နာကျင်မှုသည် အာရုံကြောများ သို့မဟုတ် တစ်ရှူးများ ပျက်စီးသွားသောအခါ ဖြစ်ပွားသည့် မနှစ်မြို့ဖွယ်ခံစားချက်တစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်ပြမှုတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ခံစားရသည့် နာကျင်မှုသည် လူတစ်ဦးချင်းစီတွင် မတူညီနိုင်ပါ။ ၎င်းသည် သင် မြင်နိုင်သည့်အရာ မဟုတ်ပါ။ နာကျင်မှုသည် သင့်ကလေး တွေ့ကြုံခံစားရသည့် အရာများအပေါ်တွင် မူတည်ပါသည်။
နာကျင်မှုသည် ရုတ်တရက် ပြင်းထန်နိုင်ပါသည် သို့မဟုတ် နာတာရှည် ဖြစ်နိုင်ပါသည်။
သင်၏စောင့်ရှောက်မှုအဖွဲ့သည် အောက်ပါတို့ကို ရှာဖွေရန်အတွက် သင်နှင့် အတူ လုပ်ဆောင်ပါမည်-
သင်၏စောင့်ရှောက်မှုအဖွဲ့မှ နာကျင်မှုသည် ကျောင်းသွားခြင်း၊ သူငယ်ချင်းများနှင့်ကစားခြင်းနှင့် အကြိုက်ဆုံးလှုပ်ရှားမှုများလုပ်ဆောင်ခြင်း ကဲ့သို့သော သင့်ကလေး၏ နေ့စဉ်ဘဝအား မည်သို့အကျိုးသက်ရောက်သည်နှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းပါလိမ့်မည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်ကို သို့မဟုတ် သင့်ကလေးကို အောက်ပါမေးခွန်းများ မေးမြန်းနိုင်ပါသည်-
သင်၏စောင့်ရှောက်မှုအဖွဲ့သည် ကလေးများအတွက် နာကျင်မှုတိုင်းတာစကေးကို အသုံးပြု၍ သင့်ကလေး နာကျင်မှု၏ ပြင်းထန်မှုကို တိုင်းတာပါလိမ့်မည်။ နာကျင်မှုတိုင်းတာစကေးသည် ၎င်းတို့၏ အသက်အရွယ်နှင့် ၎င်းတို့ကိုယ်တိုင် နာကျင်မှုကို အဆင့်သတ်မှတ်နိုင်ခြင်း ရှိ၊ မရှိအပေါ်တွင် အခြေခံမည် ဖြစ်ပါသည်။
နာကျင်မှုဆိုင်ရာ ရောဂါလက္ခဏာများနှင့် ပတ်သက်၍ ရိုးသားရန်မှာ အရေးကြီးပါသည်။ ၎င်းသည် ပြုစုစောင့်ရှောက်မှုအဖွဲ့အား နာကျင်မှုဖြစ်ရသည့်အကြောင်းအရင်းကို နားလည်နိုင်စေပြီး ကုသမှုများကို စီစဉ်ဆောင်ရွက်ရန် အထောက်အကူဖြစ်စေလိမ့်မည်။
FLACC စကေးကို အသက် 4 နှစ်အောက် ငယ်ရွယ်သည့်ကလေးလူနာများ သို့မဟုတ် နာကျင်မှုရမှတ်ကို မပေးနိုင်သည့် လူနာများအတွက် အသုံးပြုပါသည်။ ဤစကေးသည် နာကျင်မှုနှင့် ဆက်စပ်နေသည့် အပြုအမူများကို အဆင့်သတ်မှတ်ပေးပါသည်။ အောက်ပါ အမျိုးအစား 5 ခုမှ တစ်ခုစီအတွက် ရမှတ် 0၊ 1 သို့မဟုတ် 2 မှတ် (ရမှတ် 0 သည် အနည်းဆုံး နာကျင်မှုပမာဏ ဖြစ်ပါသည်) ပေးထားပါသည်
စုစုပေါင်းရမှတ် 0-10 အထိ ရရှိရန် အမျိုးအစားတစ်ခုစီအတွက် ရမှတ်ကို ပေါင်းထည့်ပါသည်-
0- နာကျင်မှုမရှိပါ၊ သက်တောင့်သက်သာရှိပါသည်
1-3- နာကျင်မှု အနည်းငယ် သို့မဟုတ် မသက်မသာဖြစ်မှု အနည်းငယ်ရှိပါသည်
