူထံမှ (allogeneic) အစားထိုးကုသမှု သည် လူနာ၏ ပျက်စီးနေသော သို့မဟုတ် ပျက်စီးသွားသော ပင်မဆဲလ်များကို အစားထိုးကုသရန်အတွက် အခြားသူတစ်ဦး (အလှူရှင်) ထံမှ ကျန်းမာသော ပင်မဆဲလ်များကို အသုံးပြုပါသည်။ 
  • လူနာ၏ ကိုယ်ပိုင် ပင်မဆဲလ်ဖြင့် အစားထိုးကုသမှု သည် ကင်ဆာဆေးသွင်းကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး ပမာဏမြင့်မားစွာ ခံယူခြင်းကြောင့် ပျက်စီးနေသော သို့မဟုတ် ပျက်စီးသွားသော ဆဲလ်များကို အစားထိုးကုသရန်အတွက် လူနာ၏ကိုယ်ပိုင် ပင်မဆဲလ်များကို အသုံးပြုပါသည်။ 

သွေးကိုခွဲခြားစိတ်ဖြာခြင်းမပြုလုပ်ခင် ဂရင်နျူလိုဆိုက်သွေးဖြူဥကို လှုံ့ဆော်ပေးသည့်ပရိုတင်း (granulocyte-colony stimulating factor၊ G-CSF) ဟုခေါ်သည့် ဆေးတစ်မျိုးကို ပေးပါလိမ့်မည်။ G-CSF သည် သွေးထဲတွင် လှည့်ပတ်နေသည့် ပင်မဆဲလ်အရေအတွက်ကို တိုးမြင့်စေသည့် သွေးဖွံ့ဖြိုးစေသည့်ပရိုတင်းဓာတ်တစ်မျိုး ဖြစ်ပါသည်။ G-CSF ကို တစ်နေ့တစ်ကြိမ် ထိုးဆေးအဖြစ် (ထိုးဆေး) ထိုးပေးပါသည်။ စောင့်ရှောက်မှုအဖွဲ့သည် သွေးကိုခွဲခြားစိတ်ဖြာခြင်းမပြုလုပ်မီ ဆေးကိုအကြိမ်မည်မျှထိုးရန်လိုအပ်ကြောင်းကို သင့်အား အသိပေးပါလိမ့်မည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်း ပြုလုပ်နေစဉ် မည်သည့်တို့ကို မျှော်လင့်ထားရမည်နည်း

သွေးကိုခွဲခြားစိတ်ဖြာခြင်းသည် တစ်ရက်လျှင် 3 နာရီမှ 8 နာရီအထိ ကြာပါသည်။ ဆဲလ်များကို လုံလောက်စွာစုဆောင်းနိုင်ရန်အတွက် အကြိမ်ပေါင်းများစွာပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ အကယ်၍ 1 ကြိမ်ထက်ပို၍ လိုအပ်ပါက သွေးကိုခွဲခြားစိတ်ဖြာခြင်းကို တစ်နေ့တစ်ကြိမ်သာ ပြုလုပ်လေ့ရှိပါသည်။ ဝန်ထမ်းများသည် မျှော်လင့်ထားရမည့် အရာများကို ရှင်းပြပေးမည်ဖြစ်ပြီး မေးခွန်းများကို ဖြေကြားပေးပါမည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်း ပြုလုပ်စဉ်အတွင်း သင်သည် အိပ်ရာထဲတွင် နေရပါမည်။ သက်သောင့်သက်သာရှိ၍ ချောင်ချိသောအဝတ်ကို ဝတ်ဆင်ပါ။ လုပ်ထုံးလုပ်နည်း ပြုလုပ်နေစဉ်အတွင်း၊ သင်သည် အိပ်ရာထဲတွင် အနားယူနိုင်ပါသည်၊ ရုပ်ရှင်ကြည့်နိုင်ပါသည်၊ စာဖတ်နိုင်ပါသည် သို့မဟုတ် အခြားတိတ်ဆိတ်ငြိမ်သက်သော လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါသည်။

လုပ်ထုံးလုပ်နည်းကို များသောအားဖြင့် အပ်လိုင်း 2 လိုင်း (အပ်နှစ်ချောင်းလိုအပ်သည့် လုပ်ထုံးလုပ်နည်း) ဖြင့် ပြုလုပ်လေ့ရှိပါသည်။ ဆေးအဖွဲ့သည် သွေးပြန်ကြောအရွယ်အစားနှင့် လိုအပ်သည့် ကုသမှုအရေအတွက်အပေါ် အခြေခံ၍ အပ်လိုင်းများထားရှိရန် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပါမည်။ အပ်လိုင်းအမျိုးအစားများတွင် အောက်ပါတို့ ပါဝင်ပါသည်-

