ကလေးများနှင့် ဆုံးရှုံးမှုအကြောင်းကို ပြောဆိုဆွေးနွေးခြင်းသည် အများအားဖြင့် မိဘများအတွက် ခက်ခဲပါသည်။
Grief is how people respond when someone they love dies. This might be a parent, brother or sister, cousin, friend, caregiver, or another loved person. Feelings of grief are natural emotional responses to loss.
Grief looks different for each child. Some share their feelings. Others keep them inside. Both are common ways to grieve.
Grief can change over time. It can come and go in waves. What helps most is having caring adults who listen, offer support, and stay focused on the child.
ကလေးများ၏ ဝမ်းနည်းပူဆွေးမှုသည် လူကြီးတစ်ဦး၏ ဝမ်းနည်းပူဆွေးသလိုပင် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ကလေးများသည် ဝမ်းနည်းပူဆွေးမှုကို တွေ့ကြုံခံစားရသည့်အခါတွင် စိတ်ခံစားမှုအမျိုးမျိုးကို ခံစားရပြီး ပြသကြပါသည်။ ခံစားချက်များတွင် ဝမ်းနည်းမှု၊ ဒေါသ၊ အပြစ်ရှိစိတ် သို့မဟုတ် ငြင်းဆိုမှုများ ပါဝင်နိုင်ပါသည်။
ဝမ်းနည်းပူဆွေးမှုခံစားရသည့် ကလေးများသည် အောက်ပါတို့ ဖြစ်နိုင်ပါသည်-
အများအားဖြင့် ကလေးများသည် သတင်းအချက်အလက်စီးဆင်းမှုကို "ကိုယ်တိုင် ထိန်းညှိ" ကြပါသည်။ သူတို့သည် မေးခွန်းတစ်ခုကို မေးနိုင်ပြီး အဖြေကို နားထောင်ပြီးနောက်တွင် ၎င်းတို့ကြားလိုက်သည်ကို စီမံဆောင်ရွက်ရင်း ချက်ချင်းပြန်ကစားနိုင်ပါသည်။
ဤခံစားချက်များနှင့် အပြုအမူများသည် ဝမ်းနည်းပူဆွေးမှုအပေါ် ပုံမှန်တုံ့ပြန်မှုများ ဖြစ်ပါသည်။
ကလေးတစ်ဦး၏သေဆုံးမှုအကြောင်းကို အခြားကလေးများအား ပြောပြရခြင်းသည် မိဘများအတွက် လုပ်ဆောင်ရမည့် အခက်ခဲဆုံးအရာများထဲမှ တစ်ခုဖြစ်နိုင်ပါသည်။ မိဘများသည် ကလေးတစ်ဦးချင်းစီ၏ သေခြင်းတရားနှင့် ၎င်း၏တည်မြဲမှုဆိုင်ရာ နားလည်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားရပါမည်။ ကလေးတစ်ဦး၏ ဤအချက်အလက်ကို မည်သို့ လက်ခံဆောင်ရွက်ပုံသည် အချက်ပေါင်းများစွာပေါ်တွင် မူတည်ပါသည်။ ၎င်းတို့တွင် အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ဘဝအတွေ့အကြုံများ ပါဝင်သည်။
ဤပြောဆိုမှုများသည် မလွယ်ကူပါ။ သို့သော် မိဘများသည် ဆွေးနွေးမှုများကိုစတင်ရန် တချို့အရာများကို လုပ်ဆောင်နိုင်ပါသည်။