4-6- နာကျင်မှု အလယ်အလတ် သို့မဟုတ် မသက်မသာဖြစ်မှု အလယ်အလတ်ရှိပါသည်
7-10- ပြင်းထန်သော နာကျင်မှု သို့မဟုတ် အလွန်မသက်မသာဖြစ်ပါသည်
မျက်နှာနာကျင်မှုတိုင်းတာစကေး – ပြန်လည်ပြင်ဆင်ထားမှုသည် ငယ်ရွယ်သောကလေးများအား ၎င်းတို့၏ နာကျင်မှုကို အဆင့်သတ်မှတ်ရာတွင် ကူညီရန်အတွက် မျက်နှာအမူအရာများ၏ ပုံများကို အသုံးပြုပါသည်။ မျက်နှာများသည် တစ်စုံတရာက မည်မျှနာကျင်နေကြောင်းကို ပြသပါသည်။
မျက်နှာများသည် နာကျင်မှုအဆင့်သတ်မှတ်ချက်ကို 0 (နာကျင်မှုမရှိ) မှ 10 (အလွန်နာကျင်သည်) အထိ ကိုယ်စားပြုဖော်ပြပါသည်။ ကိန်းဂဏန်းများ တိုးလာသည်နှင့် မျက်နှာများသည် နာကျင်မှုအား ပို၍များလာသည်ကို ဖော်ပြပါသည်။
သင့်ကလေးအား ၎င်းတို့ အခုမည်မျှနာကျင်နေလဲဆိုသည်ကို ပြသသည့် မျက်နှာအား ညွှန်ပြရန် တောင်းဆိုပါလိမ့်မည်။
အသက်ပိုကြီးသည့် ကလေးငယ်များ၊ ဆယ်ကျော်သက်များနှင့် လူကြီးအများစုသည် ရိုးရှင်းသော 0–10 စကေးကို အသုံးပြု၍ ၎င်းတို့၏ နာကျင်မှုကို နာကျင်မှုမရှိပါက 0 နှင့် ပြင်းထန်သောနာကျင်မှုအတွက် 10 ဖြင့် အဆင့်သတ်မှတ်နိုင်ပါသည်။
နာကျင်မှုရမှတ်အပြင်၊ ဆရာဝန်သည် နာကျင်မှု၏ အကြောင်းရင်းနှင့် သင့်ကလေးမှ နာကျင်မှုခံစားချက်အား မည်သို့ဖော်ပြသည်ကို အခြေခံ၍ နာကျင်မှုအမျိုးအစားကို ခွဲခြားသတ်မှတ်ပါမည်။
နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်တိုင်း၏ ရည်မှန်းချက်များမှာ လူနာများ၏ သက်တောင့်သက်သာရှိမှု၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွပ်းနှင့် ဘဝအရည်အသွေးတို့ ဖြစ်ပါသည်။
နာကျင်မှုကို ကုသခြင်းတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
သင်၏ စောင့်ရှောက်မှုအဖွဲ့သည် ပုံမှန်စောင့်ရှောက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်ကလေး၏နာကျင်မှုကို ကာကွယ်ရန်နှင့် စီမံခန့်ခွဲရန် လုပ်ဆောင်မည် ဖြစ်ပါသည်။ သို့သော်လည်း နာကျင်မှုတချို့သည် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ထိုအချိန်သည် နာကျင်မှုဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ပါဝင်ဆောင်ရွက်သည့် အချိန်ဖြစ်ပါသည်။ နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွင် နာကျင်မှုအထူးကုဆရာဝန်အမျိုးမျိုး ပါဝင်နိုင်ပါသည်။ နာကျင်မှုကို ကုသပေးသည့် စောင့်ရှောက်မှုအဖွဲ့ဝင်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
