အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cefixime (စီဖစ်ဆီမီ)

ပဋိဇီဝဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Suprax®

မကြာခဏအတှကျအသုံးပွု:

ရောဂါပိုးဝင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Cefixime (စီဖစ်ဆီမီ) ဆိုတာ ဘာလဲ။

Cefixime (စီဖစ်ဆီမီ) သည် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ကူးစက်ရောဂါဖြစ်စေသည့် ဘက်တီးရီးယားကို တိုက်ဖျက်သည်။ အဖျားဝင်တတ်သည့် သွေးဖြူဆဲလ်တမျိုး နည်းသောရောဂါ အတွက် အသုံးပြုနိုင်သလို irinotecanကြောင့် ဖြစ်ရသော ဝမ်းလျှောခြင်းကို ကာကွယ်ရန်အတွက်လည်း အသုံးပြုသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဝါးစားနိုင်သော ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • လေ
  • ရင်ပူနာ
  • ခေါင်းကိုက်ခြင်း
  • ဓာတ်မတည့်မှုဖြစ်ပေါ်သည့် ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်ကြသည်။ အနီကွက်ဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ချမ်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ကျဉ်းသွားခြင်း၊ မျက်နှာ သို့ လည်ပင်းရောင်ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Cefixime (စီဖစ်ဆီမီ) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာသည် ဤဆေးသုံးနေစဉ် ပြင်းပြင်းထန်ထန်ဝမ်းသွားခြင်းများဖြစ်လာပါက ဆရာဝန်အား အသိပေးပါ။
  • ဤဆေးကိုသောက်နေစဉ် အရည်များများသောက်ရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • Cefixime (စီဖစ်ဆီမီ) သည် အချို့သော ဓာတ်ခွဲခန်းစစ်ဆေးစမ်းသပ်မှုများ၊ အထူးသဖြင့် သွေးချိုတက်နေသူများ (ဆီးချိုသွေးချို) ကို ကမောက်ကမဖြစ်စေနိုင်ပါသည်။ ဆီးတွင်း သကြားဓာတ်ကို စမ်းသပ်သည့် ကိရိယာအသုံးပြုပုံနှင့် ဖတ်ရှုပုံများအကြောင်းကို သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် ဆွေးနွေးပါ။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ဆရာဝန် သို့မဟုတ် ဆေးစပ်သူက ညွှန်ကြားသည့် ဆေးအားလုံးကို သတ်မှတ်ဆေးချိန်ပမာဏ ပြည့်သည်အထိ သောက်ပါ။

Cefixime (စီဖစ်ဆီမီ) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • Cefixime (စီဖစ်ဆီမီ) ကိုအစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဝါးစားနိုင်သည့် ဆေးပြားများကို မမျိုချမီ ကြေညက်အောင် ကြိတ်သင့်ပါသည် သို့မဟုတ် ဝါးစားသင့် ပါသည်။
  • ဆေးမသောက်မီ ဆေးရည်ပုလင်းကို သေသေချာချာလှုပ်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Cefixime (စီဖစ်ဆီမီ) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • Cefixime (စီဖစ်ဆီမီ) ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းသင့်ပါသည်။ ၁၄ ရက်ကြာပြီးပါက ကျန်ရှိသေးသော ဆေးများကို လွှင့်ပစ်ပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။