အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သိုင်းရွိုက်အကျိတ်များ နှင့် ကင်ဆာရောဂါ (Cancer)

သိုင်းရွိုက်အကျိတ်များနှင့် သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ဆိုတာ ဘာလဲ။

သိုင်းရွိုက်အကျိတ်များသည် သိုင်းရွိုက်ဂလင်းတွင် ဖြစ်ပေါ် တတ်သော ပုံမှန်မဟုတ်သည့် ဆဲလ်များ၏ အကျိတ်များ ဖြစ်ကြသည်။ သိုင်းရွိုက်အကျိတ် အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ကင်ဆာရောဂါ (Cancer)မဟုတ်ပါဘူး။

သိုင်းရွိုက် ကာစီနိုမာ (Thyroid Carcinoma) ဟုခေါ်သည့် သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) သည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အလွန်ရှားပါးပါသည်။ အမေရိကန်ပြည်ထောင်စုရှိ သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ၏ 2% ခန့်သည် အသက် 20 အောက် လူများတွင် ဖြစ်ပွားသည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရှိရသော သိုင်းရွိုက်အကျိတ် 25% ခန့်သည် ကင်ဆာ (အကျိတ်ဆိုး) ဖြစ်သည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်းရှေ့ရှိ လည်မျို၏ အောက်ခြေတွင် တည်ရှိသော လိပ်ပြာပုံစံ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ၎င်းတွင် အပိုင်း 2 ခုရှိသည်- ညာဘက်တွင် 1 ခု နှင့် ဘယ်ဘက်တွင် 1 ခု။

သိုင်းရွိုက်ဂလင်းသည် ခန္ဓာကိုယ်၏ အတွင်းပိုင်းဂလင်းစနစ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ၎င်းသည် ထရိုင်အိုင်အိုဒိုသိုင်းရိုနင်း (T3) နှင့် သိုင်းရိုဇင်း(T4) ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။ သိုင်းရွက်ဟော်မုန်းများသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ ဖြစ်သော အပူချိန်၊ အစာစားချင်စိတ်၊ ကြီးထွားမှုနှင့် စွမ်းအင် အသုံးပြုမှုပမာဏ စသည်တို့ကို လည်ပတ်စေရန် ကူညီပေးသည်။ ဦးနှောက်တွင် ထုတ်လုပ်သည့် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ဟုခေါ်သော ဟော်မုန်းတစ်မျိုးသည် T3 နှင့် T4 သွေးပမာဏကို ထိန်းချုပ်ပေးသည်။

သိုင်းရွိုက်ဂလင်းသည် အစားအစာမှ အိုင်အိုဒင်းနှင့် သိုင်းရိုဂလိုဘူလင် (Tg) ဟုခေါ်သော သိုင်းရွိုက်ပရိုတင်းကို အသုံးပြု၍ T3 နှင့် T4 ဟော်မုန်းများကို ထုတ်လုပ်သည်။ ကျန်းမာသော သိုင်းရွိုက်တစ်ရှူးများနှင့် ကင်ဆာဖြစ်နေသော သိုင်းရွိုက်တစ်ရှူးနှစ်မျိုးစလုံးသည် ဤ သိုင်းရိုဂလိုဘူလင် ပရိုတင်းကို ထုတ်လုပ်ပေးပါသည်။ ဆရာဝန်များသည် ကုသမှုခံယူပြီးနောက် သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) အသစ်များကို ရှာဖွေရန် သွေးအတွင်းရှိ သိုင်းရိုဂလိုဘူလင် ပမာဏကို စောင့်ကြည့်နိုင်သည်။

အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများအား ပုံဖော်ထားသည့် ဂရပ်ဖစ်ပုံတွင် သိုင်းရွိုက်ဂလင်းကို အရောင်ဖြင့် မီးမောင်းထိုးပြထားပြီး တံဆိပ်ကပ်၍ အမည်ဖော်ပြထားပါသည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်ရှေ့ရှိ လည်မျို၏ အောက်ခြေတွင် တည်ရှိဖြစ်သည်။ ၎င်းတွင် အပိုင်း 2 ခုရှိသည်- ညာဘက်တွင် 1 ခုနှင့် ဘယ်ဘက်တွင် 1 ခု။

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ၏ လက္ခဏာများ

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) များသည် မည်သည့် ရောဂါလက္ခဏာမျှ မပြပါ။ ဆရာဝန်သည် ပုံမှန် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတစ်ခုအတွင်း ဤ ကင်ဆာရောဂါ (Cancer)ကို တွေ့ရှိနိုင်သည်။ ပုံမှန်အားဖြင့် ကျန်းမာသော သိုင်းရွိုက်သည် အရေပြားမှ ထိတွေ့စမ်းသပ်မိရန် ခက်ခဲပါသည်။ သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) သည် သိုင်းရွိုက်ဂလင်းတွင် အကျိတ်တစ်ခုအဖြစ် ပေါ်လာနိုင်သည် သို့မဟုတ် လည်ပင်းတွင် ရောင်ရမ်းနိုင်သည်။ ရှားရှားပါးပါးသာ သင့်ကလေးတွင် အောက်ပါတို့ ရှိနိုင်သည်-

  • အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ
  • မျိုချရာတွင် အခက်အခဲရှိခြင်း သို့မဟုတ် မျိုချသည့်အခါ နာကျင်ခြင်း
  • အသံဝင်ခြင်း

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

ကလေးသူငယ် သိုင်းရွိုက်ကင်ဆာရောဂါ (Childhood Thyroid Cancer) အတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများမှာ-

