မေ့ဆေးဆိုသည်မှာ အချို့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ လုပ်ထုံးလုပ်နည်းများ၊ ခွဲစိတ်မှုနှင့် အခြားကုသမှုများအတွင်း နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို ကာကွယ်ရန်အတွက် ဆေးဝါးများကို အသုံးပြုခြင်းဖြစ်ပါသည်။
မေ့ဆေးကို အောက်ပါတို့အတွက် အသုံးပြုနိုင်ပါသည်-
အထွေထွေမေ့ဆေးဆေးဝါးများကို သွေးပြန်ကြောမှတစ်ဆင့် ထိုးသွင်းလေ့ရှိပါသည်။ လူနာများကို လုပ်ထုံးလုပ်နည်းများမပြုလုပ်မီ အချိန်အတိုင်းအတာတစ်ခုအထိ အစားအစာများ မစားရန် သို့မဟုတ် မသောက်ရန် မှာကြားထားမည်ဖြစ်သောကြောင့် မိသားစုများသည် လူနာနိုးလာသည့်အခါအတွက် မုန့်တစ်ခုကို အသင့်ပြင်ဆင်ထားသင့်ပါသည်။
မေ့ဆေးပေးခြင်း၏ ရည်ရွယ်ချက်မှာ စစ်ဆေးမှုများနှင့် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက်တွင် လူနာများ ဘေးကင်းလုံခြုံစေရန်နှင့် သက်တောင့်သက်သာရှိစေရန် ဖြစ်ပါသည်။
မေ့ဆေးပေးရန်နှင့် လူနာများကို စောင့်ကြည့်ရန်အတွက် လေ့ကျင့်သင်ကြားထားသော ဆရာဝန်ကို မေ့ဆေးအထူးကုဆရာဝန်ဟု ခေါ်ပါသည်။ မေ့ဆေးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်မှုကို ရရှိထားသော သူနာပြုကို အသိအမှတ်ပြု မှတ်ပုံတင်ထားသော မေ့ဆေးသူနာပြု (CRNA) ဟု ခေါ်ပါသည်။
မေ့ဆေးအမျိုးအစားအနေဖြင့် အဓိက 3 မျိုး ရှိပါသည်- အထွေထွေ မေ့ဆေး၊ နေရာကွက်၍ ထုံစေသော ထုံဆေးနှင့် နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေး။
မေ့ဆေးပေးစဉ် အသုံးပြုသော ဆေးဝါးများသည် အောက်ပါအချက်အလက်များစွာအပေါ်တွင် မူတည်ပါသည်-
သင့်ကလေးကို အထွေထွေမေ့ဆေးမပေးမီ၊ စောင့်ရှောက်မှုအဖွဲ့သည်-
မေ့ဆေးပေးမည့် အစီအစဉ်နှင့် မျှော်လင့်ထားရမည့်အရာအကြောင်းကို မေ့ဆေးပေးသူများနှင့် ပြောဆိုဆွေးနွေးသင့်ပါသည်။ သင့်ကလေးအား မေ့ဆေးပေးရန်ပြင်ဆင်ရာတွင် ကူညီရန်အတွက် ကလေးဘဝ အထူးကုပညာရှင်တစ်ဦးသည် ဆေးအဖွဲ့နှင့် ပူးတွဲလုပ်ကိုင်နိုင်သည်။ အရာအားလုံး အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန်အတွက် စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။
လူနာများကို အထွေထွေ မေ့ဆေးမပေးမီ အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားရန် သို့မဟုတ် ရေမသောက်ရန် ပြောလေ့ရှိပါသည်။ ၎င်းကို အစာမစားရန်လမ်းညွှန်ချက်များ သို့မဟုတ် “NPO” ဟု သိကြပါသည်။ NPO သည် “ပါးစပ်ဖြင့် ဘာမှမစားရ” ဟု အဓိပ္ပာယ်ရသည့် လက်တင်ဘာသာစကား၏ အတိုကောက်ဖြစ်ပါသည်။
