အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စစ်ပရိုဖလောက်စဆင်

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Cipro®

သည်အခြားအမည်များ:

Ciprofloxacin Hydrochloride

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်းကို ကုသခြင်း သို့ ကာကွယ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

စစ်ပရိုဖလောက်စဆင်ဆေးအကြောင်း

စစ်ပရိုဖလောက်စဆင်ဆေးသည် ပဋိဇီဝဆေးတစ်မျိုး ဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။

စစ်ပရိုဖလောက်စဆင်ဆေးကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

tablet and capsule icon

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ရေတိုတွင်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ

  • အနီကွက်ဖြစ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • နေရောင်ဒဏ်မခံနိုင်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ရင်ပူခြင်း
  • နုံး‌ခွေခြင်း သို့ အိပ်ငိုက်သလိုဖြစ်ခြင်း
  • မိန်းမကိုယ်ယားယံခြင်း နှင့်/သို့ အကျိအချွဲထွက်ခြင်း

စစ်ပရိုဖလောက်စဆင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ရေရှည်တွင်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများ

  • အဆစ်အမြစ်၊ ကြွက်သား သို့ အရွတ်တွင် ပြဿနာဖြစ်ခြင်း
  • ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော နာဗ်ကြောများ ပျက်စီးနေခြင်း
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • ဤဆေးသောက်နေစဉ် ပြင်းပြင်းထန်ထန်ဝမ်းလျှောလာပါက ဆရာဝန်တစ်ဦးဦးကို အသိပေးပါ။
  • စစ်ပရိုဖလောက်စဆင်ဆေးသောက်နေစဉ်တွင် အရည်ပမာဏများများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • စစ်ပရိုဖလောက်စဆင်ဆေးသောက်နေစဉ် ဆရာဝန်တစ်ဦးဦး၏ ညွှန်ကြားချက်မပါဘဲ အစာအိမ်ဆေး (အန်းတစစ်)ကို မသောက်သင့်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် မိမိတို့၏အသားအရေကို နေမထိအောင် ကာကွယ်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိသောက်ပါ။

စစ်ပရိုဖလောက်စဆင်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • စစ်ပရိုဖလောက်စဆင်ဆေးကို အစားဖြင့် သို့ အစာမစားမီသောက်နိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ရေတစ်ဖန်ခွက်နှင့်သောက်ပါ။
  • စစ်ပရိုဖလောက်စဆင်ဆေးကို အစားမစားထားဘဲ နို့ထွက်ပစ္စည်းများ သို့ ကယ်လဆီယမ်ဓာတ် ကြွယ်ဝသောအစားအစားတို့ဖြင့် အတူတွဲ၍ မသောက်ပါနှင့်။
  • ဤဆေးကိုသောက်နေစဉ် ကဖင်းဓာတ်ကို ကန့်သတ်ထားပါ။
  • ဆေးပြားများကို အလုံးလိုက်သောက်သင့်သည်။ ဆေးမမျိုချမီ ဆေးကို ချိုးဖဲ့ခြင်း၊ အမှုန့်ခြေခြင်း သို့ ဝါးစားခြင်း မပြုလုပ်ရ။
  • စစ်ပရိုဖလောက်စဆင်ဆေးရည်ပုံစံ- ဆေးရည်ပုံစံဖြစ်ပါက ဆေးမသောက်မီကောင်းစွာလှုပ်ပါ။ ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • စစ်ပရိုဖလောက်စဆင်ဆေးရည်ပုံစံကို နှာခေါင်းအစားပိုက်မှတစ်ဆင့် မပေးရ။ သင်၏ ဆရာဝန် သို့ ဆေးဝါးပညာရှင်၏ ညွှန်ကြားချက်ရှိမှသာ ဆေးပြားပုံစံကိုအသုံးပြုပါ။
  • စစ်ပရိုဖလောက်စဆင် (သောက်ဆေးပုံစံများ) ကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ ဆေးကိုသွေးအတွင်းသို့ အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ဆေးပြားများကို တစ်နေ့လျှင်တစ်ကြိမ်ထက်ပို၍ မသောက်သင့်ပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။