မည်သည့်အရာအား ကြိုတင်မျှော်လင့်ထားရမည်ဆိုသည်ကို သိရှိခြင်းသည် ကလေးများအား လုံခြုံသည့်စိတ်ခံစားချက်ကို ပေးပါသည်။ ကလေးအများစုအတွက် မောင်နှမတစ်ဦး သေဆုံးခြင်းသည် ၎င်းတို့ အမှန်တကယ် ဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးမှုကို တွေ့ကြုံခံစားခဲ့ရသည့် ပထမဆုံးအကြိမ် များထဲမှ တစ်ခုဖြစ်ပါသည်။
ကလေးများသည် သူတို့၏ ကိုယ်ပိုင်စိတ်ခံစားချက်အသစ်များကို ကိုင်တွယ်ဖြေရှင်းနေရင် မိဘများ၏ တုံ့ပြန်မှုတွေကို မြင်တွေ့ပြီး ရင်ဆိုင်ဖြေရှင်းကြရပါမည်။ ၎င်းသည် တစ်ခါတစ်ရံတွင် ကလေးများအား မသေချာမရေရာမှုကို ဖြစ်စေနိုင်သည် သို့မဟုတ် ကြောက်ရွံ့မှုကို ဖြစ်စေနိုင်သည်။ ကလေးများသည် သေဆုံးပြီးနောက် မိသားစုများ ရင်ဆိုင်ရမည့် လက်တွေ့ကျသော စိုးရိမ်ပူပန်မှုများကိုလည်း နားလည်မည် မဟုတ်ပါ။
မည်သည်တို့ဖြစ်လာမလည်းဆိုသည်ကို ကလေးများ သိရှိနားလည်ရန် အရေးကြီးပါသည်။ ၎င်းသည် သူတို့၏ မေးခွန်းများနှင့် စိုးရိမ်ပူပန်မှုများကို လျော့ပါးစေနိုင်ပါသည်။
ဝမ်းနည်းပူဆွေးနေသည့် ကလေးများကို ဖေးမကူညီပေးရန် နည်းလမ်းတစ်ခုမှာ ၎င်းတို့၏ ညီအစ်ကို သို့မဟုတ် ညီအမကို ဂုဏ်ပြုရန်နှင့် သတိရအောက်မေ့စေမည့် အရာတစ်ခုခုကို ၎င်းတို့နှင့်အတူ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကလေးများတွင် သူတို့ပြုလုပ်ချင်သည်အရာနှင့် ပတ်သက်၍ အကြံဥာဏ်များ ရှိနိုင်ပါသည်။ ဤအကြံဥာဏ်များသည် ကြီးမားသော နှစ်သိမ့်မှု၏ အရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါသည်။
အောက်ပါတို့မှာ ကလေးများ၏ ဝမ်းနည်းပူဆွေးမှုနှင့် သတိရအောက်မေ့မှုကို ကူညီပေးနိုင်မည့် အစီအစဉ်များဆိုင်ရာ အကြံဉာဏ်တချို့ ဖြစ်ပါသည်-
ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး သေဆုံးပြီးနောက် ကလေးများတွင် လွယ်ကူသောအဖြေများမရှိသည့် စိုးရိမ်ပူပန်မှုများ ရှိလာနိုင်ပါသည်။ မိဘများသည် ၎င်းတို့၏ကလေးများတွင် ရှိနိုင်သည့် မေးခွန်းများအတွက် ကြိုတင်စီစဉ်ရန် ကြိုးစားနိုင်ပါသည်။
ကလေးများသည် ညီအစ်ကိုမောင်နှမတစ်ယောက် သေဆုံးသွားသည့်အခါ အပြစ်ရှိသည်ဟု ခံစားရလေ့ရှိပါသည်။ ကလေးများတွင် အပြစ်မရှိကြောင်းကို သိအောင်ပြောပြရန် အရေးကြီးပါသည်။ ၎င်းတို့သည် ဖြစ်ပျက်ခဲ့မှုများအတွက် အပြစ်ရှိသည်ဟု မခံစားရသင့်ပါ။ ၎င်းကို ဆွေးနွေးရန်အတွက် ချဉ်းကပ်မှုများတွင် အောက်ပါတို့ပါဝင်ပါသည်-
အများစုတွင် ကင်ဆာဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရပါ။ သို့သော်လည်း ၎င်းသည် မိဘများမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဟု မေးမြန်းခြင်းကို မတားဆီးနိုင်ပါ။ ကလေးများအတွက်လည်း အလားတူပင် ဖြစ်ပါသည်။ တုံ့ပြန်ဖြေဆိုနိုင်သည့် နည်းလမ်းအချို့မှာ အောက်ပါတို့ ဖြစ်နိုင်ပါသည်-
