အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း

ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းဆိုသည်မှာ အဘယ်နည်း။

အချို့သော ကင်ဆာကုသမှုများနှင့် ရောဂါများသည် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းပမာဏများကို ပြောင်းလဲစေနိုင်ပါသည်။ ဟော်မုန်းများသည် ဓာတုအကြောင်းကြားချက်များကဲ့သို့ လုပ်ဆောင်ပေးပြီး ၎င်းတို့သည် ခန္ဓာကိုယ်မှ လုပ်ဆောင်မှုကို ပြုလုပ်နိုင်စေရန်အတွက် ဂလင်းများ တစ်ခုနှင့် တစ်ခု “စကားပြော” ရန် ကူညီပေးသည်။

အကယ်၍ ကလေးတစ်ဦးတွင် ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းရှိပါက ၎င်းတို့၏ခန္ဓာကိုယ်သည် ကော်တီဆော (cortisol) ဟုခေါ်သည့် ဟော်မုန်းကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိပါ။ အကယ်၍ ကော်တီဆောဟော်မုန်း ပမာဏသည် အလွန်နည်းသွားပါက ခန္ဓာကိုယ်သည် လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

ကော်တီဆောဟော်မုန်းသည် ဖျားခြင်း၊ ဖျားနာခြင်းနှင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိခြင်းကဲ့သို့သော စိတ်ဖိစီးမှုဖြစ်စေသောဖြစ်ရပ်များကို ခန္ဓာကိုယ်မှ တုံ့ပြန်ရန် အောက်ပါတို့ဖြင့် ကူညီပေးပါသည်-

  • သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးခြင်း
  • သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးခြင်း
  • ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း၏ အချို့သောရောဂါပိုးမွှားများအား

ရောဂါလက္ခဏာများကို ကူညီပေးခြင်း

ပုံမှန်အားဖြင့် ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း၏ ရောဂါလက္ခဏာများကို မတွေ့ရပါ။ အကယ်၍ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက ၎င်းတို့သည် အများအားဖြင့် အပျော့စားသာဖြစ်ပြီး အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • မောပန်းခြင်း
  • အားနည်းခြင်း
  • အစာစားချင်စိတ် နည်းပါးခြင်း
  • ခေါင်းမူးဝေခြင်း

ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ခွဲစိတ်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းကဲ့သို့သော ခန္ဓာကိုယ်အပေါ် သို့ ဖိစီးမှုများဖြစ်ပေါ်ခြင်းသည် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများကို ဖြစ်စေပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • သွေးတွင်း သကြားဓာတ် လျော့နည်းခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • သတိလစ်ခြင်း

ဤရောဂါလက္ခဏာများသည် အသက်အန္တရာယ်ရှိနိုင်ပြီး အရေးပေါ်ကုသမှုကို ချက်ချင်းလိုအပ်နိုင်ပါသည်။
 

ဦးနှောက်၊ ဟိုက်ပိုသာလမတ်စ်၊ ပစ်ကျူထရီဂလင်း၊ ကော်တီဆော၊ အဒရီနယ်ဂလင်းတို့ပါဝင်သည့် စိတ်ဖိစီးမှု တုံ့ပြန်မှုစနစ်

ခန္ဓာကိုယ်မှ ကော်တီဆောကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါတွင် ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း ဖြစ်ပေါ်ပါသည်။

ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများ

ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းသည် နည်းလမ်း 2 ခုအနက်မှ 1 ခုဖြင့် ဖြစ်ပွားနိုင်ပါသည်-

  • ဦးနှောက်အနီးရှိ သေးငယ်သော ဂလင်းတစ်ခုဖြစ်သည့် ပစ်ကျူထရီဂလင်းသည် အဒရီနိကောတီကိုထရိုပစ် (adrenocorticotropic) ဟော်မုန်း (ACTH) ကို လုံလောက်စွာ မထုတ်လုပ်နိုင်ပါ။ ACTH အလွန်နည်းသည့်အခါတွင် အဒရီနယ်ဂလင်းများသည် ကော်တီဆောကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိပါ။ ၎င်းကို ဒုတိယဆင့်ပွားအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းဟုလည်း သိကြပါသည်။
  • ဟိုက်ပိုသာလမတ်စ်ဟုခေါ်သော ဦးနှောက်၏အစိတ်အပိုင်းတစ်ခုသည် ကော်တီကိုထရိုပင်ကို ထုတ်လွှတ်စေသည့် ဟော်မုန်း (corticotropin-releasing hormone၊ CRH) ကို လုံလောက်စွာ မထုတ်လုပ်နိုင်ပါ။ CRH အလွန်နည်းသည့်အခါတွင် ပစ်ကျူထရီဂလင်းသည် ACTH ကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိပါ။ ACTH အလွန်နည်းသည့်အခါတွင် အဒရီနယ်ဂလင်းများသည် ကော်တီဆောကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိပါ။ ၎င်းကို တတိယဆင့်ပွားအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းဟုလည်း သိကြပါသည်။

ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းသည် ဂလင်းလုပ်ဆောင်ချက် သို့မဟုတ် ဦးနှောက်ကို ထိခိုက်စေသော ကင်ဆာကုသမှုများပြီးနောက်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်းကို အတွင်းထုတ်ဂလင်း နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများဟု သိကြပါသည်။ ဖြစ်စေသည့် အကြောင်းရင်း အချို့မှာ-

  • ဦးနှောက်သို့ ဓာတ်ရောင်ခြည်ပေး ကုသခြင်း
  • ဦးနှောက် ထိခိုက်ဒဏ်ရာရခြင်း
  • ပစ်ကျူထရီဂလင်းကို ခွဲစိတ်ဖယ်ထုတ်ထားခြင်း
  • ခွဲစိတ်ဖယ်ထုတ်ထားခြင်းမရှိသည့်တိုင် ပစ်ကျူထရီဂလင်းအနီးတွင် အကျိတ်များဖြစ်ခြင်း
  • အောက်ပါတို့ ကဲ့သို့သော ဆေးဝါးများ ဂလူးကိုကော်တီကွိုက်များ (glucocorticoids) (ပရက်ဒနီဆုန်း (Prednisone))
  • ပစ်ကျူထရီဂလင်းရောဂါ

ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းသည် ပစ်ကျူထရီဂလင်းရောဂါမှ သို့မဟုတ် ကလေး၏မိဘများထံမှ လက်ဆင့်ကမ်းလာသည့် (အမွေဆက်ခံခြင်း) ရှားပါးအခြေအနေတစ်ခုမှလည်း ဖြစ်ပွားနိုင်ပါသည်။

နောက်ထပ် အဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း အမျိုးအစားတစ်ခုမှာ မူလအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်း သို့မဟုတ် အက်ဒီဆင် ရောဂါ (Addison disease) ဖြစ်ပါသည်။ ဤရှားပါးရောဂါသည် အဒရီနယ်ဂလင်းများ ပျက်စီးမှုကြောင့် ဟော်မုန်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ပင်မအဒရီနယ်ဟော်မုန်း မလုံလောက်ခြင်းနှင့် မတူညီသည့် ရောဂါတစ်ခု ဖြစ်ပါသည်။

ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို ရောဂါရှာဖွေဖော်ထုတ်ခြင်း

ဗဟိုအဒရီနယ် မလုံလောက်ခြင်းအတွက် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကော်တီဆောပမာဏများကို စစ်ဆေးရန်အတွက် သွေးနမူနာမှ မနက်ခင်း ကော်တီဆောပမာဏ စစ်ဆေးမှု
  • လက်မောင်းရှိ IV မှတစ်ဆင့် ACTH ကိုပေးသောအခါတွင် ထုတ်လုပ်သည့် ကော်တီဆော ပမာဏကို စမ်းသပ်ရန် ACTH အနည်းငယ်ပမာဏဖြင့် လှုံ့ဆော်မှု စစ်ဆေးမှု

ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို ကုသမှု

ဗဟိုအဒရီနယ် မလုံလောက်ခြင်းအတွက် ကုသမှုမှာ ဟိုက်ဒရိုကော်တီဆုန်း (hydrocortisone) ဟုခေါ်သည့် ဆေးဝါးဖြစ်ပါသည်။ ၎င်းကို နေ့စဉ် ပါးစပ်ဖြင့် သောက်ရပါသည်။

ဆေးဝါးပမာဏသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပြီး သင့်ကလေး၏ လိုအပ်ချက်များပေါ်တွင် မူတည်ပါသည်။ ဆေးဝါးပမဏ အမျိုးအစား 3 မျိုး ရှိပါသည်-

  • သင့်ကလေး ကျန်းမာနေသည့် အချိန်တွင် ဆက်လက်ထိန်းသိမ်းပေးသည့် ဆေးပမာဏ ကို ပေးပါသည်။ ဤဆေးပမာဏသည် ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်ပေးသည့် ကော်တီဆောပမာဏအတိုင်း ဖြစ်ပါသည်။ ၎င်းသည် ဆေးပမာဏ အနည်းငယ်ဖြစ်ပါသည်။
  • ဖိစီးမှုအချိန်တွင်ပေးသည့် ဆေးပမာဏများ သည် ပိုမိုမြင့်မားပြီး ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းကဲ့သို့သော ဖိစီးမှုကာလအတွင်း ခန္ဓာကိုယ်မှ ထုတ်လုပ်ပေးသည့် ကော်တီဆောပမာဏအတိုင်း ဖြစ်ပါသည်။
  • အရေးပေါ်ဖိစီးမှုအချိန်တွင်ပေးသည့် ဆေးပမာဏ ကို သင့်ကလေးသည် ပါးစပ်ဖြင့် ဆေးမသောက်နိုင်ဘဲ အလွန်နေမကောင်းဖြစ်နေသည့်အချိန်တွင် ပေးပါသည်။ အကယ်၍ သင့်ကလေးတွင် အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေ၏ ပြင်းထန်သော ရောဂါလက္ခဏာများရှိပါက ၎င်းသည် သင့်ကလေးလိုအပ်သော ပမာဏကို ဆေးထိုးပေးခြင်း (ဆေးထိုးခြင်း) ဖြစ်ပါသည်။ အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေတွင် သင့်ကလေး၏ ခန္ဓာကိုယ်သည် ကော်တီဆောအား လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ၎င်းတို့၏ သွေးပေါင်ချိန်သည် အလွန်ကျဆင်းသွားကာ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေသို့ ဦးတည်စေသည့် ပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရနိုင်ပါသည်။ ၎င်းသည် အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး သင့်ကလေးသည့် ၎င်းတို့၏ အရေးပေါ်ဖိစီးမှုအချိန်တွင်ပေးသည့် ကော်တီဆော ဆေးပမာဏကို ချက်ချင်းလိုအပ်ပါသည်။ အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
    • သွေးပေါင်ကျခြင်း
    • သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း (hypoglycemia ဟုခေါ်သည်)
    • မူးဝေခြင်း သို့မဟုတ် မေ့ခြင်း (သတိလစ်ခြင်း)

ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို ကုသရန်အတွက် သင်၏စောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်များကို အမြဲလိုက်နာဆောင်ရွက်ပါ။

ဟိုက်ဒရိုကော်တီဆုန်းကို ရုတ်တရက် ရပ်တန့်ခြင်း မပြုလုပ်ပါနှင့်။ ၎င်းသည် အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။

