အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

HPV ထိုးဆေး

ကလေးကင်ဆာအသက်ရှင်သူများသည် လူမှတစ်ဆင့်ကူးစက်သော (HPV) ကာကွယ်ဆေး ထိုးသင့်သည်။ HPV သည် ကျားနှင့်မ နှစ်ဦးစလုံးတွင် အမျိုးမျိုးသော ကင်ဆာရောဂါများ ဖြစ်စေနိုင်သည်။

လေ့လာမှုများစွာတွင် တွေ့ရှိရသည်မှာ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများ အသက်ကြီးလာသည့်အခါ ၎င်းတို့သည် အခြားကျန်းမာသော အရွယ်တူများနှင့် ယှဉ်လျှင် (ဒုတိယအကြိမ်) ကင်ဆာဖြစ်ပွားနိုင်ခြေများသည်။

HPV ထိုးဆေးသည် လိင်မှတစ်ဆင့် ပြန့်နှံ့သော ဗိုင်းရပ်စ် မထိတွေ့မီတွင် အထိရောက်ဆုံးဖြစ်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။ ထိုအရွယ်များတွင် ခုခံအားအကောင်းဆုံးဖြစ်ပြီး ကလေးများသည် ဗိုင်းရပ်နှင့်မထိတွေ့စေသင့်ပါ။ ကလေးများသည် အသက် ၁၆ နှစ် မတိုင်မီ ခုခံအားအကောင်းဆုံးဖြစ်သည်။ ကလေးများသည် ကျောင်းတက်ရန်မလိုအပ်လျှင်ပင် ဆေးထိုးထားသင့်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများသည် HPV ထိုးဆေးထိုးထားသင့်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများသည် HPV ထိုးဆေးထိုးထားသင့်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။

အချို့မိဘများမှာ ၎င်းတို့ကလေးသည် လိင်မှတစ်ဆင့် ကူးစပ်သောရောဂါ (STI) အတွက် အလွန်ငယ်သေးသည်ဟု ခံစားရသောကြောင့်နှင့် "လိင်ကိစ္စပြောဆိုမှု" အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် ဆေးထိုးရန် မဆုံးဖြတ်ပေ။ HPV သည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သော်လည်း မိဘများသည် လိင်ကိစ္စခေါင်းစဉ်များကို ဆေးမထိုးမီ ကလေးများနှင့်ဆွေးနွေးရန် မလိုအပ်ပါ။ ဆုံဆို့ကြက်ညှာနှင့် ဝက်သက်အတွက် ထိုးဆေးများကဲ့သို့ ၎င်းတို့ကျန်းမာရေးအား ကာကွယ်ခြင်း အတွက်သာဖြစ်သည်။

အကယ်၍ ဆယ်ကျော်သက်မရောက်မီ ဆေးထိုးခြင်းမပြုခဲ့ပါက ထိုးဆေးသည် အသက် ၂၆ အထိ အတည်ပြုပေးထားသည်။

ကျန်းမာသော အသက် ၉-၁၅ နှစ် ကလေးများအတွက် HPV ထိုးဆေးသည် ၁၅ နှစ်မတိုင်ခင်ထိုးခြင်းဖြစ်ပါက ၆ လခြားကာ ၂ ကြိမ်ထိုးနှံပေးသည်။ သို့ရာတွင် ကင်ဆာအသက်ရှင်သူများ၊ ကိုယ်ခံအားစနစ် အားနည်းသော အခြားကလေးများနှင့် အသက် ၁၅-၂၆ လူငယ်များမှာ ၃ ကြိမ်ထိုးရန်လိုအပ်ပါသည်။

HPV သည် အမျိုးသမီးများတွက် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် ဦးဆောင်နေသော အကြောင်းရင်းဖြစ်သည်။ ဆေးရွက်ကြီးနှင့်အရက်ပြီးနောက် HPV သည် အမျိုးသားများတွင် လည်မျို (လည်ချောင်း) ကင်ဆာပိုမိုဖြစ်စေသည်။ ရှားပါသောကင်ဆာများဖြစ်သည့် စအို၊ မိန်းမကိုယ်နှင့် မျိုးဥကင်ဆာများနှင့်လဲ ဆက်နွယ်နေသည်။

HPV သည် အဖြစ်များဆုံး STI ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်နှစ်စဉ် လူ ၁၄ သန်း ကူးစက်နေသည်။ ဒုတိယအဖြစ်များဆုံး STI သည် နှစ်စဉ် ၃ သန်းခန့်တိုးပွားနေသော ခလာမိုင်ဒီယာဖြစ်သည်။

