ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ဆိုသည်မှာ အဘယ်နည်း။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ဆိုသည်မှာ ဟေမိုဂလိုဘင် ထုတ်လုပ်မှုတွင် ကူညီပေးသည့် မျိုးရိုးဗီဇတစ်ခု ပြောင်းလဲသွားခြင်း (မျိုးရိုးဗီဇပြောင်းလဲမှု) ဖြစ်သည်။ အုပ်စုတစ်ခု သွေးနီဥဆဲလ်များအတွင်း ဟေမိုဂလိုဘင် ထုတ်လုပ်ပေးသည့် မျိုးရိုးဗီဇတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်သွေးနီဥဆဲလ် အားလုံးတွင် ဟေမိုဂလိုဘင် ပါဝင်သည်။ ဟေမိုဂလိုဘင် သည် အဆုတ်မှ ခန္ဓာကိုယ်အနှံ့အပြားသို့ အောက်ဆီဂျင် သယ်ဆောင်ပေးသည့် ပရိုတင်းတစ်မျိုး ဖြစ်သည်။
ပုံမှန်ဟေမိုဂလိုဘင် ရှိသူများတွင် ဟေမိုဂလိုဘင် အေ အမျိုးအစား တစ်ခုတည်းသာ ရှိသည်။ ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသူများတွင်မူ ၎င်းတို့၏ သွေးနီဥဆဲလ်များထဲ၌ ဟေမိုဂလိုဘင် အေ နှင့် ဟေမိုဂလိုဘင် ဒီ နှစ်မျိုးလုံး ရှိနေတတ်သည်။
သယ်ဆောင်သူလက္ခဏာသည် ရောဂါဖြစ်ပွားခြင်းနှင့် ကွဲပြားပါသည်
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသူအများစုတွင် ဖျားနာမှုဆိုင်ရာ လက္ခဏာ သို့မဟုတ် ဝေဒနာများ ပြသလေ့မရှိပါ။ ဤလက္ခဏာသည် ပုံမှန်အားဖြင့် မည်သည့်ကျန်းမာရေးပြဿနာမျှ မဖြစ်စေပါ။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသူများတွင် ဟေမိုဂလိုဘင် ဒီ ရောဂါ သို့မဟုတ် ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ မရှိပါ။ ၎င်းတို့သည် နောင်တစ်ချိန်တွင်လည်း ထိုအခြေအနေများ မဖြစ်ပွားနိုင်ပါ။ သို့သော် ၎င်းတို့သည် ဤရောဂါများအတွက် မျိုးရိုးဗီဇများကို ၎င်းတို့၏ သားသမီးများထံ လက်ဆင့်ကမ်းပေးနိုင်သည်။
- ဟေမိုဂလိုဘင် ဒီ ရောဂါ (Hemoglobin D Disease) ဆိုသည်မှာ သွေးနီဥဆဲလ်များထဲတွင် ဟေမိုဂလိုဘင် ဒီ အများဆုံး ပါဝင်နေစေသည့် မျိုးရိုးလိုက်သော သွေးဆိုင်ရာ ရောဂါ တစ်ခု ဖြစ်သည်။ ဟေမိုဂလိုဘင် ဒီ အလွန်အမင်း များပြားနေခြင်းသည် သင့်ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥဆဲလ် အရေအတွက်နှင့် အရွယ်အစားကို လျော့နည်းစေကာ အပျော့စား သွေးအားနည်းရောဂါကို ဖြစ်ပွားစေနိုင်သည်။ သွေးအားနည်းရောဂါ (Anemia)ဟေမိုဂလိုဘင် ဒီ ရောဂါ (Hemoglobin D Disease) သည် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အမျိုးအစားတစ်ခု မဟုတ်သည့်အပြင် ပုံမှန်အားဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို မဖြစ်ပွားစေပါ။
- ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) သည် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease)အမျိုးအစားတစ်ခု ဖြစ်သည်။ ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) (ပုံစံမမှန်သော အက်စ်ဒီ ရောဂါ (Sickle SD Disease) ဟုလည်း ခေါ်ဆိုသည်) ရှိသူများသည် ၎င်းတို့၏ သွေးနီဥဆဲလ်များထဲတွင် ဟေမိုဂလိုဘင် အက်စ် နှင့် ဟေမိုဂလိုဘင် ဒီ နှစ်မျိုးလုံး ပါဝင်နေတတ်သည်။ ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) အချို့အမျိုးအစားများသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။ ရောဂါ၏ ပြင်းထန်မှုအခြေအနေမှာ ဟေမိုဂလိုဘင် ဒီ အမျိုးအစားအပေါ်တွင် မူတည်သည်။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများ
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာသည် အိန္ဒိယနိုင်ငံမှ ဆင်းသက်လာသူများ သို့မဟုတ် အာရှအိန္ဒိယနွယ်ဖွားများတွင် ပိုမိုအဖြစ်များသည်။ သို့သော်လည်း မည်သည့်လူမျိုး သို့မဟုတ် မည်သည့်ဆင်းသက်ရာ မျိုးရိုးမဆို ဟေမိုဂလိုဘင် အီး ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိနေနိုင်ခြေ ရှိပါသည်။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာအတွက် စစ်ဆေးမှုများ