နာကျင်မှုကို တိကျ၍ ပြီးပြည့်စုံစွာ အကဲဖြတ်တိုင်းတာခြင်းသည် သင်၏စောင့်ရှောက်မှုအဖွဲ့အား အကောင်းဆုံး နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ကို ရေးဆွဲနိုင်ရန် ကူညီပေးသောကြောင့် အရေးကြီးပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့အား အောက်ပါတို့ကို အသိပေးပါ-
နာကျင်မှုကို ဖော်ပြသည့် စကားလုံးများတွင်- ကိုက်ခဲခြင်း၊ ပူလောင်ခြင်း၊ ကြွက်တက်ခြင်း၊ ထုံအောခြင်း၊ လေးလံခြင်း၊ ပူခြင်း၊ ထုံခြင်း (pins and needles)၊ ထက်ခြင်း၊ ပစ်ခတ်သလိုနာခြင်း၊ ထိုးသလိုနာခြင်း၊ နူးနပ်နာကျင်ခြင်း၊ တဆစ်ဆစ်နာကျင်ခြင်းတို့ ပါဝင်ပါသည်။
သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်အား နာကျင်မှု နေ့စဉ်မှတ်တမ်း သို့မဟုတ် ဂျာနယ်မှတ်တမ်းတစ်ဆောင်ကို ရေးမှတ်ထားရန် တောင်းဆိုနိုင်ပါသည်။ ဥပမာအားဖြင့်၊ အောက်ပါတို့ကို ခြေရာခံပါ-
၎င်းသည် သင်နှင့် သင့်ကလေး၏စောင့်ရှောက်မှုအဖွဲ့ကို အောက်ပါတို့ကဲ့သို့သော ပုံစံများ သို့မဟုတ် နာကျင်မှုကို ဖြစ်စေသည့် အရာများကို သတိပြုမိစေရန် ကူညီပေးနိုင်ပါသည်-
နာကျင်မှုကို ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ သို့မဟုတ် နည်းဗျူဟာများနှင့် ၎င်းတို့ မည်မျှကောင်းမွန်စွာ သက်ရောက်မှုရှိကြောင်းကို သေချာမှတ်သားထားပါ။
—
St. Jude မှ အတူတကွ™ အွန်လိုင်းရင်းမြစ်သည် ဤဆောင်းပါးတွင်ဖော်ပြထားသည့် မည်သည့်အမှတ်တံဆိပ်ထုတ်ကုန် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ထောက်ခံခြင်းမပြုပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ၊ 2026 ခုနှစ်
ကလေးကျန်းမာရေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် လူနာနှင့် မိသားစုများကို ရောဂါရှာဖွေခြင်းမှ ကုသခြင်းအပြင် ကုသမှုခံယူပြီးနောက်အချိန်အထိ ကူညီပေးမည်ဖြစ်သည်။ စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခန်းကဏ္ဍများကို လေ့လာပါ။
နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုသည် ကင်ဆာ၊ သွေးရောဂါများနှင့် အခြားရောဂါများခံစားနေရသည့် ကလေးများအား စောင့်ရှောက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေးများတွင် နာကျင်မှုကို ကာကွယ်ရန်နှင့် ကုသရန် နည်းလမ်းများကို လေ့လာပါ။
သင့်ကလေးအား ၎င်းတို့တွင် ကင်ဆာရောဂါ (Cancer) ရှာဖွေ တွေ့ရှိရကြောင်း ပြောပြရန် စကားစတင်ရခြင်းသည် ခက်ခဲသော ဆွေးနွေးမှုတစ်ခု ဖြစ်နိုင်ပါသည်။ သင့်ကလေးနှင့် စကားပြောဆိုရန် အကောင်းဆုံးနည်းလမ်းများကို သိရှိနိုင်စေရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါ။