သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်း (PN) သည် သွေးပြန်ကြောထဲတွင် ထည့်ထားသော ပြွန်မှတစ်ဆင့် ထည့်သွင်းသော IV အာဟာရ ဖြစ်ပါသည်။ လူနာသည် အာဟာရဓာတ်များအားလုံးကို မရနိုင်သည့်အခါတွင် အသုံးပြုပါသည် ၎င်းတို့သည် ပါးစပ်ဖြင့် သို့မဟုတ် အူလမ်းကြောင်းသို့တိုက်ရိုက် (အစာပြွန်) အစာကျွေးခြင်းလိုအပ်ပါသည်။ သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်းသည် သွေးကြောထဲသို့ အရည်အဖြစ် တိုက်ရိုက်ထည့်သွင်းပါသည်။ ၎င်းသည် လူနာတစ်ဦးလိုအပ်သည့် ကယ်လိုရီများ နှင့် အာဟာရဓာတ်များကို ပံ့ပိုးပေးနိုင်ပါသည်။
သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်းကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ အာဟာရပံ့ပိုးမှုအတွက် အသုံးပြုနိုင်ပါသည်။ အပြည့်အဝ အာဟာရပံ့ပိုးမှုကို သွေးကြောမှတစ်ဆင့် စုစုပေါင်းအာဟာရထည့်သွင်းခြင်း (TPN) ဟုလည်း သိကြပါသည်။
သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်းအတွက် IV ပြွန်မျိုးစုံကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-
ဖြစ်နိုင်ပါက ပါးစပ် သို့မဟုတ် ပြွန်ပိုက်ဖြင့် အစာသွင်းခြင်းနည်းဖြင့် အာဟာရ ပံ့ပိုးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဤနည်းလမ်းများသည် အစာချေညက်ခြင်း ကို ပိုမိုသဘာဝကျသောနည်းလမ်းဖြင့် ပြုလုပ်စေနိုင်ပါသည်။ ကင်ဆာဝေဒနာသည်ကလေးများတွင် ၎င်းသည် အမြဲတမ်း မဖြစ်နိုင်ပါ။ အောက်ပါအခြေအနေများတွင် သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်းကို လိုအပ်နိုင်ပါသည်-
PN အာဟာရဖျော်ရည်ကို ဆေးဆိုင်တွင် ပြင်ဆင်ပါသည်။ ၎င်းသည် အဓိကအာဟာရဓာတ်များ ရောနှောပါဝင်သော ပိုးမွှားကင်းစင်သည့် အရည် ဖြစ်ပါသည်။ ဖော်စပ်ပုံကို အသက်၊ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးကဲ့သို့ အချက်များပေါ်တွင် မူတည်၍ လူနာ၏ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် စိတ်ကြိုက်ပြုလုပ်ထားသည်။
သွေးကြောမှတစ်ဆင့်သွင်းသော အာဟာရဖျော်ရည်သည် လူနာ၏ အာဟာရလိုအပ်ချက်များနှင့် ကိုက်ညီစေရန် စိတ်ကြိုက်ပြောင်းလဲဖော်စပ်ထားသည့် အဓိကအာဟာရဓာတ်များ ရောနှောပါဝင်သော ပိုးမွှားကင်းစင်သည့်အရည်တစ်မျိုး ဖြစ်ပါသည်။
ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓတို့သည် စွမ်းအင်အတွက် ကယ်လိုရီများ ဖြည့်ဆည်းပေးသော အဓိကအာဟာရဓာတ် 3 မျိုးဖြစ်ပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက် အမျိုးမျိုးတွင် အသုံးပြုပါသည်။
PN တွင် အောက်ပါတို့လည်း ပါဝင်သည်-
သွေးကြောမှတစ်ဆင့် အာဟာရထည့်သွင်းခြင်းကို အများအားဖြင့် ဆေးရုံတွင် စတင်လုပ်ဆောင်သည်။ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် မှတ်ပုံတင်ထားသော အာဟာရဗေဒပညာရှင်တို့သည် လူနာနေ့စဉ်လိုအပ်သည့် ကယ်လိုရီနှင့် အခြားအာဟာရဓာတ်ပမာဏကို ဆုံးဖြတ်ရန် အတူတူလုပ်ဆောင်ပါသည်။ PN အား တုံ့ပြန်ပုံကို စောင့်ကြည့်ရန် သွေးစစ်ဆေးမှုများကို လုပ်ဆောင်ပါသည်။ PN အရောအနှောကို လိုအပ်သလို ချိန်ညှိသည်။
