ဗီဒီယိုများကို စာတန်းထိုးလျက် ရရှိနိုင်ပါပြီ
ကျနော်တို့စိတ်မကောင်းပါဘူးမှားယွင်းမှုတစ်ခုရှိခဲ့သည်လိုပဲကကြည့်ရှုသည်။ မကြာမီထပ်ကြိုးစားပါ။
Li-Fraumeni မျိုးရိုးလိုက် ကင်ဆာရောဂါ လက္ခဏာစု (LFS) ဟာ မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါ လက္ခဏာစုဖြစ်ပါတယ်။ မိသားစုနဲ့ နီးနီးကပ်ကပ်နေထိုင်ခြင်းနဲ့ LFS ရှိသော အခြားသူများနဲ့ ဆက်သွယ်ခြင်းဖြင့် မိသားစုတစ်စုက မည်သို့ရင်ဆိုင်ဖြေရှင်းပုံကို နားထောင်ပါ။
Li-Fraumeni မျိုးရိုးလိုက် ကင်ဆာရောဂါ လက္ခဏာစု (LFS) ဟာ မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါ လက္ခဏာစုဖြစ်ပါတယ်။ Mindy နဲ့ Breanna တို့ဟာ မိမိဘဝကို မိမိစိတ်ကြိုက် ဆက်လက်ရှင်သန်ခြင်းအကြောင်းနဲ့ နေ့ရက်တိုင်းကို အကျိုးရှိရှိ ဖြတ်သန်းပုံအကြောင်း ဆွေးနွေးပြောပြထားပါတယ်။
ကင်ဆာရောဂါဝေဒနာရှင် ကလေးရဲ့ မိဘဖြစ်တဲ့ Amy ဟာ ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ခိုက်တဲ့ ခရီးလမ်းမှာ အကောင်းမြင်စိတ်ဖြင့် နေထိုင်ခြင်းနဲ့ မျှော်လင့်ချက်ထားခြင်းရဲ့ အရေးပါမှုကို မျှဝေပြောပြထားပါတယ်။
ကင်ဆာရောဂါဝေဒနာရှင် ကလေးရဲ့ မိဘများဖြစ်တဲ့ Amanda နဲ့ Wes တို့ဟာ ယုံကြည်မှုနဲ့ မိသားစုအပေါ် အာရုံစိုက်ခြင်းဟာ ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ခိုက်တဲ့ ခရီးလမ်းအတွင်း မျှော်လင့်ချက်ဆက်ထားနိုင်ဖို့ ၎င်းတို့အား ကူညီပေးပုံကို မျှဝေပြောပြထားပါတယ်။
ကလေးကင်ဆာရောဂါဟာ မိသားစုတစ်စုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Aiden နဲ့ Colin တို့ဟာ ကလေးကင်ဆာရောဂါဖြစ်ပွားနေစဉ် ကြမ်းတမ်းသော နေ့ရက်များကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများအကြောင်း ဆွေးနွေးပြောပြထားပါတယ်။
ကင်ဆာရောဂါရှိဖူးတဲ့ မိသားစု ရာဇဝင်ဟာ မသေချာမရေရာမှုနဲ့ စိုးရိမ်ပူပန်မှုတို့ကို ဖြစ်စေတတ်ပါတယ်။ Aaron ဟာ Li-Fraumeni မျိုးရိုးလိုက်ကင်ဆာရောဂါ လက္ခဏာစုကို သူ့မှာ တွေ့ရှိတာကြောင့် စိတ်သက်သာရာရသွားတဲ့အကြောင်းကို ဆွေးနွေးပြောပြထားပါတယ်။
Aaron ဟာ Li-Fraumeni မျိုးရိုးလိုက် ကင်ဆာရောဂါ လက္ခဏာစုရှိသူများအတွက် ဓာတ်ရောင်ခြည်ထိတွေ့မှုဆိုင်ရာ အန္တရာယ်များကို သူ့ရဲ့ သွားဆရာဝန် သိရှိနားလည်စေရန် ကူညီပေးခဲ့ပုံကို မျှဝေပြောပြထားပါပါတယ်။
Ava နဲ့ သူမရဲ့မိသားစုဟာ ကလေးသွေးကင်ဆာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အတွေ့အကြုံ အသေးစိတ်နဲ့ ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ခိုက်တဲ့ ခရီးလမ်းကို စတင်တော့မယ့် မိသားစုများအတွက် မှတ်သားထားရမည့်အရာများကို မျှဝေပြောပြထားပါတယ်။
သင့်ကလေးမှာ ကင်ဆာရောဂါရှိတဲ့အခါ သင့်ကလေးကို ဘယ်လိုအုပ်ထိန်းစောင့်ရှောက်ရမလဲဆိုတာကို သိရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒေါက်တာ Niki က မိဘများအနေဖြင့် မိမိတို့ရဲ့ကလေးအတွက်အပြင် မိမိတို့ကိုယ်တိုင်အတွက်ပါ ဘယ်လိုစောင့်ရှောက်နိုင်သလဲဆိုတာ မျှဝေပြောပြထားပါတယ်။