အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သင့်ကလေး၏ ဝေဒနာသက်သာရေးပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခြင်း

လူနာများနှင့် မိသားစုများအနေဖြင့် ၎င်းတို့၏ ဝေဒနာသက်သာရေးပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ရှင်းလင်းပြတ်သား၍ ပွင့်လင်းမြင်သာမှုရှိသည့် စဉ်ဆက်မပြတ် ဆက်သွယ်ပြောဆိုခြင်းရှိရန်မှာ အရေးကြီးပါသည်။ ၎င်းသည် လူတိုင်းကို နေ့တိုင်းအကောင်းဆုံးဖြစ်အောင် အတူတကွ လုပ်ဆောင်နိုင်စေရန် ကူညီပေးပါသည်။

အစောပိုင်း စကားပြောဆိုဆက်သွယ်မှုများသည် အောက်ပါတို့ကို ဖြစ်စေပါသည်-

  • ကုသမှုအတွက် ရည်မှန်းချက်များကို တည်ဆောက်ခြင်း
  • မျှော်မှန်းထားချက်များကို ရှင်းလင်းဖော်ထုတ်ခြင်း
  • လိုအပ်ချက်များကို ဖော်ထုတ်ပေးပါ
  • မိသားစု၏ တန်ဖိုးထားမှုများနှင့် ဦးစားပေးသတ်မှတ်ချက်များကို နားလည်သဘောပေါက်ခြင်း

မိသားစုများသည် ဤရည်မှန်းချက်များကို ၎င်းတို့၏ သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ပုံမှန် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဤအရာများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

ကလေးများကို သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအကြောင်း ပြောဆိုခြင်း

သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုသည် ကလေးများအား ၎င်းတို့၏ ရောဂါအပေါ် ပိုမိုထိန်းချုပ်နိုင်စွမ်းရှိစေပြီး ၎င်းတို့၏ နေ့စဉ်ဘဝကို နေထိုင်ပုံအပေါ်လည်း ထိန်းချုပ်နိုင်စေပါသည်။ သင့်ကလေးကို ၎င်းတို့၏ လိုအပ်ချက်များအကြောင်း ပြောဆိုပါ။ ၎င်းတို့သည် အဖုအပိမ့်များထွက်၍ ယားယံခြင်းကို သက်သာစေခြင်း၊ သူငယ်ချင်းများနှင့် ပို၍အချိန်ဖြုန်းရန် နည်းလမ်းများကို ရှာဖွေခြင်း သို့မဟုတ် နာကျင်မှုကို စီမံခန့်ခွဲခြင်းကဲ့သို့သော အရာများ ဖြစ်နိုင်ပါသည်။

ကလေးအချို့မှ နာကျင်မှုနှင့် ဘေးထွက်ဆိုးကျိုးများသည် ကုသမှု၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး ကူညီနိုင်ရန် မည်သို့မှ ပြုလုပ်နိုင်မည် မဟုတ်ဟု ထင်ကောင်းထင်နိုင်ပါသည်။ အချို့ကလေးများသည် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို မျှဝေရန် ရှက်ရွံ့နေနိုင်သည်။ အခြားသူများမှာ မိသားစုဝင်များကို စိတ်အနှောင့်အယှက်ဖြစ်စေလိုခြင်း မရှိပါ။

မိသားစုစောင့်ရှောက်သူများသည် သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ပြောဆိုတိုင်ပင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ မိသားစုများသည် ကလေး၏ ဘေးထွက်ဆိုးကျိုးများနှင့် အခြားစိုးရိမ်ပူပန်မှုများအကြောင်းကို မှတ်တမ်းတင်ထားနိုင်ပါသည်။ ၎င်းတို့သည် ဤမှတ်စုများကို သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် မျှဝေနိုင်ပါသည်။ အကယ်၍ မိဘနှင့် ကလေးကြားတွင် ဆက်သွယ်ပြောဆိုရန် မည်သည့်အချိန်တွင်မဆို ခက်ခဲခြင်းရှိပါက သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုပေးသူသည် ကူညီပေးနိုင်ပါသည်။

မိသားစုပြုစုစောင့်ရှောက်သူများနှင့် သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့အကြား ပြောဆိုဆက်သွယ်မှုကို တိုးတက်ကောင်းမွန်စေရန် မည်သို့လုပ်ဆောင်ရမည်နည်း။

