ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ဆိုတာ ဘာလဲ။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ သည် ဟေမိုဂလိုဘင် ထုတ်လုပ်ပေးသည့် မျိုးရိုးဗီဇတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည် အုပ်စုတစ်ခု သွေးနီဥဆဲလ်များအတွင်း ဟေမိုဂလိုဘင် ထုတ်လုပ်ပေးသည့် မျိုးရိုးဗီဇတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်။ ဤသယ်ဆောင်သူလက္ခဏာ ရှိသူများတွင် ပျောက်ဆုံး သို့မဟုတ် ပျက်စီးနေသော မျိုးရိုးဗီဇ ရှိနေပါသည်။ ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ အား အပျော့စား ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Minor)ဟုလည်း ခေါ်ဆိုပါသည်။
သယ်ဆောင်သူလက္ခဏာသည် ရောဂါဖြစ်ပွားခြင်းနှင့် ကွဲပြားပါသည်
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိသူ အများစုတွင် လက္ခဏာများ သို့မဟုတ် ရောဂါလက္ခဏာများ ပြလေ့မရှိပါ။ ဤမျိုးရိုးဗီဇသယ်ဆောင်ထားခြင်းကြောင့် တစ်ခါတစ်ရံတွင် အပျော့စား သွေးအားနည်းရောဂါ (Mild Anemia) ဖြစ်ပွားတတ်ပါသည်။ သို့သော် ၎င်းသည် ပုံမှန်အားဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို မဖြစ်ပွားစေပါ။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိသူများသည် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Disease) သို့မဟုတ် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ခံစားနေရသူများ မဟုတ်ကြပါ။ ၎င်းတို့သည် နောင်တစ်ချိန်တွင်လည်း ထိုအခြေအနေများ မဖြစ်ပွားနိုင်ပါ။ သို့သော် ၎င်းတို့သည် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သို့မဟုတ် ပုံစံမမှန်သော ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Thalassemia) အတွက် မျိုးရိုးဗီဇများကို ၎င်းတို့၏ သားသမီးများထံသို့ လက်ဆင့်ကမ်း ပေးနိုင်ပါသည်။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သည် ခန္ဓာကိုယ်အတွင်း သွေးနီဥဆဲလ် အရေအတွက်နှင့် ဟေမိုဂလိုဘင် ထုတ်လုပ်မှုနှုန်းကို လျော့နည်းစေသည့် မျိုးရိုးလိုက်တတ်သော သွေးဆိုင်ရာ ရောဂါ (Blood Disorder) တစ်မျိုး ဖြစ်ပါသည်။ ဟေမိုဂလိုဘင် ဆိုသည်မှာ အဆုတ်မှတစ်ဆင့် သင့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထံသို့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးသည့် ပရိုတင်းတစ်မျိုး ဖြစ်ပါသည်။ ဟေမိုဂလိုဘင်တွင် အယ်လ်ဖာ ဂလိုဘင် နှင့် ဘီတာ ဂလိုဘင် ဟူ၍ အစိတ်အပိုင်း နှစ်ခု ရှိပါသည်။ ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) တွင် ထိခိုက်မှုဖြစ်ပွားရသော သီးသန့်ဟေမိုဂလိုဘင် ပရိုတင်းမှာ ဘီတာ ဂလိုဘင် ဖြစ်ပါသည်။
- ပုံစံမမှန်သော ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Thalassemia) ဆိုသည်မှာ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ၏ အမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ထုတ်လုပ်ပေးနိုင်သည့် ဟေမိုဂလိုဘင် ပမာဏအပေါ် မူတည်ပြီး လူတစ်ဦးတွင် ပုံစံမမှန်သော ဘီတာ ပလပ်စ် မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Plus Thalassemia) သို့မဟုတ် ပုံစံမမှန်သော ဘီတာ ဇီးရိုး မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Zero Thalassemia) ခံစားရနိုင်ပါသည်။ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသူတစ်ဦးတွင် တံစဉ်ပုံ သို့မဟုတ် ငှက်ပျောသီးပုံသဏ္ဍာန် ပြောင်းလဲနိုင်သော သွေးနီဥဆဲလ်များ ရှိတတ်သည်။ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည့် တစ်သက်တာ အခြေအနေတစ်ခုဖြစ်သည်။ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသူများသည် စဉ်ဆက်မပြတ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည်။ ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle cell disease)နှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ဖြစ်နိုင်ခြေရှိသည့် အချက်များ