ဆေးအဖွဲ့သည် ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချရန်အတွက် အဆင့်များကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ သွေးကိုထိတွေ့သည့် ပိုက်ပြွန်များအားလုံးသည် ပိုးမွှားကင်းစင်ပြီး တစ်ကြိမ်သာ အသုံးပြုပါသည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်းဆိုင်ရာ သူနာပြုတစ်ဦးသည် တုံ့ပြန်မှုများ သို့မဟုတ် ပြဿနာများကို စောင့်ကြည့်ရန်အတွက် ကုတင်ဘေးတွင် နေပေးမည် ဖြစ်ပါသည်။

သင်သည် သွေးကိုခွဲခြားစိတ်ဖြာခြင်းစက်နှင့် ပြွန်များဖြင့် တပ်ဆင်ထားမည်ဖြစ်သောကြောင့် သင်သည် လုပ်ထုံးလုပ်နည်းစတင်သည်နှင့် အခန်းမှ ထွက်ခွာနိုင်မည် မဟုတ်ပါ။ လိုအပ်ပါက ရွှေ့ပြောင်းနိုင်သည့် အိမ်သာသုံးပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်း လုပ်ထုံးလုပ်နည်းအပြင်၊ သင်သည် အခြားစစ်ဆေးမှုများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို လိုအပ်နိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ဓာတ်ခွဲစစ်ဆေးမှုများ- သွေး၏ မတူညီသည့်အစိတ်အပိုင်းများကို တိုင်းတာရန်နှင့် သွေးဆဲလ်အရေအတွက်ကို စစ်ဆေးရန်အတွက် သွေးစစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်ပါသည်။ အကယ်၍ သွေးဥအရေအတွက်သည် နည်းနေပါက သွေးကိုခွဲခြားစိတ်ဖြာခြင်း မပြုလုပ်ခင် သွေးသွင်းရန် လိုအပ်နိုင်ပါသည်။
  • ကူးစက်ရောဂါအတွက် စစ်ဆေးမှုများ- ဓာတ်ခွဲခန်းစစ်ဆေးမှုများသည် အသည်းရောင်အသားဝါ B နှင့် C ဗိုင်းရပ်စ်ပိုး၊ human T cell lymphotropic virus (HTLV-I/II)၊ ကာလသားပိုး၊ West Nile ဗိုင်းရပ်စ်နှင့် ခုခံအားကျစေသည့် ဗိုင်းရပ်စ် (HIV) ကဲ့သို့သော ကူးစက်ရောဂါအချို့ကိုလည်း ရှာဖွေပါမည်။ စစ်ဆေးမှုရလဒ်များမှ ကူးစက်ရောဂါတစ်ခုဖြစ်ကြောင်းကို ညွှန်ပြပါက သင့်အား အကြောင်းကြားမည် ဖြစ်ပါသည်။
  • သွေးအစိတ်အပိုင်းများ ထည့်သွင်းခြင်း- အကယ်၍ သွေးနီဥအရေအတွက် နည်းနေပါက သို့မဟုတ် လူနာ သို့မဟုတ် အလှူရှင်၏ အရွယ်အစားသည် သေးငယ်ပါက ဝန်ထမ်းများသည် လုပ်ထုံးလုပ်နည်းမစတင်မီ လှူဒါန်းထားသောသွေးကို သွေးကိုခွဲခြားစိတ်ဖြာခြင်းစက်၏ ပိုက်ထဲသို့ ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။ ၎င်းသည် သွေးနီဥအရေအတွက် အရမ်းမနည်းသွားစေရန် ကူညီပေးပါသည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်း၏ ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိုးများ

သွေးကိုခွဲခြားစိတ်ဖြာခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် လူများ သွေးလှူဒါန်းသည့်အခါ ဖြစ်ပွားနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ဆင်တူပါသည်။ ဘေးထွက်ဆိုးကျိုးများသည် အများအားဖြင့် ပြင်းထန်ခြင်းမရှိဘဲ ယာယီသာ ဖြစ်ပါသည်။ ရှားပါးသည့် သို့မဟုတ် မသိရသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေ အမြဲရှိပါသည်။

သွေးကိုခွဲခြားစိတ်ဖြာခြင်း၏ ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • မူးဝေခြင်း
  • သတိလစ်ခြင်း
  • အပ်စိုက်ထားသည့်နေရာတွင် နာကျင်ခြင်း သို့မဟုတ် ညိုမဲစွဲခြင်း
  • သွေးဆုံးရှုံးခြင်း
  • ရောဂါပိုးဝင်ခြင်း
  • သွေးကိုခွဲခြားစိတ်ဖြာခြင်းပြုလုပ်နေစဉ်အတွင်း လက်ခံရရှိသည့် သွေးထုတ်ကုန်များအပေါ်သို့ တုံ့ပြန်မှု
  • သွေးကိုခွဲခြားစိတ်ဖြာခြင်းသည် မပြီးသေးခင် ရပ်တန့်သွားပါက သွေးအနည်းငယ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်မည်မဟုတ်ပါ။