ချစ်ခင်ရသူတစ်ဦး ဖျားနာနေသည့်အချိန်တွင် ပြုစုစောင့်ရှောက်သူများနှင့် အခြားမိသားစုဝင်များသည် ရှုပ်ထွေးသည့် လိုအပ်ချက်များနှင့် စိတ်ခံစားမှုများ ရှိကြပါသည်။ သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့သည် မိသားစုများအား ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွင်း လမ်းညွှန်ပေးရန်၊ စောင့်ရှောက်မှုအစီအစဉ်များကို ပြုလုပ်ရန်နှင့် နေ့စဉ်စိုးရိမ်ပူပန်မှုများအား စီမံခန့်ခွဲရာတွင် ကူညီပေးနိုင်ပါသည်။

သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့သည် မိသားစုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် နီးကပ်စွာဖြင့် ဆက်သွယ်ဆောင်ရွက်ပါသည်။ ၎င်းတို့သည် မိဘများအား ရှုပ်ထွေးနက်နဲသည့် ဆုံးဖြတ်ချက်များ၏ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။ ၎င်းတို့သည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မိသားစု၏ တန်ဖိုးများနှင့် ယုံကြည်ချက်များကို လေးစားလိုက်နာကြောင်း သေချာစေရန် ကူညီပေးနိုင်ပါသည်။

သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းသည် မိသားစုများအား အရေးကြီးသောမေးခွန်းများကို မေးမြန်းနိုင်ရန် ကူညီပေးနိုင်ပါသည်။ ကလေးကင်ဆာနှင့် ပတ်သက်၍ မိသားစု၏မေးခွန်းများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • ကျွန်ုပ်တို့၏ ကလေးအတွက် မှန်ကန်သောဆုံးဖြတ်ချက်များကို ပြုလုပ်ချမှတ်နိုင်ခြင်း ရှိ၊ မရှိကို သေချာမသိဘဲ ဖြစ်နေကြ၍ ၎င်းသည် ကျွန်ုပ်တို့အား ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ သင် မည်သို့ ကူညီပေးနိုင်ပါသနည်း။
  • ကီမိုဆေးသွင်းခြင်းကုထုံး ကုသမှုများပြုလပ်နေစဉ်အတွင်း ကျွန်ုပ်တို့၏ ကလေးကို ကျောင်းသို့ ပို့သင့်ပါသလား။
  • သင်သည် ဤအချက်အလက်များအား ကျွန်ုပ်တို့ နားလည်သဘောပေါက်စေရန် အကူအညီပေးနိုင်ပါသလား၊ ၎င်းသည် ကုသမှုအစီအစဉ်များအပေါ်တွင် မည်သို့ သက်ရောက်မှုရှိပါသနည်း။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ တစ်ယောက်အနေဖြင့် သင်၏အမြင်အရ ဤအချိန်တွင် သင့်အတွက် အစိုးရိမ်အပူပန်ဆုံး အချက်က ဘာဖြစ်ပါသနည်း။
  • အကယ်၍ ပျောက်ကင်းအောင် ကုသ၍မရပါက ဘဝနိဂုံးစောင့်ရှောက်မှုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရန်နှင့် ၎င်းတို့အား စောင့်ရှောက်မှုအဖွဲ့တစ်ခုလုံးထံသို့ အသိပေးရန်အတွက် ကျွန်ုပ်တို့အား ကူညီပေးနိုင်ပါသလား။ ကျွန်ုပ်တို့၏ ကလေးအား မည်သည့်အရာကို ပြောဆိုသင့်ပါသနည်း။
  • ကျွန်ုပ်၏ ကလေးကို အိမ်သို့ ခေါ်ဆောင်သွားလိုပါသည်။ ၎င်းသည် မည်သည့်ပုံစံမျိုး ဖြစ်လာနိုင်ပါသနည်း။ သင် မည်သို့ ကူညီပေးနိုင်ပါသနည်း။

မိသားစုများအား ၎င်းတို့၏ သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့များနှင့် ဆက်သွယ်ပြောဆိုရာတွင် ကူညီပေးနိုင်မည့် အကြံပြုချက်များ

