စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ စိတ်ခံစားမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်များအတွက် အထောက်အပံ့နှင့် ကုသမှုကို ပံ့ပိုးပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုအမျိုးအစားတစ်ခု ဖြစ်ပါသည်။ စိတ်ကျန်းမာရေးစောင့်ရှောက်မှုသည် သင့်ကလေးအား ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲရန်နှင့် ရောဂါနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးနိုင်ပါသည်။
စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသူများသည် သီးခြားလိုအပ်ချက်များကို ဖြေရှင်းရန်အတွက် စိတ်ကုထုံး (ဆွေးနွေးအကြံဉာဏ်ပေးခြင်း၊ စကားပြောကုထုံး)၊ အပြုအမူဆိုင်ရာ ဆောင်ရွက်မှုများနှင့် အခြားကုသမှုများကို အသုံးပြုနိုင်ပါသည်။
သင့်ကလေးသည် တစ်ကြိမ်တည်း တိုတောင်းသည့်ကုသမှု သို့မဟုတ် ရေတိုကုထုံး လိုအပ်နိုင်ပါသည်။ သို့မဟုတ် ကုသမှုကို ဆက်လက်၍ လုပ်ဆောင်နေရနိုင်ပါသည်။ ကုသမှုတွင် မိသားစု တိုင်ပင်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း ကုထုံး သို့မဟုတ် အသက်အရွယ် အခြေအနေတူ ကူညီရေးအဖွဲ့များ ပါဝင်နိုင်ပါသည်။
စိတ်ကျန်းမာရေးစောင့်ရှောက်မှုသည် သင့်ကလေးအား အောက်ပါတို့ကို ကူညီပေးနိုင်ပါသည်-
ကောင်းမွန်သည့် စိတ်ကျန်းမာရေးနှင့် ကောင်းမွန်သည့် မိသားစုကျန်းမာရေးသည် ဆေးဘက်ဆိုင်ရာရလဒ်များကို အမှန်တကယ် တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
ဝန်ဆောင်မှုပေးသူများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
သင့်ကလေးသည် ၎င်းတို့စောင့်ရှောက်မှုအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စိတ်ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ သို့မဟုတ် သင်သည် လူမှုအသိုင်းအဝိုင်း ဝန်ဆောင်မှုပေးသူများထံမှ စောင့်ရှောက်မှုကို ရယူနိုင်ပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်ဒေသအတွင်းရှိ အရင်းအမြစ်များကို ရှာဖွေရန်အတွက် သင့်ကို ကူညီပေးနိုင်ပါသည်။
စိတ်ကျန်းမာရေး ပံ့ပိုးပေးသူအား မည်သို့ရှာဖွေရမည်ကို လေ့လာပါ။
စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းများသည် ပံ့ပိုးပေးသူများအား ပြဿနာများကို နားလည်ပြီး ကုသနိုင်ရန် ကူညီပေးပါသည်။
စမ်းသပ်စစ်ဆေးမှုများသည် အောက်ပါတို့ကို တိုင်းတာနိုင်ပါသည်-
စိတ်ပညာရှင် သို့မဟုတ် အခြားအထူးကုဆရာဝန်များသည် သင်နှင့် သင့်ကလေးနှင့် တွေ့ဆုံပါလိမ့်မည်။ ၎င်းတို့သည် အတွေးများ၊ စိတ်ခံစားချက်များနှင့် အပြုအမူများအကြောင်းကို ပိုမိုလေ့လာနိုင်ရန်အတွက် မေးခွန်းများ မေးနိုင်ပါသည်။ စိတ်ပညာရှင်သည် သင့်ကလေး၏ ဆေးမှတ်တမ်းတွေကို ပြန်လည်သုံးသပ်၍ စောင့်ရှောက်မှုအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့် ဆွေးနွေးတိုင်ပင်ပါလိမ့်မည်။ ဤသတင်းအချက်အလက်များကို သင့်ကလေး၏ သီးခြားလိုအပ်ချက်များနှင့် ကိုက်ညီသည့် အစီအစဉ်တစ်ခုပြုလုပ်ရန် အသုံးပြုပါသည်။
စိတ်ပိုင်းဆိုင်ရာနှင့် အာရုံကြော-စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုများအကြောင်းကို ပိုမိုလေ့လာပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ 2024 ခုနှစ်
ကလေးကျန်းမာရေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် လူနာနှင့် မိသားစုများကို ရောဂါရှာဖွေခြင်းမှ ကုသခြင်းအပြင် ကုသမှုခံယူပြီးနောက်အချိန်အထိ ကူညီပေးမည်ဖြစ်သည်။ စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးချင်းစီ၏ အခန်းကဏ္ဍများကို လေ့လာပါ။