မေ့ဆေးပေးထားစဉ် အစာအိမ်ထဲ၌ တစ်ခုခုရှိနေခြင်းသည် လူနာများ၏ အဆုတ်များထဲသို့ အစာနှင့် အရည်များ ဝင်သွားစေနိုင်ပါသည်။ ပီကေဝါးခြင်း သို့မဟုတ် သကြားလုံးစုပ်ခြင်းသည်ပင် အန္တရာယ်ဖြစ်စေနိုင်ပြီး လုပ်ထုံးလုပ်နည်းကို နှောင့်နှေးစေနိုင်ပါသည်။
သင့်ကလေးသောက်သုံးနေသည့် အခြားဆေးဝါးများအကြောင်းအား စောင့်ရှောက်မှုအဖွဲ့ကို ပြောပြပါ။ စောင့်ရှောက်မှုအဖွဲ့သည် မေ့ဆေးမပေးမီ သို့မဟုတ် မေ့ဆေးပေးပြီးနောက်တွင် ဆေးဝါးများ ပြောင်းလဲရန် အကြံပြုနိုင်သည်။
စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။ လူနာများ ဘေးကင်းစေရန် ၎င်းသည် အရေးကြီးပါသည်။
မေ့ဆေးပေးခြင်း၏ အန္တရာယ်များသည် မေ့ဆေးအမျိုးအစားနှင့် လုပ်ထုံးလုပ်နည်းပေါ်တွင် မူတည်ပါသည်။
ပုံမှန်အားဖြင့် မေ့ဆေးပေးခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် ပြင်းထန်မှု မရှိဘဲ သူ့လိုလို ပျောက်သွားတတ်ပါသည်။
အထွေထွေမေ့ဆေးပေးပြီးနောက် သင့်ကလေးသည် အောက်ပါတို့ ဖြစ်နိုင်ပါသည်-
အခြားနောက်ဆက်တွဲ ပြဿနာများသည် ပိုမိုပြင်းထန်နိုင်ပါသည်။ အချို့သောဆေးဝါးများသည် လူနာအချို့တွင် နှလုံး၊ သွေးပေါင်ချိန်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။ အကယ်၍ သင့်တွင် ရှားပါးမျိုးရိုးဗီဇပြောင်းလဲမှုရှိပါက ဖြစ်ပွားနိုင်သည့် ပြင်းထန်သောတုံ့ပြန်မှုတစ်ခုမှာ မယ်လစ်နန့် ဟိုက်ပါသဲမီးယား (malignant hyperthermia) ဖြစ်ပါသည်။
ပြင်းထန်သည့် ဆေးဘက်ဆိုင်ရာအခြေအနေများရှိသော လူနာများသည် အထွေထွေ မေ့ဆေးနှင့် ဆက်စပ်ည့် ပြဿနာများ ဖြစ်နိုင်ခြေ ပိုများပါသည်။ မေ့ဆေးအဖွဲ့သည် မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်တွင် လူနာများကို အနီးကပ် စောင့်ကြည့်မည် ဖြစ်ပါသည်။
မေ့ဆေးသည် လူနာအများစုအတွက် ဘေးကင်းပါသည်။ သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကလေးများတွင် အထွေထွေမေ့ဆေးအသုံးပြုမှုကို ကန့်သတ်နိုင်ရန် ကြိုးစားကြပါသည်။ အဘယ်ကြောင့်ဆိုသော် အထွေထွေမေ့ဆေး အလွန်အကျွံပေးခြင်းသည် အထူးသဖြင့် အသက် 3 နှစ်အောက် ကလေးများတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။
မေ့ဆေးဆိုင်ရာ ရွေးချယ်စရာများအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ ပုံရိပ်ဖော်စစ်ဆေးမှုများကဲ့သို့သော လုပ်ထုံးလုပ်နည်းအချို့အတွင်း သင့်ကလေးကို ငြိမ်နေစေရန်နှင့် စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ရန်အတွက် အခြားနည်းလမ်းများလည်း ရှိနိုင်ပါသည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇူလိုင်လ 2023 ခုနှစ်
သင့်ကလေး၏ ကုသမှုတွင် ပုံရိပ်ဖော်စစ်ဆေးမှုများသည် မည်သည်ကို ပြုလုပ်၍ မည်သို့ အရေးပါကြောင်းကို လေ့လာပါ။