မိသားစုများသည် နောက်ဘဝကို ယုံကြည်ပါက မိဘများအနေဖြင့် နေရာအသစ်က မည်သို့မည်ပုံဖြစ်နိုင်သည်ဟု ပြောပြနိုင်ပါသည်။ အချို့ကလေးများသည် ထိုနေရာတွင် အခြားဘယ်သူတွေရှိသေးလဲ၊ သူတို့တွေဘာလုပ်နေသလဲဟု ဆွေးနွေးပြောဆိုခြင်းဖြင့် နှစ်သိမ့်မှုကို ရရှိကြပါသည်။
နောက်ဘဝကို မယုံကြည်သည့် မိသားစုများအနေဖြင့် “ငါတို့ခန္ဓာကိုယ်တွေ အလုပ်မလုပ်တော့တဲ့အခါမှာ ၎င်းတို့သည် ကမ္ဘာမြေသို့ ပြန်သွားပြီး အပင်များနှင့် တိရစ္ဆာန်များနှင့်အတူ ငါတို့မျှဝေသော ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်” ကဲ့သို့ ပြောဆိုနိုင်ပါသည်။
တစ်စုံတစ်ဦး သေဆုံးပြီးနောက် ဘာဖြစ်သလဲဆိုသည်ကို ကလေးများစဉ်းစားပုံအား လေ့လာခြင်းသည် မိဘများကိုလည်း နှစ်သိမ့်မှုပေးနိုင်ပါသည်။ ဤဆွေးနွေးမှုသည် မှားယွင်းနေသော အယူအဆများကို ရှင်းလင်းပေးနိုင်သည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။ မိသားစု၏ တန်ဖိုးထားမှုများနှင့် ယုံကြည်ချက်များနှင့် ကိုက်ညီသော ပုံပြင်စာအုပ်များသည် ကလေးများနှင့် သေခြင်းတရားအကြောင်း ပြောဆိုရာတွင် မိဘများအား ကူညီပေးနိုင်ပါသည်။ မိဘများသည် အောက်ပါတို့ကဲ့သို့ ပြောဆိုနိုင်ပါသည်-
ညီအစ်ကိုမောင်နှမတစ်ဦးက “ကျွန်တော့် အစ်ကို ဒါမှမဟုတ် အစ်မကို ပြန်တွေ့ရဦးမှာလား” ဟု မေးခြင်းသည် အထူးအဆန်းမဟုတ်ပါ။ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များအရ မိဘများအနေဖြင့် အောက်ပါတို့ကဲ့သို့ စကားမျိုးဖြင့် ဖြေကြားပေးနိုင်ပါသည်-
သူတို့၏ ညီ/ အစ်ကို သို့မဟုတ် အစ်မ/ ညီမကိုသည် မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတမ်းဖြစ်နေပြီး ဘယ်တော့မှ မေ့ပျောက်သွားမည်မဟုတ်ကြောင်းကို ကလေးများ သိရှိစေရန်မှာ အရေးကြီးပါသည်။ ကလေးများသည် ထူးခြားသည့် ဇာတ်လမ်းများ သို့မဟုတ် အမှတ်တရများကို ကြားချင်ကြလိမ့်မည် ဖြစ်ပါသည်။ ညစာစားပွဲများ၊ အားလပ်ရက်များ၊ မွေးနေ့များ သို့မဟုတ် ကြိုက်နှစ်သက်သော လှုပ်ရှားမှုများအကြောင်း မျှဝေပြောပြပေးခြင်းသည် ကျန်ရစ်သူမွေးချင်းများကို သူတို့၏ ကွယ်လွန်သူ ညီ/ အစ်ကို သို့မဟုတ် အစ်မ/ ညီမနှင့် ဆက်သွယ်နိုင်နေဆဲဖြစ်ကြောင်းကို အားပေးနှစ်သိမ့်ပေးနိုင်သည်။
မိသားစုမှ သူတို့၏မောင်နှမတွေကို သတိရအောက်မေ့စေရန် ထူးခြားသည့်အချိန်များတွင် လုပ်ဆောင်နိုင်သည့် အရာများနှင့် ပတ်သက်ပြီး သူတို့၏အကြံဥာဏ်များကို မျှဝေရန် ကလေးများကို တိုက်တွန်းအားပေးပါ။ သင်သည် အောက်ပါတို့ကဲ့သို့ ပြောဆိုနိုင်ပါသည်-
