အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သွားနှင့်ခံတွင်း စောင့်ရှောက်မှု

ကင်ဆာကုသမှု မပြုလုပ်ခင်၊ ကုသမှုခံယူနေစဉ်နှင့် ကုသမှုပြီးနောက်တွင် သင့်လျော်သော သွားနှင့်ခံတွင်း စောင့်ရှောက်မှုသည် အရေးကြီးပါသည်။

ကုသမှု မပြုလုပ်ခင်၊ ကုသမှုခံယူနေစဉ်နှင့် ကုသမှုပြီးနောက်တွင် သင့်လျော်သော သွားနှင့်ခံတွင်း စောင့်ရှောက်မှုသည် အရေးကြီးပါသည်။

အချို့သောရောဂါများနှင့် ကုသမှုများသည် ကုသမှုပြီးဆုံးပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက်မှ ဖြစ်ပွားနိုင်သည့် သွားနှင့် ခံတွင်းပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သင့်ကလေး၏ ပါးစပ်ကို ကောင်းကောင်းဂရုစိုက်ရန်နှင့် မည်သည့်ပြောင်းလဲမှုကိုမဆို စောင့်ကြည့်ရန်မှာ အရေးကြီးပါသည်။   

နေ့စဉ် ခံတွင်းစောင့်ရှောက်မှု လုပ်ရိုးလုပ်စဉ်သည် ယခုနှင့် အနာဂတ်တွင် သင့်ကလေး၏ ခံတွင်းကျန်းမာရေးကို ကာကွယ်ရာတွင် ကူညီပေးနိုင်ပါသည်။ ၎င်းတွင် သွားတိုက်ခြင်း၊ အကြံပြုထားသည့်အတိုင်း ပါးစပ်ဆေးရည် အသုံးပြုခြင်း၊ နှုတ်ခမ်းဆီလိမ်းခြင်းနှင့် သကြားဓာတ်များသည့် အစားအစာနှင့် အဖျော်ယမကာများကို ကန့်သတ်ခြင်းတို့ ပါဝင်ပါသည်။ 

သွားဆရာဝန်ထံ ပုံမှန်သွားရောက်ပြသခြင်းသည် ကုသရလွယ်ကူသည့် ပြဿနာများကို စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။ 

သွားနှင့်ခံတွင်း စောင့်ရှောက်မှုနှင့် ခံတွင်းကျန်းမာရေးအကြောင်း ပိုမိုလေ့လာပါ။

  • ကလေးဘဝကင်ဆာရောဂါ ခံစားရပြီးနောက် သွားပြဿနာများ

    ကလေးဘဝကင်ဆာကုသမှုအချို့သည် သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများတွင် သွားပြဿနာများအကြောင်းကို လေ့လာပါ။

  • ပါးစပ်နှင့် လည်ချောင်းအနာများ

    ကလေးများတွင်ဖြစ်သော ပါးစပ်နှင့် လည်ချောင်း အနာများသည် ကင်ဆာကုထုံး၏ ယေဘုယျ ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ ဤအခြေအနေအတွက် ဆေးပညာဆိုင်ရာအခေါ်အဝေါ်မှာ ခံတွင်းအမြှေးပါး ရောင်ရမ်းခြင်း ဖြစ်ပါသည်။

ဆယ်ကျော်သက်များနှင့် လူငယ်များအတွက် အရင်းအမြစ်များ