အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း)

ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Periactin®

မကြာခဏအတှကျအသုံးပွု:

ဓာတ်မတည့်မှု၊ မြက်သီးနှာစေးဖျား၊ အအေးမိခြင်းများနှင့် ဓာတ်မတည့်မှုအပေါ် တုံ့ပြန်ခြင်းများနှင့် ဆက်စပ်နေသည့် လက္ခဏာများ။ ခံတွင်းလိုက်စေပြီး ကိုယ်အလေးချိန်တိုးလာနိုင်စေသည်။

ကလစ်ဘုတ် သင်္ကေတ

Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ဆိုတာ ဘာလဲ။

Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ဆိုသည်မှာ ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေးတစ်မျိုးဖြစ်ပါသည်။ ၎င်းဆေးဝါးအမျိုးအစားသည် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသည့် ပစ္စည်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း၏လုပ်ဆောင်ချက်ကို ဟန့်တားသည်။

အောက်ပါတို့အပါအဝင် အမျိုးမျိုးသော ရောဂါလက္ခဏာများကို ကုသရန်အတွက် Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ကို အသုံးပြုနိုင်သည်-

  • ဓာတ်မတည့်မှုနှင့် အအေးမိမှုဆိုင်ရာ လက္ခဏာများတွင် မျက်စိများယားယံခြင်း၊ ကျိန်းစပ်ခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းကဲ့သို့သော ရောဂါလက္ခဏာများ
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • အဖုအပိမ့်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကဲ့သို့သော ဓာတ်မတည့်မှုဆိုင်ရာ တုံ့ပြန်ချက်များ
  • ရွေ့လျားမှုဆိုင်ရာ ပြဿနာများ
  • ခေါင်းတစ်ခြမ်းကိုက်ခြင်းများ
  • ပျို့အန်ခြင်း

Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ကို ခံတွင်းလိုက်အောင် လှုံ့ဆွပေးပြီး ကိုယ်အလေးချိန်တိုးလာနိုင်စေရန်အတွက်လည်း အသုံးပြုနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်ခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
  • အာခေါင်၊ နှာခေါင်းနှင့် နှုတ်ခမ်းများခြောက်ခြင်း
  • ခံတွင်းလိုက်စေခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းကိုက်ခြင်း
  • နှာခေါင်းပိတ်ခြင်း သို့မဟုတ် အသည်း၊ အဆုတ်ကဲ့သို့သော အစိတ်အပိုင်းများတွင် သွေးအရောက်များခြင်း
  • အမြင်အာရုံဝေဝါးခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အအေးမိပျောက်ဆေး သို့မဟုတ် ဓာတ်မတည့်ရောဂါပျောက်ဆေးများကို တစ်မျိုးထက်ပို၍ သောက်နေရပါက သတိထားပါ။ ၎င်းထုတ်ကုန်များသည် တူညီသော ပါဝင်ပစ္စည်းများကို အသုံးပြုထားလေရာ တွဲသုံးမိပါက ဆေးချိန်လွန်ကဲခြင်းကို ဖြစ်စေနိုင်ပါသည်။ ဆေးအမည်ကို သေသေချာချာဖတ်ပါ။ မေးစရာရှိပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် အရက်သောက်ခြင်းကို ရှောင်ကျဉ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးကို ခဏခဏမသောက်ပါနှင့် သို့မဟုတ် ညွှန်ကြားသည်ထက် ပိုမသောက်ပါနှင့်။
  • Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ကို အစာဖြင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်နိုင်ပါသည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ဆေးရည်ဖြစ်ပါက (oral syrup), ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာဖြင့် ဆေးချိန်ကို သေသေချာချာတိုင်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒိုင်း) ဆေးရည်ကို အလင်းနှင့် မထိတွေ့ အောင်ထားပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။