ဝမ်းနည်းပူဆွေးနေသည့် ကလေးများသည် “သားတို့/ သမီးတို့ ဘာဆက်လုပ်ရမလဲ” ဟု မေးတတ်ကြပါသည်။ ရှေ့ဆက်ဖို့ ခက်ခဲတယ်ဆိုတာကို ဝန်ခံခြင်းသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ မိသားစုသည် အတူတကွရှိနေမည်ဖြစ်ကြောင်းကို ကလေးများအား အားပေးပြောဆိုပါ။ သင်သည် အောက်ပါတို့ကို ပြောခြင်းဖြင့် အချင်းချင်း အားပေးထောက်ပံ့နိုင်ပါသည်- “အားလုံးအတူတူ မရှိနိုင်တာကို မြင်ယောင်ကြည့်ရုံနဲ့တင် ခက်ခဲပါတယ်။ မင်းရဲ့ အစ်မ/ ညီမကို အမြဲအမှတ်ရနေဖို့ နည်းလမ်းတွေရှာပြီး သူ့ကို အဖေတို့အမေတို့ရဲ့ မိသားစုလေးထဲမှာ အမြဲထည့်ထားပေးမှာပါ။ သူက အမြဲတမ်း မင်းရဲ့ အစ်မ/ ညီမ ဖြစ်နေမှာပါ။”
မိဘများမှ ခံစားချက်များကို ထုတ်ဖော်ပြသည့်အခါ ကလေးများသည် သူတို့သည် တစ်ယောက်တည်း မဟုတ်ကြောင်းနှင့် သူတို့၏ ခံစားချက်များမှာ ပုံမှန်ဖြစ်ကြောင်းကို နားလည်ရန် ကူညီပေးနိုင်ပါသည်။ ကလေးများအနေဖြင့် သူတို့၏ စိတ်ခံစားမှုများကို အရှိကိုအရှိအတိုင်း ဖော်ပြခွင့်ရရန် အရေးကြီးပါသည်။
သင်သည်လည်း သင့်ကလေးများနှင့် ခံစားချက်တူညီကြောင်းနှင့် ၎င်းသည် ပုံမှန်ဖြစ်ကြောင်းကို သင့်ကလေးများအား ပြောပြချင်ပါလိမ့်မည်။ ၎င်းကို ဆွေးနွေးရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-
တစ်ခါတစ်ရံတွင် မိဘများသည် ဘာပြောရမှန်းမသိ ဖြစ်တတ်ကြပါသည်။ မိဘများအနေဖြင့် မိမိကိုယ်ကို ပိုမိုကောင်မွန်းစွာ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ခံစားရသည့်အချိန်အထိ မေးခွန်းတစ်ခုကို အဖြေပေးရန် အချိန်ဆွဲထားခြင်းသည် အဆင်ပြေပါသည်။ အရေးကြီးဆုံးမှာ ကလေးများအား မေးခွန်းများ မေးခြင်းသည် အဆင်ပြေကြောင်းကို အသိပေးရန်ဖြစ်ပါသည်။
မိဘများသည်လည်း အဖြေပေးနိုင်ရန် ခက်ခဲနေသည်ကို ကလေးများ သိရှိပါက ၎င်းတို့သည် သူတို့ကိုယ်တိုင် ကြုံနေရသည့် အခက်အခဲများကို ပို၍ရိုးရိုးသားသား ဖော်ပြလာနိုင်ပါသည်။ ရိုးရှင်းသော တုံ့ပြန်မှုမှာ-“ဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပဲ။ ဒီအကြောင်းကို အဖေ/ အမေလည်း စဉ်းစားနေတာပါ။” ဖြစ်နိုင်ပါသည်။
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- စက်တင်ဘာလ 2023 ခုနှစ်
ကလေးတစ်ဦးသေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းသည် မိဘတိုင်းအတွက် မတူညီပါ။ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ပိုမိုလေ့လာပါ။
ဝမ်းနည်းပူဆွေးမှု၏ အကျိုးသက်ရောက်မှုများကို တိုက်ဖျက်ရန် နည်းလမ်းငယ်လေးများကို ရှာဖွေခြင်းသည် ရှေ့ဆက်ရန်နှင့် ခွန်အားရရှိဖို့အတွက် အလွန်အရေးကြီးပါသည်။