  • စွမ်းအင်မြင့် ဓာတ်ရောင်ခြည် (အိုင်အိုနိုက်ဇင်း ဓာတ်ရောင်ခြည် ဟု လူသိများသော) ပမာဏများစွာနှင့် ထိတွေ့မိခြင်း
  • မျိုးရိုးဗီဇအရ ဖြစ်ပေါ်လာနိုင်ခြေရှိခြင်း မိဘများထံမှ ဆက်ခံရရှိလာခြင်း၊ မျိုးစုံသော အတွင်းပိုင်းဂလင်းစနစ်ဆိုင်ရာအကျိတ်ဖြစ်ခြင်း အမျိုးအစား 2 (MEN2) ကဲ့သို့ အခြေအနေများ

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ရှာဖွေခြင်း

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) အမျိုးအစားပေါ် မူတည်၍ ဆရာဝန်သည် အောက်ပါတို့ကို အသုံးပြု၍ ရောဂါရှာဖွေနိုင်သည်-

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) အမျိုးအစားများ

ကလေးများတွင် တွေ့ရသော သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) အမျိုးအစားများ-

  • ခွဲခြားသတ်မှတ်၍ရသော သိုင်းရွိုက်ကင်ဆာရောဂါ (Differentiated Thyroid Cancer) (DTC) ဆဲလ်များသည် ပို၍ပုံမှန်အတိုင်း ထင်ရပြီး ဖြည်းဖြည်းချင်းသာ ကြီးထွားသည်။ DTC အမျိုးအစား 2 မျိုးရှိသည်-
    • ပါပီလာရီ သိုင်းရွိုက်ကင်ဆာ (Papillary Thyroid Cancer) သည် အဖြစ်အများဆုံးဖြစ်သည်။ ၎င်းသည် ကလေးသူငယ်များတွင်ဖြစ်ပွားသော သိုင်းရွိုက်ကင်ဆာဖြစ်စဉ်အားလုံး၏ 90% နှုန်းခန့်ကို ကိုယ်စားပြုသည်။
    • ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာရောဂါ (Follicular Thyroid Cancer)
  • မက်ဒူလာရီ သိုင်းရွိုက်ကင်ဆာရောဂါ (Medullar Thyroid Cancer) (MTC) သည် အာရုံကြောနှင့် ဟော်မုန်းစနစ်ဆိုင်ရာ အကျိတ် အမျိုးအစားတစ်ခု ဖြစ်ပြီး၊ သိုင်းရွိုက်ဂလင်း၏ ပါရာဖော်လီကူလာ ဆဲလ်များမှ စတင်ဖြစ်ပေါ်သည်။ ဤဆဲလ်များသည် ကယ်လ်စီတိုနင် ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်သည်။ MTC သည် အများအားဖြင့် မိသားစုမျိုးရိုးလိုက်တတ်သည်။

သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ကုသမှု

သိုင်းရွိုက်ဂလင်းကို ဖယ်ရှားရန် ခွဲစိတ်မှု ကို သိုင်းရွိုက်ဖယ်ရှားခြင်း ဟုလူသိများပြီး စံသတ်မှတ်ထားသောကုသမှုဖြစ်သည်။ သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ရှိသော ကလေးများသည် အသက်ရှင်နိုင်ခြေ 95% ရှိသည်။

DTC အတွက် ကုသမှုများသည် အလားတူဖြစ်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်-

  • ခွဲစိတ်ကုသမှု
  • ပစ်မှတ်ထားကုထုံးများ
  • အလယ်အလတ်မှ မြင့်မားသောအန္တရာယ်ရှိသည့် လူနာများအတွက် 131I ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဖြင့် ကုသမှု။

MTC သည် ဟော်မုန်းများထုတ်လုပ်သော သိုင်းရွိုက်ဆဲလ်အုပ်စုတွင် စတင်သည်။ ၎င်းသည် ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ထိခိုက်နိုင်သည်။ ဆရာဝန်များသည် ဤကင်ဆာရောဂါ (Cancer)ကို အခြားသိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) များနှင့် ကွဲပြားစွာ ကုသသည်။ လူနာများသည် ခွဲစိတ်ကုသမှုနှင့် ပစ်မှတ်ထားကုထုံးများခံယူနိုင်သည်။

အဓိကအချက်များ

  • ကလေးများနှင့် ဆယ်ကျော်သက်များတွင် သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) ဖြစ်ပွားခဲသည်။
  • သိုင်းရွိုက်ဂလင်းသည် ခန္ဓာကိုယ်၏ အပူချိန်၊ အစာစားချင်စိတ်၊ ကြီးထွားမှုနှင့် စွမ်းအင်အဆင့်ကဲ့သို့သော လုပ်ဆောင်ချက်များကို ထိန်းချုပ်သည့် ဟော်မုန်းများကို ထုတ်လုပ်သည်။
  • ကလေးများတွင် တွေ့ရှိရသော သိုင်းရွိုက်ကင်ဆာရောဂါ (Thyroid Cancer) အမျိုးအစား 3 မျိုးရှိသည်- ပါပီလာရီ၊ ဖော်လီကူလာ နှင့် မက်ဒူလာရီ။
  • သင့်ကလေး၏ ကုသမှုသည် ကင်ဆာရောဂါ (Cancer) အမျိုးအစားပေါ် မူတည်ပါသည်။


ပြန်လည်စစ်ဆေးထားသည်- ဒီဇင်ဘာလ 2022 ခုနှစ်