ဖြစ်ခဲသော်လည်း အချို့သော ကလေးဆိုင်ရာ ကင်ဆာကုထုံးများသည် ဘဝနောက်ပိုင်းတွင် အခြားကင်ဆာကို ထပ်ဖြစ်စေနိုင်ပါသည်။ ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးများတွင် အရေပြားကင်ဆာသည် ဆင့်ပွားကင်ဆာများမှ အဖြစ်အများဆုံးကင်ဆာတစ်မျိုး ဖြစ်ပါသည်။
ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများသည် အရေပြားစစ်ဆေးမှုကို ပုံမှန်ပြုလုပ်၍ အရေပြားကင်ဆာကို ကြိုတင်ကာကွယ်ရန်အတွက် အဆင့်များဖြင့်လုပ်ဆောင်ရန်မှာ အရေးကြီးပါသည်။
အရေပြားကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိပါက ၎င်းသည် အများအားဖြင့် သေချာကုသနိုင်ပါသည်။
ဖြစ်ခဲသော်လည်း အချို့သော ကလေးဆိုင်ရာ ကင်ဆာကုထုံးများသည် ဘဝနောက်ပိုင်းတွင် အခြားကင်ဆာကို ထပ်ဖြစ်စေနိုင်ပါသည်။ ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးများတွင် အရေပြားကင်ဆာသည် ဆင့်ပွားကင်ဆာများမှ အဖြစ်အများဆုံးကင်ဆာတစ်မျိုး ဖြစ်ပါသည်။
အောက်ပါတို့ကို လက်ခံရရှိသူများ-
အဓိက အရေပြားကင်ဆာပုံစံအမျိုးအစား 3 မျိုး ရှိပါတယ်-
အရေပြားကင်ဆာကို ယေဘုယျအားဖြင့် အဓိကအမျိုးအစား 2 မျိုး ခွဲခြားထားပါသည်-
အရေပြားအပေါ်ယံလွှာများတွင် ဖြစ်ပွားသော အရေပြားကင်ဆာများသည် အဖြစ်အများဆုံးအရေပြားကင်ဆာ ဖြစ်ပါသည်။ အရေပြားအောက်ခြေဆဲလ် ကင်ဆာသည် ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးများနှင့် သာမန်ပြည်သူလူထုထဲတွင် တွေ့ရသော အဖြစ်အများဆုံး အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာအမျိုးအစား ဖြစ်ပါသည်။
၎င်းသည် ကုသပါက ပျောက်ကင်းနိုင်ခြေမြင့်မားသော်လည်း အဆိုပါအရေပြားကင်ဆာများကို ခွဲစိတ်ကုသမှုများသည် အမာရွတ် ကျန်နိုင်ပါသည်။
အထူးသဖြင့် အရေပြားကင်ဆာအမျိုးအစားမျိုးစုံကို ခံစားနေရသော လူနာများတွင် ကုသမှုကုန်ကျစရိတ် များပြားနိုင်ပါသည်။
အရေပြားအနက်ရှိုင်းဆုံးအလွှာတွင်ဖြစ်ပွားသော အရေပြားကင်ဆာ သည် အရေပြားအပေါ်ယံလွှာများတွင်ဖြစ်ပွားသော အရေပြားကင်ဆာထက်ရှားပါးပါသည်။ ၎င်းသည် အများအားဖြင့် ပိုမိုပြင်းထန်တတ်၍ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပါသည်။
အရေပြားကို နေရောင်ခြည်နှင့် ထိတွေ့မှုမှ ကာကွယ်ခြင်း သည် အရေပြားကင်ဆာအား ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ၎င်းသည် အထူးသဖြင့် ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများအတွက် အရေးကြီးပါသည်။
ပိုမိုသိရှိလိုပါက Children’s Oncology Group ၏ Skin Health After Cancer Treatment Health Linkသို့ ဝင်ရောက်ကြည့်ရှုပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- မေလ၊ 2020 ခုနှစ်
ကင်ဆာနှင့် အခြားဆေးဘက်ဆိုင်ရာအခြေအနေများသည် အရေပြားပြဿနာများနှင့် အနာကျက်နှောင့်နှေးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အနာနှင့် အရေပြားစောင့်ရှောက်မှု အကြောင်းနှင့် သင့်ကလေး၏ အရေပြားကို မည်သို့ကာကွယ်ရမည်အကြောင်းကို လေ့လာပါ။