ဝမ်းနည်းပူဆွေးနေချိန်တွင် မိမိကိုယ်ကို မည်သို့ဂရုစိုက်ရမည်နည်း
Grief can affect the mind, body, and spirit. It can make simple tasks feel overwhelming. Many families say that taking care of themselves during grief feels hard or even impossible at times. But taking small, gentle steps of self-care can help.
ဝမ်းနည်းပူဆွေးမှု၏ စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ
ဝမ်းနည်းပူဆွေးမှုသည် သင်၏စဉ်းစားတွေးခေါ်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်းနှင့် သတင်းအချက်အလက်တွေများအား စီမံဆောင်ရွက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။ အများအားဖြင့် ဝမ်းနည်းပူဆွေးမှုလက္ခဏာများသည် ကလေးတစ်ဦးသေဆုံးပြီးပြီးချင်းနောက်တွင် ဖြစ်ပွားလေ့ရှိသည်။ မိဘများမှ ဝမ်းနည်းပူဆွေးမှု၏ အစောပိုင်းရက်များနှင့် သီတင်းပတ်များတွင် “စိတ်ပိုင်းဆိုင်ရာ ဝေဝါးမှု” ဖြစ်ကြသည်ဟု ပြောကြပါသည်။
အဖြစ်များသည့် လက္ခဏာများတွင် အောက်ပါတို့ပါဝင်ပါသည်−
- အာရုံစူးစိုက်ရန်ခက်ခဲခြင်း
- အာရုံစိုက်နိုင်ချိန် တိုတောင်းခြင်း
- စိတ်ရှုပ်ထွေးခြင်း
- အချက်အလက်များနှင့် အသေးစိတ်အချက်အလက်များကို စီမံဆောင်ရွက်နိုင်စွမ်းမရှိခြင်း
- မေ့တတ်ခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ
သင်သည် ဤအချိန်အတွင်း အိမ်ခြံမြေရောင်းချခြင်း သို့မဟုတ် အလုပ်အကိုင်ပြောင်းလဲခြင်းကဲ့သို့သော ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချခြင်းကို ရှောင်ရှားလိုပေမည်။ ကားမောင်းသည့်အခါ၊ အကြီးစား စက်ယန္တရား မောင်းနှင်သည့်အခါ သို့မဟုတ် အာရုံစူးစိုက်မှုလိုအပ်သည့် အခြားအန္တရာယ်ရှိသော အလုပ်များကို လုပ်ဆောင်သည့်အခါတွင် ဂရုစိုက်ပါ။
စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများအတွက် အကူအညီ
- သင်၏ မှတ်နိုင်စွမ်းကို အထောက်အကူပြုရန် စာရင်းများနှင့် သတိပေးချက်များကို အသုံးပြုပါ။
- အာရုံစိုက်ရ ပိုမိုလွယ်ကူစေရန် အလုပ်များကို ပိုမိုသေးငယ်သော အဆင့်များအဖြစ် ခွဲထုတ်ပါ။
- မိတ်ဆွေများနှင့် မိသားစုထံမှ အကူအညီတောင်းခံပါ။
- အကြံပေးပုဂ္ဂိုလ် သို့မဟုတ် အခြားစိတ်ကျန်းမာရေးဝန်ဆောင်မှုများနှင့် အတူတကွ လုပ်ဆောင်ပါ။
ဝမ်းနည်းပူဆွေးမှု၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ
ဝမ်းနည်းပူဆွေးနေချိန်တွင် အောက်ပါတို့ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာအမျိုးမျိုးကို ခံစားရသည်မှာ ပုံမှန်ဖြစ်သည်-
- ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း
- အိပ်ချိန်များလွန်းခြင်း သို့မဟုတ် အိပ်ချိန်နည်းလွန်းခြင်း
- အစာစားချင်စိတ် ပြောင်းလဲခြင်း
- ဖျားနာခြင်းနှင့် ကူးစက်ရောဂါများ ဖြစ်ခြင်း
- ကြွက်သားတောင့်တင်းခြင်း
- ခေါင်းကိုက်ခြင်းနှင့် ခါးနာခြင်းကဲ့သို့ နာကျင်မှုများ
ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများအတွက် အကူအညီ