ဗဟိုအဒရီနယ် မလုံလောက်ခြင်းရှိသူများသည် ဆေးဘက်ဆိုင်ရာ သတိပေး လက်ဝတ်ရတနာများကို ဝတ်ဆင်သင့်ပါသည် သို့မဟုတ် ဆေးဘက်ဆိုင်ရာသတိပေးချက် သက်သေခံကတ်ပြားကို သယ်ဆောင်ထားသင့်ပါသည်။ ၎င်းသည် အရေးပေါ်အခြေအနေတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို သတိပေးပါလိမ့်မည်။

ဗဟိုအဒရီနယ် မလုံလောက်ခြင်း၏ ရောဂါကြိုတင်ခန့်မှန်းချက်

ရောဂါသည် ဟော်မုန်းကုသမှုများ (ယာယီ) ကဲ့သို့သော ဆေးဝါးများကြောင့် ဖြစ်ပွားပါက အချိန်ခဏသာ ကြာရှည်နိုင်ပါသည်။

၎င်းသည် ဂလင်းများ သို့မဟုတ် ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျက်စီးခြင်းကြောင့် ဖြစ်ပါက ၎င်းသည် ရာသက်ပန် ဖြစ်နိုင်ပါသည်။ ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို အမြဲတမ်းရှိသူများသည် ဆေးဝါးဖြင့် ရောဂါကို မပျောက်ကင်းနိုင်သောကြောင့် ၎င်းတို့၏ ကျန်ရှိသောဘဝတစ်လျှောက်လုံးတွင် ဆေးဝါးများကို လိုအပ်မည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ဤအခြေအနေအတွက် ရောဂါကြိုတင်ခန့်မှန်းချက်သည် ကောင်းမွန်ပါသည်။ သင့်လျော်သည့် ဆေးကုသမှုနှင့် အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် လူနာများသည် ပုံမှန်ဘဝဖြင့် နေထိုင်နိုင်ပါသည်။

မိသားစုများအတွက် အကြံပြုချက်များ

  • သင့်ကလေး၏ ဗဟိုအဒရီနယ် မလုံလောက်ခြင်းအန္တရာယ် ဖြစ်နိုင်ခြေအကြောင်းကို သင်၏စောင့်ရှောက်မှုပေးသူအား မေးမြန်းပါ။
  • ဦးနှောက်၏ အလယ်ပိုင်းသို့ ပြင်းထန်သည့်ဓာတ်ရောင်ခြည်ကုသမှုကို ခံယူခဲ့သော ကလေးများသည် နှစ်စဉ် မနက်ပိုင်း သွေးတွင်း ကော်တီဆောပမာဏကို စစ်ဆေးသင့်ပါသည် သို့မဟုတ် ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို ကုသသော ဟောမုန်းဆိုင်ရာ အထူးကုဆရာဝန် (endocrinologist) နှင့် ပြသသင့်ပါသည်။
  • သင့်ကလေးကို မေ့ဆေးပေးခြင်း၊ စိတ်ငြိမ်ဆေးပေးခြင်း၊ လုပ်ထုံးလုပ်နည်း သို့မဟုတ် ခွဲစိတ်မှုမပြုလုပ်မီ သင့်ကလေး၏ ဗဟိုအဒရီနယ် မလုံလောက်ခြင်းနှင့် ဟိုက်ဒရိုကော်တီဆုန်းဖြင့် ကုသမှုအကြောင်းကို သင့်ဆရာဝန်အား ပြောပြပါ။
  • သင့်ကလေး၏ မူလစောင့်ရှောက်မှုပေးသူနှင့် ၎င်းတို့၏ အန္တရာယ်ဖြစ်နိုင်ခြေများအကြောင်းကို ဆွေးနွေးတိုင်ပင်ပါ။ ကုသမှုဆိုင်ရာ အကျဥ်းချုပ်ပါဝင်သည့် သင့်ကလေး၏ သက်သာပျောက်ကင်းသူစောင့်ရှောက်မှု အစီအစဉ်မိတ္တူတစ်စောင်ကို မျှဝေပါ။ အကျဉ်းချုပ်တွင် ၎င်းတို့၏ ကုသမှုများနှင့် ၎င်းတို့၏ ကုသမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအကြောင်း သတင်းအချက်အလက်များ ပါဝင်ပါသည်။
  • သင့်ကလေး၏ ပြုစုစောင့်ရှောက်ပေးသူများအား ၎င်းတို့၏ အခြေအနေနှင့် အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေအတွင်း မည်သို့ပြုလုပ်ရမည်ကို ပြောပြပါ။
  • အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေအတွက် ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများပါသည့် အရေးပေါ်ဆေးသေတ္တာတစ်ခုကို ပြုလုပ်ထားပြီး သင့်ကလေးနှင့်အတူ အမြဲဆောင်ထားပါ။