လိင်မှတစ်ဆင့် ကူးစက်သော HPV နှစ်မျိုးရှိသည်-

  • ပြင်းထန်သော HPV များ- ဤအမျိုးအစားများသည် ကင်ဆာဖြစ်စေနိုင်သည်။ HPV အမျိုးအစား ၁၆ နှင့် ၁၈ သည် သားအိမ်ခေါင်း၊ စအို၊ ပါးစပ်၊ လည်ချောင်းနှင့် မိန်းမကိုယ်ကင်ဆာများကို ပိုမိုဖြစ်စေနိုင်သည်။ HPV အမျိုးအစား ၃၁၊ ၃၃၊ ၄၅၊ ၅၂ နှင့် ၅၈ တို့သည် အမျိုးသမီးများတွင် ၁၄% နှင့် အမျိုးသားများတွင် ၄% ကင်ဆာ ထပ်ဆောင်းဖြစ်ပွားစေနိုင်သည်။ ထိုအမျိုးအစားများအားလုံးကို HPV ထိုးဆေးက ကာကွယ်ပေးသည်။
  • မပြင်းထန်သော HPV များ- ဤအမျိုးအစားမှာ ကင်ဆာမဖြစ်စေပါ။ ၎င်းတို့သည် အင်္ဂါတွင်း၊ စအို၊ နှုတ်ခမ်း၊ ပါးစပ်၊ လျှာနှင့် လည်ချောင်းများတွင် ကြွက်နို့များဖြစ်စေသည်။ HPV အမျိုးအစား ၆ နှင့် ၁၁ သည် အင်္ဂါတွင်း ကြွက်နို့ဖြစ်စေမှုနှင့် အများစုသည် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုများ (လေပြွန်တွင် ကြွက်နို့များရှိနေခြင်း) ကို ၉၀% ဖြစ်ပေါ်စေသည်။ ဤနှစ်မျိုးကိုလည်း HPV ထိုးဆေးဖြင့် ကာကွယ်နိုင်သည်။

HPV ကူးစက်မှု ၉၀% မှာ မည်သည့်လက္ခဏာမျှမပြဘဲ တစ်နှစ် နှစ်နှစ်အတွင်းပျောက်ကင်းပြီး ကင်ဆာမဖြစ်စေပါ။ အားကောင်းသော ကိုယ်ခံအားသည် အများစုသော HPV ကူးစက်မှုကို ရှင်းရန်ကူညီလိမ့်မည်။

သို့ရာတွင် အချို့ ကိုယ်ခံအားစနစ်များသည် HPV ကို မတွန်းလှန်နိုင်ပါ။ ကူးစက်မှုသည် နှစ်ပေါင်းများစွာ ဆက်လက်ရှိနေသေးပါက ကင်ဆာဖြစ်စေနိုင်သည်။

HPV ပျံ့နှံ့ပုံ

ကူးဆက် ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ရှိသည်။ ၄၀ မှာ မိန်းမကိုယ်၊ စအို သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု သို့မဟုတ် လိင်အင်္ဂါနှင့် လက်ချောင်းထိတွေ့မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ပျံ့နှံ့နိုင်သည်။ အရေပြားကို တိုက်ရိုက် လိင်အထိအတွေ့နှင့် ကိုယ်တွင်းအင်္ဂါများကို ဖုံးပေးသော အမြှေးပါးသည် ဗိုင်းရပ်စ်ကို ကူးစပ်သူမှ ၎င်း၏အဖော်ထံသို့ ရောက်ရှိစေသည်။

ကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါကို တဖြည်းဖြည်း ရှင်းလင်းပါက ကူးစက်ခံရသူသည် HPV ကို အခြားတစ်ဦးထံသို့ ပေးပို့နိုင်သေးသည်။ အခြားသူ၏ ကိုယ်ခံအားစနစ်သည် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ HPV လက္ခဏာမပြပဲ HPV ကို အခြားသူဆီကူးစေနိုင်ပြီး လက္ခဏာများသည် ထိုသူထံတွင် အားလုံးဖြစ်စေနိုင်ပါသည်။

ရောဂါ ထိန်းချုပ်ရေး စင်တာများ (CDC) မှ ခန့်မှန်းသည်မှာ ၈၀% သော လိင်ကိစ္စပြုလုပ်နိုင်သူ အမျိုးသမီးများနှင့် ၉၀% သော လိင်ကိစ္စဆောင်ရွက်နိုင်သည့် အမျိုးသားများသည် HPV ကူးစက်ခံရနိုင်ပြီး- တစ်ဝက်သည် ပြင်းထန် HPV အမျိုးအစားဖြစ်သည်။ လူဦးရေတစ်ဝက်ခန့် (ကျားနှင့်မ နှစ်ဦးလုံး) သည် HPV ကူးစက်ခံရပြီး (အသက် ၁၄-၅၉ အမျိုးသမီးများသည် ၄၂.၅%၊ အသက် ၂၀-၂၄ အမျိုးသမီးများသည် ၅၃.၈%၊ အသက် ၁၈-၇၀ အမျိုးသားများ ၅၂-၆၉%)။  