အောက်ပါအကြံပြုချက်များသည် ဝမ်းနည်းပူဆွေးမှု၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများကို ကူညီပေးနိုင်ပါသည်-
- အာဟာရမျှတသည့် အစားအစာများကို စားပါ။
- အာဟာရမရှိသလောက်ဖြစ်သော အစားအစာများကို ရှောင်ပါ။
- ကိုယ်လက်လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ။
- အရက်သောက်သုံးမှုကို ကန့်သတ်ပါ။
- ပုံမှန် တစ်ကိုယ်ရေသန့်ရှင်းရေးကို ကျင့်သုံးပါ။
- လုံလောက်စွာ အနားယူပါ။
Meaning, belief, and spiritual questions
ဝမ်းနည်းပူဆွေးနေချိန်တွင် အောက်ပါတို့အပါအဝင် ယုံကြည်သက်ဝင်မှုဆိုင်ရာ အခက်အခဲများ ရှိတတ်ပါသည်-
- သင့်ကလေးကို သေခွင့်ပေးလိုက်ရသည့်အတွက် ဒေါသထွက်ခြင်း
- ဘာသာရေး သို့မဟုတ် ယုံကြည်သက်ဝင်မှုဆိုင်ရာ ယုံကြည်ချက်များကို မေးခွန်းထုတ်ခြင်း
- ဆုံးရှုံးမှု၏ နောက်ကွယ်ကအဓိပ္ပာယ်ကို နားလည်နိုင်ရန် ရုန်းကန်နေရခြင်း
- သင့်ကလေးမရှိသည့် ဘဝဆိုင်ရာ အတွေးအခေါ်ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရခြင်း
ယုံကြည်သက်ဝင်မှုဆိုင်ရာ လက္ခဏာများအတွက် အကူအညီ
မိဘများသည် ယုံကြည်သက်ဝင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အောက်ပါနည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းနိုင်ပါသည်-
- ဘာသာရေးခေါင်းဆောင် သို့မဟုတ် လမ်းညွှန်ဆရာထံမှ ဘာသာရေးဆိုင်ရာ သို့မဟုတ် ယုံကြည်သက်ဝင်မှုဆိုင်ရာ အကြံဉာဏ်ကို တောင်းခံရယူပါ။
- ဂျာနယ်တစ်စောင်တွင် စာရေးသားပါ။
- ဆုတောင်းခြင်း၊ တရားထိုင်ခြင်း၊ ဂီတနှင့် အနုပညာတို့ကို တွေ့ကြုံခံစားကြည့်ပါ။
- ယုံကြည်မှုကို ထည့်သွင်းစဉ်းစားဖော်ပြထားသည့် ဝမ်းနည်းပူဆွေးမှုအကြောင်း စာအုပ်များကို ဖတ်ရှုပါ။
နောက်ထပ် မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုင်ရာ အကြံပြုချက်များ
မိမိကိုယ်ကို ဂရုစိုက်ရန် နည်းလမ်းများကို ရှာဖွေခြင်းသည် မျှော်လင့်ချက်နှင့် ကုစားမှုကို ပေးစွမ်းနိုင်ပါသည်။ ဤသည်တို့မှာ မိဘများအတွက် အကူအညီဖြစ်မည်ဟု ထင်ရသည့် မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုင်ရာ အကြံဉာဏ်အချို့ ဖြစ်ပါသည်-
- ရေနွေးနွေးလေးဖြင့် ရေချိုးပါ။ ၎င်းသည် စိတ်အေးချမ်းမြေ့စေပြီး ဝမ်းနည်းပူဆွေးမှုနဲ့ စိတ်ဖိစီးမှုတို့၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။
- လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရန် သို့မဟုတ် သူငယ်ချင်းတစ်ဦးနှင့် အချိန်ဖြုန်းရန်အတွက် ပုံမှန်နေ့လည်ခင်း သို့မဟုတ် ညနေခင်းတစ်ခုကို ရှာဖွေပါ။
- တီထွင်ဖန်တီးမှုတစ်ခုခု သို့မဟုတ် ကိုယ့်ပင်ကိုအရည်အချင်းတွေကို အသုံးပြုနိုင်စေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေနိုင်သည့် အရာတစ်ခုခုကို ပြုလုပ်ပါ။
- နွေးထွေးသောစောင်ခြုံပြီး အကြိုက်ဆုံး လက်ဖက်ရည်တစ်ခွက် သို့မဟုတ် ပူပူနွေးနွေးသောက်စရာတစ်ခွက်ကို သောက်ပါ။
- လမ်းလျှောက်ထွက်၍ သဘာဝပတ်ဝန်းကျင်တွင် အချိန်ဖြုန်းပါ။
- ပံ့ပိုးရေးအဖွဲ့တစ်ဖွဲ့တွင် ပါဝင်ပါ။