သွေးကိုခွဲခြားစိတ်ဖြာခြင်းသည် သွေးဥမွှားအရေအတွက် သို့မဟုတ် သွေးဖြူဥအရေအတွက်ကို လျော့နည်းစေနိုင်ပါသည်။ ဒီလျော့နည်းမှုသည် အများအားဖြင့် အနည်းငယ်သာ ဖြစ်ပါသည်။ သို့သော် NSAIDs သို့မဟုတ် အက်စပရင်ကဲ့သို့သော ဆေးများသည် သွေးယိုစီးမှုအန္တရာယ်ကို မြင့်တက်စေပါသည်။ G-CSF သောက်သုံးနေစဉ် သို့မဟုတ် ပင်မဆဲလ်စုဆောင်းပြီနောက် 2 ပတ်အတွင်း ဤဆေးများကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားချက်မရှိပါက မသောက်သုံးပါနှင့်။ှ

သွေးကျဲဆေးကြောင့် ဖြစ်ပေါ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများ

သွေးကိုခွဲခြားစိတ်ဖြာခြင်းလုပ်နေစဉ်အတွင်း သင့်ဆရာဝန်သည် စီထရိတ် (citrate)ဟုခေါ်သော ဆေးကို ပေးနိုင်ပါသည်။ ၎င်းသည် သွေးကျဲဆေး ဖြစ်ပါသည်။ ၎င်းသည် သွေးကိုခွဲခြားစိတ်ဖြာသည့်စက်ထဲတွင် သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။

စီထရိတ် (citrate) သည် အောက်ပါတို့ပါဝင်သည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်-

  • ကြွက်တက်ခြင်း
  • ထုံခြင်း
  • ချမ်းတုန်ခြင်း
  • ကျင်ခြင်း
  • ပါးစပ်ထဲတွင် ထူးဆန်းသည့် သို့မဟုတ် သတ္တုဓာတ်အရသာရနေခြင်း
  • စိုးရိမ်ပူပန်မှုကို ခံစားရခြင်း
  • တက်ခြင်း (ရှားပါးဖြစ်ရပ်များတွင်)

ဤတုံ့ပြန်မှုများကို ကာကွယ်ရန် သို့မဟုတ် ကုသရန်အတွက် စောင့်ရှောက်မှုအဖွဲ့သည် ကယ်လ်စီယမ်ဓာတ်ကို ပါးစပ်ဖြင့် သို့မဟုတ် သွေးပြန်ကြောမှတစ်ဆင့် ပေးနိုင်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မည်သည့်အချိန်တွင် ဆက်သွယ်ရမည်နည်း

၎င်းတို့တွင် အလွန်ရှားပါးသည့် သို့မဟုတ် မသိရှိရသေးသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည့် အန္တရာယ် အမြဲရှိပါသည်။ အကယ်၍ သင်သည် သွေးကိုခွဲခြားစိတ်ဖြာခြင်း ပြုလုပ်နေစဉ် ဘေးထွက်ဆိုးကျိုးများ၊ ပုံမှန်မဟုတ်သော စိတ်ခံစားချက်များ သို့မဟုတ် စိတ်မသက်မသာဖြစ်မှုတစ်ခုခုကို သတိပြုမိပါက သူနာပြု သို့မဟုတ် ဆရာဝန်ကို ချက်ချင်းပြောပြပါ။

သင်သည် သွေးကိုခွဲခြားစိတ်ဖြာခြင်းအကြောင်း မေးခွန်းများရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် သွေးလှူစင်တာမှ ဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးပါ။

ပင်မဆဲလ်ကို စုဆောင်းရန်အတွက် သွေးကိုခွဲခြားစိတ်ဖြာခြင်းနှင့် ပတ်သက်သည့် အဓိကအချက်များ

  • သွေးကိုခွဲခြားစိတ်ဖြာခြင်း ဆိုသည်မှာ သွေး၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားသည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို အစားထိုးကုသရန်အတွက် သွေးနီဥ (သွေးကို ဖွဲ့စည်းပေးသည့်) ပင်မဆဲလ်များကို စုဆောင်းရန် ပြုလုပ်နိုင်ပါသည်။
  • သွေးပြန်ကြောအတွင်းရှိ သွေးမှ ပင်မဆဲလ်များ စုဆောင်းခြင်းကို အပြင်မှ သွေးပင်မဆဲလ် လှူဒါန်းခြင်းဟုလည်း ခေါ်ပါသည်။
  • သွေးကိုခွဲခြားစိတ်ဖြာခြင်း၏ ဘေးထွက်ဆိုးကျိုးအများစုသည် ပြင်းထန်ခြင်းမရှိဘဲ သွေးလှူဒါန်းသည့်အခါ ဖြစ်ပွားနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ဆင်တူပါသည်။
  • သွေးကိုခွဲခြားစိတ်ဖြာခြင်းပြုလုပ်စဉ်အတွင်း သူနာပြုတစ်ဦးသည် လုပ်ထုံးလုပ်နည်း၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် လုပ်ထုံးလုပ်နည်းအတွင်း ပေးသောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်မည် ဖြစ်ပါသည်။
  • လုပ်ထုံးလုပ်နည်း မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက်တွင် စောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားချက်များအကြောင်းကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2023 ခုနှစ်

ဆက်စပ်အကြောင်းအရာများ