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ သည် အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း သို့မဟုတ် မြေထဲပင်လယ်ဒေသများမှ ဆင်းသက်လာသော ဘိုးဘွားများရှိသည့် လူများတွင် အဖြစ်များသည်။ သို့သော်လည်း မည်သည့်နိုင်ငံသား သို့မဟုတ် မျိုးဖွယ်ဖြစ်ပါစေ ဘီတာမျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာရှိနိုင်သည်။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ အတွက် စစ်ဆေးမှုများ
သွေးစစ်ခြင်းဖြင့် သင့်တွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိမရှိ သိနိုင်သည်။ ၎င်းကို မွေးကင်းစကလေးငယ် စစ်ဆေးခြင်း သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ ရှာဖွေစစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ သင့်မိသားစုဝင် တစ်ဦးဦး၌ ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) ရှိပါက သင့်ဆရာဝန်ကလည်း စစ်ဆေးရန် အကြံပြုနိုင်ပါသည်။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ မျိုးရိုးလိုက်ပုံ
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သည် မိသားစုမျိုးရိုးအတွင်း လိုက်တတ်သည်။ မျက်လုံးအရောင် သို့မဟုတ် ဆံပင်အရောင်ကဲ့သို့ပင် မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Thalassemia) အတွက် မျိုးရိုးဗီဇများသည် မိဘများထံမှ သားသမီးများဆီသို့ မျိုးရိုးလိုက်ခြင်း သို့မဟုတ် လက်ဆင့်ကမ်းခြင်း ဖြစ်သည်။ ကလေးတစ်ဦးတွင် သွေးဆိုင်ရာ ရောဂါ (Blood Disorder) ရှိ၊ မရှိဆိုသည်မှာ ၎င်းတို့သည် မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးထံမှ သယ်ဆောင်သူလက္ခဏာကို ဆက်ခံရရှိခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။
အကယ်၍ မိဘတစ်ဦးတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိပြီး အခြားမိဘတစ်ဦးတွင် ပုံမှန်ဟေမိုဂလိုဘင်ရှိပါက-
ကိုယ်ဝန်ဆောင်တိုင်းတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 50% (2 ဦးတွင် 1 ဦး) အခွင့်အလမ်းရှိသည်။ ဤအခွင့်အလမ်းသည် သားယောက်ျားလေးနှင့် သမီးမိန်းကလေးများအတွက် အတူတူပင်ဖြစ်သည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 50% (2 ဦးတွင် 1 ဦး) အခွင့်အလမ်း
- သယ်ဆောင်သူလက္ခဏာမပါသော ကလေးမွေးဖွားရန် 50% (2 ဦးတွင် 1 ဦး) အခွင့်အလမ်း
အကယ်၍ မိဘတစ်ဦးတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိပြီး အခြားမိဘတစ်ဦးတွင် ပုံစံမမှန်သော သွေးဆဲလ် သယ်ဆောင်သူလက္ခဏာ ရှိပါက-
ကိုယ်ဝန်ဆောင်တိုင်းတွင် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) (ပုံစံမမှန်သော ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Thalassemia)) ရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်းရှိသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- ပုံစံမမှန်သော သွေးဆဲလ် သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- ပုံစံမမှန်သော ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Sickle Beta Thalassemia Disease) ရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- သယ်ဆောင်သူလက္ခဏာ သို့မဟုတ် ရောဂါ မရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
အကယ်၍ မိဘနှစ်ဦးစလုံးတွင် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိပါက-