- မိမိကိုယ်ကို ဝေဖန်ပိုင်းခြားခြင်းမပြုလုပ်ဘဲ မည်သည့်အရာမဆိုကို ခံစားလိုက်ပါ။
မည်သူတစ်ဦးတစ်ယောက်ကမျှ ဝမ်းနည်းပူဆွေးမှုကို တစ်ကိုယ်တည်း မဖြတ်သန်းသင့်ပါ။ အချိန်သည် ဝမ်းနည်းပူဆွေးမှု၏ လက္ခဏာတွေအများစုကို အထောက်အကူပြုစေသော်လည်း တခြားသူတစ်ဦး၏ အားပေးမှုသည် ထပ်လောင်းအားအင်ကို ပေးပါသည်။
ဝမ်းနည်းပူဆွေးမှုဆိုင်ရာ လက္ခဏာများနှင့် ၎င်းတို့ကို စီမံခန့်ခွဲရန် နည်းလမ်းများအကြောင်းကို ယုံကြည်ရသည့် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦးနှင့် ဆွေးနွေးခြင်းသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည်လည်း နားထောင်ပေးရန်နှင့် အရင်းအမြစ်များ ပံ့ပိုးပေးရန် အသင့်ရှိနေပါသည်။
Questions to ask your care team
ကလေးဆုံးရှုံးရခြင်းကြောင့် ရရှိသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် မိဘများသည် ဝမ်းနည်းပူဆွေးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာ သက်ရောက်မှုများကို မကြာခဏ ခံစားရလေ့ရှိပါသည်။ ဝမ်းနည်းပူဆွေးမှုသည် ရိုးရှင်းသည့်အရာများကိုပင် လုပ်ဆောင်ရန် ခက်ခဲစေနိုင်ပါသည်။ ဝမ်းနည်းပူဆွေးနေချိန်တွင် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်နိုင်ရန်ပင် ခက်ခဲနိုင်ပါသည်။ သို့သော် မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် ခက်ခဲတဲ့နေ့ရက်များကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပါသည်။
ဝမ်းနည်းပူဆွေးနေချိန်တွင် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် အဓိကအချက်များ
- ဝမ်းနည်းပူဆွေးမှုသည် သင်၏ တွေးခေါ်နိုင်စွမ်းနှင့် မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေနိုင်ပါသည်။ မိဘများမှ ဝမ်းနည်းပူဆွေးမှု၏ အစောပိုင်းရက်များနှင့် သီတင်းပတ်များတွင် “စိတ်ပိုင်းဆိုင်ရာ ဝေဝါးမှု” ဖြစ်ကြသည်ဟု ပြောကြပါသည်။
- မိမိကိုယ်ကို ဂရုစိုက်ရန်မှာ အရေးကြီးပါသည်။ ၎င်းသည် ခက်ခဲသည့်နေ့ရက်များကို ဖြတ်ကျော်နိုင်ရန် ကူညီပေးပါလိမ့်မည်။
- သင်သည် စာရင်းများပြုလုပ်ခြင်းနှင့် ပရောဂျက်များကို သေးငယ်သောအလုပ်များအဖြစ် ခွဲထုတ်ခြင်းဖြင့် အရာများကို မှတ်မိစေရန် ကူညီနိုင်ပါသည်။ အကြံပေးပုဂ္ဂိုလ်တစ်ဦးနှင့် အတူတကွလုပ်ဆောင်ခြင်းသည် အထောက်အကူဖြစ်စေနိုင်ပါသည်။
- ဝမ်းနည်းပူဆွေးမှု၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများတွင် မောပန်းနွမ်းနယ်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းနှင့် အစာစားချင်စိတ်ဆိုင်ရာ ပြောင်းလဲခြင်းတို့ ပါဝင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားပါ၊ တက်ကြွလှုပ်ရှားစွာ နေထိုင်ပါ၊ အနားယူပါ။
- သင့်တွင် ယုံကြည်သက်ဝင်မှုဆိုင်ရာမေးခွန်းများနှင့် ကြိုးစားရုန်းကန်မှုများ ရှိနိုင်ပါသည်။ အကြံပေးပုဂ္ဂိုလ်တစ်ဦးနှင့် စကားပြောဆိုပါ၊ ဂျာနယ်တစ်ဆောင်တွင် စာရေးသားပါ သို့မဟုတ် စာအုပ်များ ဖတ်ပါ။
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- အောက်တိုဘာလ 2023 ခုနှစ်