ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာဆိုသည်မှာ မျိုးရိုးဗီဇတစ်ခုအတွင်း သက်ရောက်မှုဖြစ်စေသည့် အပြောင်းအလဲ (မျိုးရိုးဗီဇပြောင်းလဲမှု) ဖြစ်သည်။ အုပ်စုတစ်ခု သွေးနီဥဆဲလ်များအတွင်း ဟေမိုဂလိုဘင် ထုတ်လုပ်ပေးသည့် မျိုးရိုးဗီဇတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်သွေးနီဥဆဲလ် အားလုံးတွင် ဟေမိုဂလိုဘင် ပါဝင်သည်။ ဟေမိုဂလိုဘင် သည် အဆုတ်မှ ခန္ဓာကိုယ်အနှံ့အပြားသို့ အောက်ဆီဂျင် သယ်ဆောင်ပေးသည့် ပရိုတင်းတစ်မျိုး ဖြစ်သည်။
ပုံမှန်ဟေမိုဂလိုဘင် ရှိသူများတွင် ဟေမိုဂလိုဘင် အေ အမျိုးအစား တစ်ခုတည်းသာ ရှိသည်။ ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိသူများတွင်မူ ၎င်းတို့၏ သွေးနီဥဆဲလ်များထဲ၌ ဟေမိုဂလိုဘင် အေ နှင့် ဟေမိုဂလိုဘင် အီး နှစ်မျိုးလုံး ရှိနေတတ်သည်။
ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိသူအများစုတွင် ဖျားနာမှုဆိုင်ရာ လက္ခဏာများ သို့မဟုတ် ရောဂါလက္ခဏာများ ပြသလေ့မရှိပါ။ ဤလက္ခဏာသည် ပုံမှန်အားဖြင့် မည်သည့်ကျန်းမာရေးပြဿနာမျှ မဖြစ်စေပါ။
ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိသူများတွင် ဟေမိုဂလိုဘင် အီး ရောဂါ (Hemoglobin E Disease) သို့မဟုတ် ဟေမိုဂလိုဘင် အီး/ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin E/Beta Thalassemia) မရှိပါ။ ၎င်းတို့သည် နောင်တစ်ချိန်တွင်လည်း ထိုအခြေအနေများ မဖြစ်ပွားနိုင်ပါ။ သို့သော်လည်း ၎င်းတို့သည် ဤရောဂါများအတွက် မျိုးရိုးဗီဇများကို ၎င်းတို့၏ သားသမီးများထံ လက်ဆင့်ကမ်း ပေးနိုင်ပါသည်။
ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာသည် ဖြစ်ခဲပါသည်။ ၎င်းသည် အရှေ့တောင်အာရှ၊ အာဖရိက၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း သို့မဟုတ် မြေထဲပင်လယ်ဒေသတို့မှ ဆင်းသက်လာသူများတွင် ပိုမိုအဖြစ်များသည်။ သို့သော်လည်း မည်သည့်လူမျိုး သို့မဟုတ် မည်သည့်ဆင်းသက်ရာ မျိုးရိုးမဆို ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိနေနိုင်ခြေ ရှိပါသည်။
သွေးစစ်ဆေးခြင်းဖြင့် သင့်တွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိ၊ မရှိ သိရှိနိုင်သည်။ ၎င်းစစ်ဆေးမှုများကို မွေးကင်းစကလေးငယ်များ ပုံမှန်ရောဂါရှာဖွေစစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မကြာခဏ ပြုလုပ်လေ့ရှိသည်။ သင့်မိသားစုဝင်တစ်ဦးဦးတွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိနေပါကလည်း သင့်ဆရာဝန်က အဆိုပါစစ်ဆေးမှုကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာသည် မိသားစုမျိုးရိုးအလိုက် ဖြစ်ပွားတတ်သည်။ မျက်လုံးအရောင် သို့မဟုတ် ဆံပင်အရောင်ကဲ့သို့ပင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာအတွက် မျိုးရိုးဗီဇများသည် မိဘများထံမှ သားသမီးများထံသို့ မျိုးရိုးလိုက်ခြင်း သို့မဟုတ် လက်ဆင့်ကမ်းခြင်း ဖြစ်သည်။
ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိသော မိဘများသည် ဟေမိုဂလိုဘင် အီး ရောဂါ (Hemoglobin E Disease) သို့မဟုတ် ဟေမိုဂလိုဘင် အီး/ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin E/Beta Thalassemia) ရှိသည့် ကလေး မွေးဖွားလာနိုင်ပါသည်။ ကလေးတစ်ဦးတွင် အဆိုပါ သွေးဆိုင်ရာ ရောဂါ ပါလာခြင်း ရှိ၊ မရှိမှာ မိဘနှစ်ပါးစလုံးထံမှ ရရှိသော မျိုးရိုးဗီဇများအပေါ်တွင် မူတည်သည်။
အကယ်၍ မိဘတစ်ဦးတွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိပြီး ကျန်မိဘတစ်ဦးတွင် ပုံမှန်ဟေမိုဂလိုဘင် ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 50% (2 ဦးလျှင် 1 ဦး) ရှိပါသည်။
၎င်းတို့မှာ ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များ ဖြစ်ကြသည်-
အကယ်၍ မိဘတစ်ဦးတွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိပြီး ကျန်မိဘတစ်ဦးတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ သယ်ဆောင်သူလက္ခဏာ ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သော တစ်သက်တာ ခံစားရမည့် သွေးဆိုင်ရာ ရောဂါတစ်ခု ဖြစ်သည့် ဟေမိုဂလိုဘင် အီး/ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin E/Beta Thalassemia)ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိပါသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
အကယ်၍ မိဘနှစ်ပါးစလုံးတွင် ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် အီး ရောဂါ (Hemoglobin E Disease) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိပါသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
သယ်ဆောင်သူလက္ခဏာ အခြေအနေများအကြောင်း ပိုမိုလေ့လာရန် သင့်ဆရာဝန် သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ဆွေးနွေးပါ။ သင့်ပြုစုကုသရေးအဖွဲ့သည် သင့်ကျန်းမာရေးအခြေအနေနှင့် သင့်ကလေး၏ သယ်ဆောင်သူလက္ခဏာ အခြေအနေအကြောင်း ပိုမိုအသေးစိတ် ပြောပြနိုင်ပါသည်။
—
ပြန်လည်စစ်ဆေးထားသည်- ဒီဇင်ဘာလ 2023 ခုနှစ်
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသူများသည် သွေးနီဥဆဲလ်များထဲတွင် ပုံမှန်ဟေမိုဂလိုဘင် အေ နှင့် ပုံစံမမှန်သော ဟေမိုဂလိုဘင် ဒီ နှစ်မျိုးလုံး ရှိနေတတ်သည်။ ဟေမိုဂလိုဘင် ဒီ အကြောင်းနှင့် ၎င်း၏ မျိုးရိုးလိုက်ပုံ တို့ကို လေ့လာပါ။
ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease) သည် သွေးနီဥများအတွင်းရှိ ဟီမိုဂလိုဘင်ကို ထိခိုက်စေသော မျိုးရိုးလိုက် သွေးပုံမှန်မဖြစ်သည့် ရောဂါ အုပ်စုတစ်ခု ဖြစ်သည်။ ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease)နှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။
ဟေမိုဂလိုဘင် စီ ပုံစံမျိုးကွဲ သယ်ဆောင်သူ သည် သွေးနီဥများတွင် ပုံမှန်ဟေမိုဂလိုဘင် အေ နှင့် ပုံမှန်မဟုတ်သော ဟေမိုဂလိုဘင် စီ တို့ကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားခြင်းကို ဆိုလိုပါသည်။ ဟေမိုဂလိုဘင် စီ အကြောင်း လေ့လာပါ။