အများအားဖြင့် လူနာများသည် တစ်နေ့လျှင် PN အာဟာရဖျော်ရည် တစ်အိတ်ထည့်သွင်းပါသည်။ PN အာဟာရဖျော်ရည်ကို 2-in-1 (ဒက်စ်ထရို့စ်နှင့် အမိုင်နိုအက်ဆစ်များ) နှင့် 3-in-1 (ဒက်စ်ထရို့စ်၊ အမိုင်နိုအက်ဆစ်များနှင့် အဆီဓာတ်များ) ပုံစံဖြင့် ရရှိနိုင်ပါသည်။ အကယ်၍ အာဟာရဖျော်ရည်တွင် အဆီဓာတ်များပါဝင်ပါက အိတ်တွင် သီးခြားအပိုင်းများ ပါဝင်မည် ဖြစ်ပါသည်။ အာဟာရဓာတ်များကို မထည့်သွင်းမီ ပိုင်းခြားထားသည့် အပြားကိုခွာ၍ ညင်သာစွာ ဆုပ်နယ်ပေးခြင်းဖြင့် ရောနှောရန် လိုအပ်ပါသည်။ အိတ်ကို လူနာ၏ IV သို့မဟုတ် ဗဟိုသွေးပြန်ကြောထဲသို့ ထည့်သွင်းထားသည့် ပြွန်ပိုက်သို့ ချိတ်ဆက်ခြင်းနှင့် သွေးအတွင်းသို့ ထည့်သွင်းသည့် ပန့်စက်ကို အသုံးပြု၍ အာဟာရဖျော်ရည်ကို ထည့်သွင်းပါသည်။ ပန့်စက်ကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အာဟာရဖျော်ရည်ကိုပေးရန် သတ်မှတ်ထားပါသည်။
စဉ်ဆက်မပြတ် PN ကို အချိန်တိုင်း ပေးထားပါသည်။ PN ကို စတင်အသုံးပြုသည့်အခါတွင် ထိုနည်းလမ်းကို အသုံးပြုပါသည်။ ၎င်းသည် လိုအပ်သည့်အာဟာရဓာတ်များ ပြည့်မီရရှိကြောင်း သေချာစေရန် ခန္ဓာကိုယ်အား ချိန်ညှိနိုင်စေပါသည်။
စက်ဝန်းသတ်မှတ်ထားသည့် PN ကို တစ်ရက်လျှင် 24 နာရီထက် လျော့နည်း၍ သတ်မှတ်ထားသည့် အချိန်ကာလတွင်း ထည့်သွင်းပေးပါသည်။ စက်ဝန်းတစ်ခုတွင် 20၊ 16၊ သို့မဟုတ် 12 နာရီကဲ့သို့ သတ်မှတ်ထားသော ကြာချိန်နာရီများအတွက် PN ကို ထည့်သွင်းပေးရန် ပန့်စက်ကို သတ်မှတ်ထားပါသည်။ စက်ဝန်းအချိန်သည် လျော့နည်းသွားသည်နှင့် ထည့်သွင်းနှုန်း တိုးလာသောကြောင့် PN သည် ခြုံငုံကြည့်ပါက တည်ငြိမ်သောနှုန်းဖြင့် ထည့်သွင်းပေးနေပါသည်။
စက်ဝန်းသတ်မှတ်ထားသည့် PN ၏ အကျိုးကျေးဇူးများ-
လူနာအများစုတွင် နေ့အချိန်၌ ပုံမှန်လုပ်ဆောင်ချက် နာရီအနည်းငယ် ပြုလုပ်နိုင်ရန် စက်ဝန်းသက်မှတ်ထားသည့် PN ကို တစ်ညလုံး ထားရှိကြပါသည်။ စက်ပစ္စည်းပေါ် မူတည်၍ PN ထည့်သွင်းစဉ်တွင် ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရန်အတွက် ဆေးသွင်းသည့်ပန့်စက်ကို ကျောပိုးအိတ်ထဲတွင် သယ်ဆောင်ထားနိုင်ပါသည်။
မှန်ကန်သည့် အာဟာရကို ရရှိစေရန်နှင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှ ကာကွယ်ရန်အလို့ငှာ ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်ပါသည်။ PN ကြောင့် ဖြစ်ပေါ်သည့် ပြဿနာတော်တော်များများကို PN ၏ ဖော်မြူလာ သို့မဟုတ် အချိန်ဇယားကို ချိန်ညှိခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ပိုးဝင်ခြင်းမှ ကာကွယ်ရန်အတွက် ဗဟိုသွေးပြန်ကြောထဲသို့ ထည့်သွင်းထားသည့် ပြွန်ပိုက်ကို သေချာဂရုစိုက်ရန်မှာလည်း အရေးကြီးပါသည်။ PN ကို ချိတ်ဆက်ခြင်းနှင့် ဖြုတ်ခြင်းကို လုပ်ဆောင်သောအခါတွင် လက်ကို စနစ်တကျဆေးကြောခြင်းနှင့် ပိုးသတ်နည်းစနစ်ကို အသုံးပြုခြင်းတို့သည် အရေးကြီးပါသည်။
PN ၏ ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲပြဿနာများတွင် ပုံမှန်မဟုတ်သော ဂလူးကို့စ်သကြားဓာတ်ပမာဏများ၊ အသည်းပြဿနာများ၊ ဓာတ်ဆား ပြောင်းလဲမှုများ၊ ဗီတာမင် သို့မဟုတ် သတ္တုဓာတ် ချို့တဲ့ခြင်းများနှင့် ရောဂါပိုးဝင်ခြင်း၊ သွေးကြောအတွင်း သွေးခဲခြင်းနှင့် ပြွန်ပိတ်ဆို့ခြင်း အပါအဝင် ပြွန်ပိုက်နှင့် သက်ဆိုင်သော ပြဿနာများ ပါဝင်ပါသည်။ PN သည် အချို့ဆေးဝါးများ၏ အာနိသင်ကိုလည်း ပြောင်းလဲစေနိုင်ပါသည်။
PN တွင် အဖြစ်များသော ပြဿနာတစ်ခုမှာ သွေးတွင်း အချိုဓာတ်များခြင်း၊ သို့မဟုတ် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း ဖြစ်ပါသည်။ ခန္ဓာကိုယ်သည် ဂလူးကို့စ်သကြားဓာတ်ကို ကောင်းစွာ အသုံးမပြုနိုင်ဘဲ သွေးတွင်း သကြားဓာတ်သည် ပုံမှန်ထက်မြင့်လာသောအခါတွင် သွေးတွင်း အချိုဓာတ်များခြင်းကို ဖြစ်ပွားနိုင်ပါသည်။ PN ကို အလွန်လျင်မြန်စွာ ထည့်သွင်းသောကြောင့် ခန္ဓာကိုယ်သည် သကြားဓာတ်ကို အသုံးမချနိုင်သော အခြေအနေမျိုးတွင် ထိုသို့ဖြစ်နိုင်ပါသည်။ ၎င်းသည် ရောဂါပိုးဝင်ခြင်း သို့မဟုတ် စတီးရွိုက်ဆေးကဲ့သို့ ဆေးဝါးကြောင့်လည်း ဖြစ်နိုင်ပါသည်။ သွေးတွင်း အချိုဓာတ်များခြင်း၏ လက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ အားနည်းခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ပါဝင်ပါသည်။ သွေးတွင်း အချိုဓာတ်များခြင်းကဲ့သို့သော ပြဿနာများကိုကာကွယ်ရန် PN ရှိ ကစီဓာတ် (ဒက်စ်ထရို့စ်) ပမာဏကို ရက်အတော်ကြာအတွင်း တဖြည်းဖြည်း တိုးပေးသွားပါသည်။ သွေးတွင်း အချိုဓာတ်နည်းခြင်း၊ သို့မဟုတ် သွေးအတွင်း သကြားဓာတ်နည်းခြင်းသည် အဖြစ်နည်းသော်လည်း PN ကို ရုတ်တရက်ရပ်လိုက်ပါက ဖြစ်ပွားနိုင်ပါသည်။
PN ထိုးသွင်းစဉ်ကာလအတွင်း စောင့်ကြည့်ရာ၌ အောက်ပါတို့ကို တိုင်းတာရန် စစ်ဆေးမှုများ ပါဝင်နိုင်သည်-
လူနာများသည် အိမ်တွင် PN ကို ထည့်သွင်းနိုင်ပါသည်။ အိမ်သို့မပြန်မီ မိသားစုအတွင်းမှ ပြုစုပေးမည့်သူများအား အောက်ပါတို့ကို လုပ်ဆောင်နည်းများအား သင်ကြားပေးပါမည်-
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇွန်လ၊ 2018 ခုနှစ်
ပြွန်ဖြင့် အစာကျွေးခြင်း သို့မဟုတ် အစာရေမျိုလမ်းကြောင်းကို အသုံးပြု၍ အာဟာရပံ့ပိုးခြင်းသည် အစာပြွန်မှတစ်ဆင့် အစာအိမ် သို့မဟုတ် အူလမ်းကြောင်းထဲသို့ အရည်အာဟာရကို ပံ့ပိုးပေးပါသည်။ ကလေးများတွင် အစာရေမျိုလမ်းကြောင်းကို အသုံးပြု၍ အစာကျွေးခြင်းအကြောင်းကို လေ့လာပါ။
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်း၊ အထူးအစားအစာများနှင့် အာဟာရပံ့ပိုးမှုတို့သည် ပြင်းထန်သောရောဂါခံစားနေရသည့် ကလေးများအတွက် အရေးကြီးသော ကုထုံးများဖြစ်ပါသည်။ ဆေးလက်တွေ့ဆိုင်ရာ အာဟာရအကြောင်းကို ပိုမိုလေ့လာပါ။
Central line (ဗဟိုသွေးပြန်ကြောသွင်းပိုက်ထည့်ခြင်း) ဆိုသည်မှာ သွေးပြန်ကြောမကြီးထဲတွင် ထည့်သွင်းထားပြီး ဆေးဝါးများ၊ အရည်များ သို့မဟုတ် အာဟာရများပေးရန်နှင့် သွေးနမူနာများ ထုတ်ယူရန် အသုံးပြုသည့် သေးငယ်သောပိုက်တစ်ခု ဖြစ်သည်။ ဗဟိုသွေးပြန်ကြောတွင်း ပိုက်ထည့်ခြင်းအကြောင်း လေ့လာပါ။