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ

  • ကျွန်ုပ်ကလေးတွင် ဗဟိုအဒရီနယ် မလုံလောက်ခြင်းဖြစ်နိုင်ခြေအန္တရာယ်များမှာ မည်သည်တို့ဖြစ်သနည်း။
  • ကျွန်ုပ်ကလေး၏ ဗဟိုအဒရီနယ် မလုံလောက်ခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ရသနည်း။
  • ကျွန်ုပ်သည် ၎င်းတို့၏ ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို မည်သို့ကုသသင့်သနည်း။
  • ကျွန်ုပ်ကလေးသည် ကုသမှုကို မည်မျှကြာကြာ လိုအပ်ပါသနည်း။
  • ကျွန်ုပ်ကလေး၏ ဗဟိုအဒရီနယ် မလုံလောက်ခြင်းကို စောင့်ကြည့်ရန် မည်သည့်စစ်ဆေးမှုများ လိုအပ်ပါသနည်း။
  • ကျွန်ုပ်ကလေးတွင် အဒရီနယ်ဂလင်း အရေးပေါ်အခြေအနေရှိပါက ကျွန်ုပ် ဘာလုပ်ရမည်နည်း။
  • ကျွန်ုပ်ကလေး၏ ဆေးဘက်ဆိုင်ရာ သတိပေး လက်ဝတ်ရတနာများ သို့မဟုတ် သက်သေခံကတ်ပြားတွင် မည်သည့်အချက်အလက်များကို ဖော်ပြသင့်ပါသနည်း။

ဗဟိုအဒရီနယ် မလုံလောက်ခြင်းနှင့် ပတ်သက်သည့် အဓိကအချက်များ

  • အဒရီနယ်ဂလင်းများသည် ကော်တီဆောကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အခါတွင် ဗဟိုအဒရီနယ် မလုံလောက်ခြင်း ဖြစ်ပေါ်ပါသည်။
  • ကော်တီဆောသည် ခန္ဓာကိုယ်အား စိတ်ဖိစီးမှုကို တုံ့ပြန်ရန် ကူညီပေးပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးကာ ကိုယ်ခံအားတုံ့ပြန်မှုကို သက်ရောက်မှုရှိစေပါသည်။
  • ဟိုအဒရီနယ် မလုံလောက်ခြင်းသည် ကင်ဆာကုသမှုပြီးနောက်၊ ဆေးဝါးသုံးစွဲမှု၊ ဂလင်းများ သို့မဟုတ် ဦးနှောက် ထိခိုက်ပျက်စီးမှု သို့မဟုတ် ကလေး၏မိဘများထံမှ လက်ဆင့်ကမ်းလာသည့် ပြဿနာများကြောင့် ဖြစ်ပွားနိုင်ပါသည်။
  • ဗဟိုအဒရီနယ် မလုံလောက်ခြင်းအတွက် ကုသမှုမှာ ဟိုက်ဒရိုကော်တီဆုန်းဖြစ်ပါသည်။
     


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2024 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