ကိုယ်ဝန်ဆောင်တိုင်းတွင် အကယ်၍ မိဘနှစ်ဦးစလုံး၌ ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိပါက ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Disease) ရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်းရှိသည်။
၎င်းတို့သည် ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များဖြစ်ကြသည်-
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Disease) ရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ပါရှိသော ကလေးမွေးဖွားရန် 50% (2 ဦးတွင် 1 ဦး) အခွင့်အလမ်း
- သယ်ဆောင်သူလက္ခဏာ သို့မဟုတ် ရောဂါ မရှိသော ကလေးမွေးဖွားရန် 25% (4 ဦးတွင် 1 ဦး) အခွင့်အလမ်း
ရောဂါလက္ခဏာများ၏ ပြင်းထန်မှုသည် လူတစ်ဦးတွင်ရှိသော ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) အမျိုးအစားပေါ်တွင် မူတည်သည်။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ (အပျော့စား ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ ( Beta Thalassemia Minor) သည် မည်သည့်လက္ခဏာမျှ မပြခြင်း သို့မဟုတ် အပျော့စား သွေးအားနည်းခြင်း လက္ခဏာများကိုသာ ဖြစ်စေသည်။
- အလယ်အလတ်စား ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Intermedia) သည် အပျော့စားမှ အလယ်အလတ်စား သွေးအားနည်းခြင်းကို ဖြစ်စေသည်။
- အပြင်းစား ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Major) (မွေးရာပါ သွေးအားနည်းရောဂါ (Cooleys Anemia)) သည် ပိုမိုပြင်းထန်သော သွေးအားနည်းခြင်းကို ဖြစ်စေသည်။ ၎င်းသည် တစ်သက်တာလုံး သွေးသွင်းရန် လိုအပ်သောကြောင့် ဤအခြေအနေကို သွေးသွင်းမှုအပေါ် မှီခိုနေရသော သွေးနီဥချို့တဲ့ရောဂါ (Transfusion-Dependent Thalassemia)ဟု လူသိများသည်။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Disease) သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည့် တစ်သက်တာ သွေးဆိုင်ရာ ရောဂါ (Blood Disorder) တစ်ခုဖြစ်သည်။ ဤရောဂါရှိသူများသည် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည်။
သယ်ဆောင်သူလက္ခဏာ အခြေအနေများအကြောင်း ပိုမိုလေ့လာရန် သင့်ဆရာဝန် သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ဆွေးနွေးပါ။ သင့်ပြုစုကုသရေးအဖွဲ့သည် သင့်ကျန်းမာရေးအခြေအနေနှင့် သင့်ကလေး၏ သယ်ဆောင်သူလက္ခဏာ အခြေအနေအကြောင်း ပိုမိုအသေးစိတ် ပြောပြနိုင်ပါသည်။
ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ နှင့်ပတ်သတ်သော အဓိကအချက်များ
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ သည် ဆံပင် သို့မဟုတ် မျက်လုံးအရောင်ကဲ့သို့ပင် မိဘများထံမှ မျိုးရိုးလိုက်ခြင်းဖြစ်သည်။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သည် အာဖရိက၊ မြေထဲပင်လယ်၊ အာရှနှင့် အရှေ့အလယ်ပိုင်း မျိုးနွယ်စုများတွင် အဖြစ်အများဆုံးဖြစ်သည်။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိသူများ၏ သွေးနီဥဆဲလ်များတွင် ပုံမှန်ဟေမိုဂလိုဘင် နှင့် ပုံမှန်မဟုတ်သော ဘီတာ သွေးနီဥချို့သည့် ဟေမိုဂလိုဘင် နှစ်မျိုးလုံး ရှိနေတတ်သည်။
- ပုံမှန်အားဖြင့် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ သည် မည်သည့်ကျန်းမာရေးပြဿနာမျှ မဖြစ်စေပါ။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ကို အပျော့စား ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Minor) ဟုလည်း ခေါ်ဆိုကြသည်။
- ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia) သယ်ဆောင်သူလက္ခဏာ ရှိသော မိဘများသည် ဘီတာ မျိုးရိုးလိုက် သွေးနီဥချို့တဲ့သော သွေးအားနည်းရောဂါ (Beta Thalassemia Disease) သို့မဟုတ် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသော ကလေးကို မွေးဖွားနိုင်သည်။
—
ပြန်လည်စစ်ဆေးထားသည်- နိုဝင်ဘာလ 2023 ခုနှစ်