အာဟာရဗေဒပညာရှင်သည် သင့်ကလေး၏ ကျန်းမာရေးနှင့် ပြန်လည်သက်သာကောင်းမွန်လာစေရန်အတွက် လိုအပ်သည့် အာဟာရများ သေချာစွာ ရရှိစေရန် ကူညီပေးနိုင်ပါသည်။
အာဟာရဗေဒပညာရှင်သည် အစားအသောက်နှင့် အာဟာရဆိုင်ရာ အထူးလေ့ကျင့်မှုကိုရရှိထားသည့် ကျန်းမာရေးပညာရှင်တစ်ဦး ဖြစ်ပါသည်။ အာဟာရဗေဒပညာရှင်များသည် အာဟာရစောင့်ရှောက်မှုကို ပံ့ပိုးပေးပြီး လူနာများနှင့် မိသားစုများ၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန်နှင့် သက်သာကောင်းမွန်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကူညီပေးသည့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုဆိုင်ရာအလေ့အကျင့်များနှင့် သက်ဆိုင်သည့် အကြံဉာဏ်များကို ပေးပါသည်။
ကလေးအာဟာရစောင့်ရှောက်မှု၏ အဓိကရည်မှန်းချက်များမှာ ကလေးများကို ကြီးထွားဖွံ့ဖြိုးစေပြီး ပုံမှန်လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ကူညီပေးရန် ဖြစ်ပါသည်။ ကောင်းမွန်သည့်အာဟာရသည် ကျန်းမာရေးပြဿနာများကို ကာကွယ်ရန်နှင့် ဖျားနာမှု သို့မဟုတ် ကုသမှုခံယူနေစဉ်အတွင်း ဖြစ်ပေါ်သည့် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများနှင့် အခြားပြဿနာများကို စီမံခန့်ခွဲရန် ကူညီပေးနိုင်ပါသည်။
အာဟာရဗေဒပညာရှင်တစ်ဦးသည် သင့်ကလေးလိုအပ်သည့် အာဟာရဓာတ်များကိုရရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။ ဆေးလက်တွေ့ဆိုင်ရာ အာဟာရဗေဒပညာရှင်တစ်ဦးမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများမှာ-
ပါးစပ်ဖြင့် မစားနိုင်သည့် သို့မဟုတ် မသောက်သုံးနိုင်သည့် လူနာများသည် အာဟာရပံ့ပိုးမှု လိုအပ်နိုင်ပါသည်။ ဤပံ့ပိုးမှုတွင် အစာရေမျိုလမ်းကြောင်းကို အသုံးပြု၍ အာဟာရပံ့ပိုးခြင်း (ပြွန်ဖြင့် အစာကျွေးခြင်း) နှင့် သွေးကြောမှတဆင့် အာဟာရပံ့ပိုးခြင်း (IV ဖြင့် အာဟာရပံ့ပိုးခြင်း) တို့ ပါဝင်သည်။ အာဟာရဆိုင်ရာ ပံ့ပိုးမှုဆိုသည်မှာ စားသုံးခြင်း သို့မဟုတ် သောက်သုံးခြင်းဖြင့် အာဟာရလုံလောက်စွာမရရှိသည့် ကလေးများအတွက် ကုသမှုတစ်ခု ဖြစ်ပါသည်။
ကုသမှုနှင့် ၎င်း၏ဘေးထွက်ဆိုးကျိုးများသည် သင့်ကလေး၏ အစာစားချင်စိတ်ကို သက်ရောက်မှုရှိစေနိုင်ပါသည်။ ဤဘေးထွက်ဆိုးကျိုးများတွင် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် မျိုချရန်ခက်ခဲခြင်းတို့ ပါဝင်ပါသည်။ ဖျားနာနေသည့် ကလေးများသည် အစာစားချင်စိတ် ရှိမည်မဟုတ်ပါ။ အချို့ကုသမှုများသည် အစားအစာများ၏ အရသာကို ပြောင်းလဲစေနိုင်ပါသည်။ အာဟာရဗေဒပညာရှင်တစ်ဦးသည် သင့်ကလေး၏ လိုအပ်ချက်များကို အကဲဖြတ်စစ်ဆေးပြီး သင့်ကလေးအတွက် အကောင်းဆုံး အာဟာရဆိုင်ရာကုထုံးကို အကြံပြုပေးနိုင်ပါသည်။