ရိုးရှင်းသော သွေးစစ်ဆေးခြင်းဖြင့် သင့်တွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိ၊ မရှိ သိရှိနိုင်သည်။ ၎င်းစစ်ဆေးမှုများကို မွေးကင်းစကလေးငယ်များ ပုံမှန်ရောဂါရှာဖွေစစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မကြာခဏ ပြုလုပ်လေ့ရှိသည်။ သင့်မိသားစုဝင်တစ်ဦးဦးတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိနေပါက သင့်ဆရာဝန်က အဆိုပါစစ်ဆေးမှုကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ မျိုးရိုးလိုက်ပုံ
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာသည် မိသားစုမျိုးရိုးအလိုက် ဖြစ်ပွားတတ်သည်။ မျက်လုံးအရောင် သို့မဟုတ် ဆံပင်အရောင်ကဲ့သို့ပင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာအတွက် မျိုးရိုးဗီဇများသည် မိဘများထံမှ သားသမီးများထံသို့ မျိုးရိုးလိုက်ခြင်း သို့မဟုတ် လက်ဆင့်ကမ်းခြင်း ဖြစ်သည်။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသော မိဘများသည် ဟေမိုဂလိုဘင် ဒီ ရောဂါ၊ ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ သို့မဟုတ် ဟေမိုဂလိုဘင် ဒီ/ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ ရှိသည့် ကလေး မွေးဖွားလာနိုင်ပါသည်။
ကလေးတစ်ဦးတွင် ရောဂါပါလာခြင်း ရှိ၊ မရှိမှာ မိဘနှစ်ပါးစလုံးထံမှ ရရှိသော မျိုးရိုးဗီဇများအပေါ်တွင် မူတည်သည်။ ဟေမိုဂလိုဘင် စီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ မည်သို့လက်ဆင့်ကမ်းသည် ကိုလည်းကောင်း၊ ၎င်းသည် သင့်သားသမီးများနှင့် မြေးများ၏ ကျန်းမာရေးအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည် ကိုလည်းကောင်း နားလည်ထားရန် အရေးကြီးပါသည်။
မိဘတစ်ဦးတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိပြီး ကျန်မိဘတစ်ဦးတွင် ပုံမှန်ဟေမိုဂလိုဘင် ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 50% (2ဦးတွင် 1 ဦး) ရှိပါသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 50% (2ဦးတွင် 1 ဦး) ရှိခြင်း
- ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာမပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 50% (2ဦးတွင် 1 ဦး) ရှိခြင်း
မိဘနှစ်ပါးစလုံးတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် ဒီ ရောဂါ (Hemoglobin D Disease) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိပါသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဟေမိုဂလိုဘင် ဒီ ရောဂါ (Hemoglobin D Disease) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိခြင်း
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 50% (2ဦးတွင် 1 ဦး) ရှိခြင်း
- သယ်ဆောင်သူလက္ခဏာ သို့မဟုတ် ရောဂါ မရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
မိဘတစ်ဦးတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိပြီး ကျန်မိဘတစ်ဦးတွင် ပုံစံမမှန်သော သွေးဆဲလ် သယ်ဆောင်သူလက္ခဏာ ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အမျိုးအစားတစ်ခုဖြစ်သည့် ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိပါသည်။
ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) ရှိသူများသည် ၎င်းတို့၏ သွေးနီဥဆဲလ်များထဲတွင် ဟေမိုဂလိုဘင် အက်စ် နှင့် ဟေမိုဂလိုဘင် ဒီ နှစ်မျိုးလုံး ပါဝင်နေတတ်သည်။ ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေနိုင်သည့် တစ်သက်တာ ခံစားရမည့် ရောဂါဝေဒနာတစ်ခု ဖြစ်သည်။ ဤရောဂါရှိသူများသည် ဆေးဝါးကုသမှု ခံယူရန် လိုအပ်ပါသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိခြင်း
- ပုံစံမမှန်သော သွေးဆဲလ် သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease) (ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease)) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိခြင်း
- သယ်ဆောင်သူလက္ခဏာ သို့မဟုတ် ရောဂါ မရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
မိဘတစ်ဦးတွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာရှိပြီး ကျန်မိဘတစ်ဦးတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ သယ်ဆောင်သူလက္ခဏာ ရှိနေပါက-
ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဟေမိုဂလိုဘင် ဒီ/ဘီတာ ဇီးရိုး မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin D/Beta Zero Thalassemia Disease) (Dβ0) ရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိပါသည်။ ဟေမိုဂလိုဘင် Dβ0 ဇီးရိုး မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin D/Beta Zero Thalassemia Disease) သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် တစ်သက်တာ ခံစားရမည့် ရောဂါဝေဒနာတစ်ခု ဖြစ်သည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိခြင်း
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- ဟေမိုဂလိုဘင် ဒီ/ဘီတာ ဇီးရိုး မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin D/Beta Zero Thalassemia Disease) ပါရှိသော ကလေးမွေးဖွားလာနိုင်ခြေ 25% (4 ပုံ 1 ပုံ) ရှိခြင်း
- သယ်ဆောင်သူလက္ခဏာ သို့မဟုတ် ရောဂါ မရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာအကြောင်း ပိုမိုသိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။ သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့က သင့်တွင်ရှိသော လက္ခဏာအခြေအနေနှင့် သင့်ကလေး၏ အခြေအနေတို့နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားပေးနိုင်ပါသည်။
ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ နှင့်ပတ်သက်သော အဓိကအချက်များ
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာသည် ဆံပင်အရောင် သို့မဟုတ် မျက်လုံးအရောင်ကဲ့သို့ပင် မိဘများထံမှ သားသမီးများထံသို့ မျိုးရိုးလိုက်ခြင်း သို့မဟုတ် လက်ဆင့်ကမ်းခြင်း ဖြစ်သည်။
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသူများသည် ၎င်းတို့၏ သွေးနီဥဆဲလ်များထဲတွင် ပုံမှန်ဟေမိုဂလိုဘင် အေ နှင့် ပုံစံမမှန်သော ဟေမိုဂလိုဘင် ဒီ နှစ်မျိုးလုံး ရှိနေတတ်သည်။
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိနေခြင်းသည် မည်သည့်ကျန်းမာရေးပြဿနာမျှ မဖြစ်ပွားစေပါ။
- ရိုးရှင်းသော သွေးစစ်ဆေးခြင်းဖြင့် သင့်တွင် ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိ၊ မရှိ သိရှိနိုင်သည်။
- ဟေမိုဂလိုဘင် ဒီ ပုံစံမျိုးကွဲ သယ်ဆောင်သူ လက္ခဏာ ရှိသော မိဘများသည် ဟေမိုဂလိုဘင် ဒီ ရောဂါ (Hemoglobin D Disease)၊ ဟေမိုဂလိုဘင် အက်စ်ဒီ ရောဂါ (Hemoglobin SD Disease)၊ သို့မဟုတ် ဟေမိုဂလိုဘင် ဒီ/ဘီတာ ဇီးရိုး မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Hemoglobin D/Beta Zero Thalassemia Disease) ရှိသည့် ကလေး မွေးဖွားလာနိုင်ပါသည်။
—
ပြန်လည်စစ်ဆေးထားသည်- ဒီဇင်ဘာလ 2023 ခုနှစ်