အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အဆုတ်နှင့် အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ

ကလေးဘဝကင်ဆာများ၏ အချို့သောကုထုံးများသည် အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ သင်သည် သင့်အဆုတ်ကျန်းမာရေးကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် အဆင့်များဖြင့် လုပ်ဆောင်နိုင်ပါသည်။

သင်သည် အဆုတ်ရောဂါများကို ကာကွယ်ရန်နှင့် ပြဿနာများကို စောစီးစွာ ရှာဖွေတွေ့ရှိ၍ ကုသနိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။

အဆုတ်များသည် မည်သို့ အလုပ်လုပ်ဆောင်သနည်း။ နှာခေါင်း၊ နှာခေါင်းတွင်းရှိ အခေါင်းပေါက်များ၊ လျှာ၊ အာခေါင်၊ လေပြွန်ကြီး၊ အဆုတ်များ၊ အဆုတ်တွင်းလေပြွန်နှင့် အဆုတ်တွင်းလေပြွန်ငယ်များကို အညွှန်းပြသထားသော အသက်ရှူလမ်းကြောင်းစနစ် ပုံတစ်ပုံ။ လေအိတ်ကလေးများနှင့် လေပြွန်ငယ်များကို အနီးကပ်အကြီးချဲ့၍ ပြသထားသည့် အညွှန်းတပ်ထားသော ပုံတစ်ပုံ။

အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေသော ကင်ဆာကုထုံးများ

အဆုတ်ကို ထိခိုက်ပျက်စီးစေသော ကုထုံးများတွင် အချို့ ကီမိုဆေးသွင်းကုထုံး ဆေးဝါးများ၊ ဓါတ်ရောင်ခြည်ကုထုံး၊ ခွဲစိတ်ကုသခြင်းနှင့် သွေးဖွဲ့ဆဲလ်အစားထိုးကုသမှု (ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု သို့မဟုတ် ပင်မဆဲလ် အစားထိုးကုသမှု ဟုလည်း သိကြသည်) တို့ ပါဝင်ပါသည်။ ၎င်းတို့သည် အဆုတ်အတွင်းရှိ လေအိတ်လေးများနှင့် သွေးကြောများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ကုထုံးများသည် ယားယံခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ကြောင့် လေပြွန်များ ရောင်ခြင်းနှင့် ချွဲပိုမိုထုတ်လုပ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။

ကင်ဆာဆေးသွင်းကုသခြင်း

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

  • ရင်ဘတ် သို့မဟုတ် ချိုင်းအောက်ဧရိယာကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  • ခန္ဓာကိုယ်တစ်ကိုယ်လုံး ဓါတ်ရောင်ခြည်ကုထုံး

ခွဲစိတ်ခြင်း

ရင်ဘတ် သို့မဟုတ် အဆုတ်ပါဝင်သည့် ခွဲစိတ်ကုသမှုများ ။ ၎င်းတို့တွင် ဗဟိုသွေးပြန်ကြောပိုက်လိုင်းကိရိယာထည့်သွင်းရန်အတွက် ခွဲစိတ်ခြင်း မပါဝင်ပါ။

ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု

အစားထိုးကုသမှုနှင့် လက်ခံသူ ဓာတ်မတည့်မှု ရောဂါ ရှိသည့် အစားထိုးကုသမှုခံယူသူများသည် ရောဂါဖြစ်ပွားနိုင်ခြေ များပါသည်။

အန်သရာဆိုက်ကလင်း (anthracyclines) ဟုခေါ်သော ဆေးဝါးများသည် နှလုံးကို ထိခိုက်စေနိုင်ပြီး အဆုတ်ပြဿနာများကိုလည်း ဖြစ်စေနိုင်ပါသည်။ လူနာများသည် အန်သရာဆိုက်ကလင်းဆေးဝါးများ သောက်သုံးခြင်းကို အဆုတ်ပြဿနာများအား ဖြစ်စေသည့် ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကုထုံးနှင့်အတူ ပြုလုပ်ပါက ဤအန္တရာယ်ဖြစ်နိုင်ခြေသည့် မြင့်တက်လာပါသည်။

အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

  • ကုသမှုခံယူချိန်တွင် အသက်ငယ်နေခြင်း
  • အဆုတ်ဆိုင်ရာ ပြဿနာရာဇဝင်ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • တဆင့်ခံဆေးလိပ်ငွေ့နှင့် ထိတွေ့ခံရခြင်း
  • ဆေးခြောက်ရှူခြင်းကဲ့သို့သော ရှူသွင်း‌သည့် ဆေးများသုံးစွဲခြင်း
  • အီး-စီးကရက် သို့မဟုတ် JUUL သောက်ခြင်း

ကင်ဆာကုသမှုပြီးနောက် ဖြစ်ပွားနိုင်သည့် အဆုတ်ပြဿနာများ

  • အဆုတ် အမာရွတ်ဖြစ်ခြင်း (အဆုတ်ခဲခြင်း)
  • အဆုတ်ကို မကြာခဏ ရောဂါပိုးဝင်ခြင်း (နာတာရှည် လေပြွန်ရောင်ခြင်း၊ အဆုတ်ပြွန်များ ဖောင်းပွရောင်ရမ်းခြင်း သို့မဟုတ် ပြန်ပြန်ဖြစ်သည့် အဆုတ်ရောင်ရောဂါ)
  • အဆုတ်တစ်ရှူးနှင့် လေပြွန်လမ်းကြောင်းများ ရောင်ရမ်းခြင်း (နာတာရှည် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း)
  • အဆုတ်တွင်းရှိ လေအိတ်ငယ်များ ပေါက်ကွဲခြင်း သို့မဟုတ် လေပြွန်လမ်းကြောင်းများ ထူလာပြီး ပိတ်ဆို့ခြင်း (တားဆီးခြင်း/ ပိတ်ဆို့ခြင်း အဆုတ်ရောဂါ)

အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ၏ ရောဂါလက္ခဏာများ

  • အသက်ရှူမဝခြင်း
  • မကြာခဏ ချောင်းဆိုးခြင်း
  • အသက်ရှူကြပ်၍ တရွှီရွှီမြည်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မကြာခဏ အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ရောင်ခြင်း
  • အနည်းငယ် လေ့ကျင့်ခန်းလုပ်ရုံဖြင့် မောပန်းခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
အဆုတ်အလုပ်လုပ်ဆောင်မှုကို စစ်ဆေးမှုများသည် ပုံမှန်စစ်ဆေးသည့်အခါတွင် မတွေ့ရသော အဆုတ်၏ ပြဿနာများကို တွေ့ရှိစေနိုင်ပါသည်။

အဆုတ်အလုပ်လုပ်ဆောင်မှုကို စစ်ဆေးမှုများသည် ပုံမှန်စစ်ဆေးသည့်အခါတွင် မတွေ့ရသော အဆုတ်၏ ပြဿနာများကို တွေ့ရှိစေနိုင်ပါသည်။

သင်၏ မူလကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို သင့်ရောဂါဖြစ်နိုင်ခြေ အခြေအနေများအား ပြောပြပါ။ ကုသမှုဆိုင်ရာ အကျဉ်းချုပ်ဖော်ပြချက် ပါဝင်သည့် သင်၏သက်သာပျောက်ကင်းသူစောင့်ရှောက်မှုအစီအစဉ်ကို မျှဝေပါ။

သင်၏ မူလကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို သင့်ရောဂါဖြစ်နိုင်ခြေ အခြေအနေများအား ပြောပြပါ။ ကုသမှုဆိုင်ရာ အကျဉ်းချုပ်ဖော်ပြချက် ပါဝင်သည့် သင်၏သက်သာပျောက်ကင်းသူစောင့်ရှောက်မှုအစီအစဉ်ကို မျှဝေပါ။

သင်၏ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ ဖြစ်နိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။

သင်၏ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ ဖြစ်နိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။

ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် အဆုတ်ကျန်းမာရေးအတွက် မည်သည့်တို့ကို လုပ်ဆောင်နိုင်သနည်း

သင်၏ ရောဂါဖြစ်နိုင်ခြေများကို သိရှိပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ

  • သင်၏ အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများဖြစ်ပွားနိုင်ခြေကို သိရှိပါ။ သင်သည် အဆုတ်ရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားစေသည့်ကုထုံးများ ခံယူဖူးခြင်းရှိ၊ မရှိကို သင့်ဆရာဝန်အား မေးမြန်းပါ။
  • သင်၏ သက်သာပျောက်ကင်းသူစောင့်ရှောက်မှုအစီအစဉ် မိတ္တူတစ်စောင်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် မျှဝေပါ။ ဤအစီအစဉ်တွင် သင်၏ကင်ဆာကုသမှုအကြောင်း အသေးစိတ်အချက်အလက်များနှင့် သင်၏ကုထုံးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအကြောင်း အချက်အလက်များ ပါဝင်ပါသည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားပါသည်။

အဆုတ်ပြဿနာများအတွက် အကြံပြုထားသည့် စမ်းသပ်စစ်ဆေးမှုများ

DLCO နှင့် စပိုင်မက်ထရီ အပါအဝင် အဆုတ်လုပ်ဆောင်ချက် စစ်ဆေးမှုများသည် ပုံမှန်စစ်ဆေးမှုများတွင် မတွေ့ရသော အဆုတ်ပြဿနာများကို ဖော်ပြပေးနိုင်ပါသည်။

ကင်ဆာကုသမှု ပြီးဆုံးပြီးနောက် အနည်းဆုံး ၂ နှစ်ကြာပြီးသောအခါ ပြဿနာတစ်စုံတစ်ရာရှိ၊ မရှိကို သိရှိနိုင်ရန် ဤစစ်ဆေးမှုများကို အနည်းဆုံး တစ်ကြိမ် ပြုလုပ်ခြင်းသည် အထောက်အကူဖြစ်စေပါသည်။ ရလဒ်များအပေါ်အခြေခံ၍ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် နောက်ထပ်စစ်ဆေးမှုများ လိုအပ်ခြင်းရှိ၊ မရှိကို ဆုံးဖြတ်နိုင်ပါသည်။

ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများအတွက် အဆုတ်ရောဂါကို ကာကွယ်ခြင်း

  • အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးထိုးထားပါ။
  • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
  • အဆုတ်အထူးကုဆရာဝန် (အဆုတ်အထူးကုဆရာဝန်) မှ ရေငုပ်ခြင်းသည် သင့်အတွက် ဘေးကင်းကြောင်းကို အကြံပြုထားခြင်းမရှိပါက ရေအောက်အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်းကို ရှောင်ကြဉ်ပါ။
  • စီးကရက် မသောက်ပါနှင့်။
  • အီး-စီးကရက် သို့မဟုတ် JUUL မသောက်ပါနှင့်။
  • ဆေးလိပ်ငွေ့အား တဆင့်ရှုသွင်းခြင်းကို ရှောင်ကြဉ်ပါ။
  • ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ။
  • ဆေးခြောက်ရှူခြင်းနှင့် ဆေးရှူခြင်းများ မလုပ်ပါနှင့်။
  • ဓာတုပစ္စည်းများ၊ ဓာတုပျော်ရည်များနှင့် အိမ်သုတ်ဆေးများမှ အဆိပ်သင့်စသည့် အငွေ့များကို မရှူမိပါစေနှင့်။
  • လုပ်ငန်းခွင်တွင်း လုံခြုံရေးစည်းမျဉ်းအားလုံးကို လိုက်နာဆောင်ရွက်ပါ။ လိုအပ်ပါက ကာကွယ်ရေးအသက်ရှူကိရိယာများကို အသုံးပြုပါ။ လုံခြုံဘေးကင်းမှု မရှိသည့် အလုပ်ခွင်အခြေအနေများကို လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုအဖွဲ့ (Occupational Safety and Health Administration၊ OSHA) သို့ အစီရင်ခံတင်ပြပါ။
  • ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ
  • အကြံပြုထားသော စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပါ
  • ကျန်းမာသော ဘဝနေထိုင်မှုပုံစံတစ်ခုသို့ ဦးတည်ဆောင်ရွက်ပါ

ပိုမိုသိရှိလိုပါက Children’s Oncology Group ၏ Pulmonary Health after Cancer Treatmentတွင် ဝင်ရောက်ကြည့်ရှုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- မေလ၊ 2020 ခုနှစ်