ကောင်းမွန်သည့်အာဟာရသည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါသည်။ အကယ်၍ သင့်ကလေးသည် အာဟာရလိုအပ်ချက်များနှင့် မပြည့်မီပါက သင့်အာဟာရဗေဒပညာရှင်သည် ဖြည့်စွက်စာတစ်ခုကို အကြံပြုပေးနိုင်ပါသည်။ သို့သော်လည်း ကျန်းမာရေးအရ လိုအပ်ချက်မရှိပါက ဗီတာမင်၊ သတ္တုဓာတ် သို့မဟုတ် အာဟာရဖြည့်စွက်စာများကို အများအားဖြင့် အကြံပြုပေးလေ့မရှိပါ။
ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်ရှိ အာဟာရပညာရှင်အများစုသည် မှတ်ပုံတင်ထားသော အာဟာရဗေဒပညာရှင်များ (RDs) သို့မဟုတ် မှတ်ပုံတင်ထားသော အစားအသောက်ဆိုင်ရာ အာဟာရဗေဒပညာရှင်များ (RDNs) ဖြစ်ကြပါသည်။ ၎င်းတို့သည် အာဟာရနှင့် လူနာစောင့်ရှောက်မှုဆိုင်ရာ အဆင့်မြင့်ပညာရေးနှင့် လေ့ကျင့်မှုများ ခံယူရရှိထားပါသည်။ မှတ်ပုံတင်ထားသော အာဟာရဗေဒပညာရှင်များသည် နိုင်ငံမှစာမေးပွဲကိုလည်း ဖြေဆိုအောင်မြင်ထားပြီး ဖြစ်ပါသည်။
ပြည်နယ်များစွာတွင် အသိအမှတ်ပြုလက်မှတ်ရ အစားအသောက်ဆိုင်ရာ အာဟာရဗေဒပညာရှင်များ (CDN) နှင့် လိုင်စင်ရ အစားအသောက်ဆိုင်ရာ အာဟာရဗေဒပညာရှင်များ (LDN) ကဲ့သို့သော အာဟာရပညာရှင်များအတွက် လိုင်စင်များ လိုအပ်ပါသည်။ အချို့သော အာဟာရဗေဒပညာရှင်များသည် ကလေးဆိုင်ရာ (CSP) သို့မဟုတ် ကင်ဆာရောဂါဆိုင်ရာ (CSO) ကဲ့သို့သော အထူးပြုနယ်ပယ်များတွင် အသိအမှတ်ပြုလက်မှတ်များ ရှိပါသည်။
သင့်စောင့်ရှောက်မှုအဖွဲ့သည် ကလေးများနှင့် အတူတကွ လုပ်ဆောင်နိုင်သော သို့မဟုတ် အချို့သောကျန်းမာရေးအခြေအနေရှိသည့် လူနာများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အထူးပြုကျွမ်းကျင်သည့် အာဟာရဗေဒပညာရှင်ထံသို့ သင့်ကို ညွှန်းဆိုလွှဲပြောင်းပေးနိုင်ပါသည်။
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- စက်တင်ဘာလ 2024 ခုနှစ်
သင့်ကလေးသည် အချို့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ သို့မဟုတ် ကုထုံးများ မပြုလုပ်မီ အစားအစာ စားခြင်းနှင့် အရည် သောက်သုံးခြင်းကို ရပ်တန့်ရန် လိုအပ်နိုင်သည်။ NPO ညွှန်ကြားချက်များဟုလည်း ခေါ်တွင်သော အစာရှောင်ခြင်း လမ်းညွှန်ချက်များကို လေ့လာပါ။
ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရစဉ်အတွင်း၊ ကလေးအများစုမှာ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန်နှင့် အာဟာရပြည့်ဝမှုပန်းတိုင်သို့ ရောက်ရှိရန် အခက်အခဲရှိတတ်ကြသည်။ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းဗျူဟာများကို လေ့လာပါ။