  • သင့်ကလေး ပြုလုပ်လိုသည့် အရာများ၊ ရောဂါလက္ခဏာ ထိန်းချုပ်ရေး၊ နာကျင်ကိုက်ခဲမှု သက်သာလျော့ပါးခြင်းနှင့် အကြောက်တရာများနှင့် မသေချာမရေရာမှုကို စီမံဆောင်ရွက်ရန် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးပါ။
  • အရေးကြီးသည့် မိသားစုတန်ဖိုးများနှင့် ဘာသာရေးဆိုင်ရာယုံကြည်ချက်များကို မျှဝေပါ။ ၎င်းတို့သည် ပြုစုစောင့်ရှောက်မှုနှင့် ကုသမှုဆိုင်ရာဆုံးဖြတ်ချက်များအား မည်သို့လွှမ်းမိုးနိုင်သည်ကို ပြောဆိုဆွေးနွေးပါ။
  • သင်၏ သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့အား အချက်အလက်များကို သင့်အား မည်သို့ပေးစေလိုကြောင်းကို ပြောဆိုပါ။ သင့်ကလေးနှင့် ပတ်သက်သည့် သတင်းရရှိသည့်အခါတွင် မည်သည့်အရာသည် အထောက်အကူဖြစ်စေသည် သို့မဟုတ် မည်သည့်အရာသည် အထောက်အကူမဖြစ်ကြောင်းကို အဖွဲ့အား အသိပေးပြောဆိုပါ။ 
  • သင့်ကလေးနှင့် အချက်အလက်များအား မည်သို့မျှဝေရမည်ကို အသက်အရွယ်နှင့် သင့်လျော်သည့် နည်းလမ်းများဖြင့် ဆွေးနွေးပါ။ 
  • စီစဉ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတွင် သင်နှင့် သင့်ကလေးအနေဖြင့် မျှဝေနိုင်သည့် နည်းလမ်းများအကြောင်းကို တိုင်ပင်ဆွေးနွေးပါ။
  • မိသားစုဝင်များအကြားတွင် အစီအစဉ်များ သို့မဟုတ် ကုသမှုဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှုပ်ထွေးမှု သို့မဟုတ် သဘောထားကွဲလွဲမှုများ ရှိပါက အဖွဲ့အား အသိပေးပါ။ ၎င်းသည် အဖြစ်များပါသည်။ သက်သာပျောက်ကင်းရေး ပြုစုစောင့်ရှောက်မှုအဖွဲ့သည် စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် စိတ်ရှုပ်ထွေးစေသည့် အရာများကို ရှင်းပြရန်အတွက် ကူညီပေးနိုင်ပါသည်။
  • သင့်ဘဝ သို့မဟုတ် မိသားစုဝင်များ၏ ဘဝများတွင် ပြောင်းလဲမှုများ ရှိပါက အဖွဲ့အား သတင်းပေးပို့ပါ။
  • သင်စမ်းသုံးကြည့်ရန် စိတ်ဝင်စားနိုင်သည့် ဖြည့်စွက်ကုထုံး နှင့်/ သို့မဟုတ် ပေါင်းစပ်ကုထုံးများအကြောင်းကို မေးမြန်းပါ။
  • အနာဂတ်အစီအစဉ်များအကြောင်းကို ပွင်းလင်းစွာ ဆွေးနွေးပြောဆိုပါ။ စောင့်ရှောက်မှု အကူးအပြောင်းများ—အပြုသဘောဆောင်သည့် အကူးအပြောင်းများ ဖြစ်လျှင်ပင်—သည် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါသည်။ နောက်တွင်ဘာဖြစ်နိုင်ကြောင်းကို သိရှိခြင်းနှင့် ပြင်ဆင်ရန် အဆင့်များလုပ်ဆောင်ခြင်းသည် စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပြီး သင်၏ ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။

သင့်ကလေး၏ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်အဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ အဓိကအချက်များ

  • လူနာများနှင့် မိသားစုများသည် ၎င်းတို့၏ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်အဖွဲ့နှင့် ပွင့်လင်းမြင်သာမှုရှိသည့် စဉ်ဆက်မပြတ် ဆက်သွယ်ပြောဆိုမှုကို ထိန်းသိမ်းသင့်ပါသည်။ 
  • ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်အဖွဲ့နှင့် အစောပိုင်း တိုင်ပင်ဆွေးနွေးမှုများသည် ကုသမှုဆိုင်ရာ ရည်မှန်းချက်များကို ချမှတ်ရန်၊ မျှော်လင့်ချက်များကို ရှင်းလင်းစေရန်၊ လိုအပ်ချက်များကို ဖော်ထုတ်ရန်နှင့် မိသားစုတန်ဖိုးများနှင့် ဦးစားပေးများကို နားလည်သဘောပေါက်ရန် ရည်ရွယ်သင့်ပါသည်။ 
  • ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုအဖွဲ့သည် မိသားစုများက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လမ်းညွှန်ဦးတည်နေစဉ်၊ စောင့်ရှောက်မှုအစီအစဉ်များကို ပြုလုပ်နေစဉ်နှင့် နေ့စဉ်စိုးရိမ်ပူပန်မှုများကို စီမံဆောင်ရွက်နေစဉ်တွင် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်နိုင်ပါသည်။ ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်အဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းသည် မိသားစုများအား အရေးကြီးသည့်မေးခွန်းများကို မေးမြန်းခွင့်ရရှိစေသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2024 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