HPV ကို ကာကွယ်ရန် အခြားနည်းလမ်းများ

HPV ထိုးဆေးအပြင် အသက်ရှင်သူများသည်-

  • လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးအသုံးပြုရမည်။
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းအတွက် သားအိမ်ခေါင်းအချွဲ နမူနာရယူစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရမည်။ အသက် ၂၁ မှ ၂၉ ကြားအမျိုးသမီးများသည် ၃ နှစ်တစ်ကြိမ်စစ်ဆေးသင့်သည်။ အသက် ၃၀ မှ ၆၅ နှစ်ကြားအမျိုးသမီးများသ် သားအိမ်ခေါင်းအချွဲနမူနာရယူစစ်ဆေးခြင်းနှင့် HPV တို့ကို ၅ နှစ်တစ်ကြိမ်စစ်ဆေးနိုင်သည် သို့မဟုတ် သားအိမ်ခေါင်းအချွဲနမူနာရယူစစ်ဆေးခြင်းသီးသန့်ကို ၃ နှစ်တစ်ကြိမ်ပြုလုပ်နိုင်သည်။

HPV ထိုးဆေး၏ ပဟေဠိများနှင့် အချက်များ

HPV သည် လိင်ကိစ္စဆက်နွှယ်နေသောကြောင့်၎င်းကူးစက်မှု၊ ပျံ့နှံ့ပုံနှင့် ထိုးဆေး၏ သက်ရောက်မှုများနှင့် ပတ်သက်၍ ပဟေဠိများရှိနေသည်။

HPV ထိုးဆေး ရရှိနိုင်ပုံ

သင့်ကလေး၏ မူလစောင့်ရှောက်သူကို ထိုးဆေးရနိုင်ရန်မေးမြန်းပါ သို့မဟုတ် ဒေသကျန်းမာရေးဌာနကို ဆက်သွယ်ပါ။

CDC အရ ဆေးသည် တစ်လုံးလျှင် ဒေါ်လာ ၁၅၀ ခန့်ကျသင့်ပါမည်။ ကိုယ်ပိုင်အာမခံအများစုတွင် ပါဝင်လေ့ရှိသည်။

ကလေးများအတွက် ထိုးဆေးများ (VFC) အစီအစဉ် သည် အာမခံမရှိသော၊ ဆေးဝါးအကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသော၊ အမေရိကန် အင်ဒီယန် သို့မဟုတ် အလက်စကာနေထိုင်သူ အသက် ၁၈နှစ်နှင့် အောက်ကလေးများအတွက်ဖြစ်သည်။ သတ်မှတ်ချက် ပြည့်မီသော ကလေးများသို့ VFC မှထောက်ပံ့ပေးသည့် ထိုးဆေးများအတွက် ငွေပေးရန် မလိုပါ။

အောက်ပါအချက်များနှင့် ပြည့်စုံသော အသက် ၁၉ နှစ်အောက် မည်သည့်ကလေးမဆို အစီအစဉ်အတွက် သတ်မှတ်ချက် ပြည့်မီသည်-

  • ဆေးဝါးအကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသော
  • အာမ-မခံထားသော
  • အမေရိကန်အင်ဒီယန် သို့မဟုတ် အလက်စကာနေထိုင်သူ
  • အာမခံတွင် မပါဝင်သော*

*အာမခံတွင် မပါဝင်သောဆိုသည်မှာ ကလေးသည် ကျန်းမာရေးအာမခံရှိသော်လည်း ထိုးဆေးမပါဝင်သောကြောင့် ဖြစ်သည်။ VFC အစီအစဉ်တွင် စာရင်းသွင်းထားသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူ ၄၀,၀၀၀ ကျော်ရှိသည်။

အပိုဆောင်း အချက်အလက်များ

HPV ထိုးဆေးနှင့် ၎င်း၏ ကင်ဆာကာကွယ်မှုရှိ အကျိုးသက်ရောက်မှုကို ပိုမိုသိရှိနိုင်စေရန် အောက်ပါတို့တွင် ဝင်ရောက်ကြည့်ရှုပါ-

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018