ဗီဒီယိုများကို စာတန်းထိုးလျက် ရရှိနိုင်ပါပြီ
ကျနော်တို့စိတ်မကောင်းပါဘူးမှားယွင်းမှုတစ်ခုရှိခဲ့သည်လိုပဲကကြည့်ရှုသည်။ မကြာမီထပ်ကြိုးစားပါ။
ဓာတ်ရောင်ခြည်ကုထုံးဟာ အချို့သော ကလေးကင်ဆာရောဂါများအတွက် တွေ့ရများသော ကုသမှုတစ်ခုဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံး အလုပ်လုပ်ပုံနဲ့ မျှော်လင့်ထားရမည့်အရာများအကြောင်း ပိုမိုလေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
ဆာကိုးမားရောဂါဟာ ခန္ဓာကိုယ်ရဲ့ အရိုးနဲ့ ပျော့ပျောင်းသော တစ်ရှူးတို့မှာ တွေ့ရတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ ကလေးများရဲ့ ဆာကိုးမားရောဂါလက္ခဏာများ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတို့အကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
PET စကန်များ သို့မဟုတ် ရေဒီယိုသတ္တိကြွပစ္စည်းသုံး ဓာတ်မှန်ရိုက်ခြင်းဟာ ကင်ဆာရောဂါကို ရှာဖွေရန်နဲ့ ကုသမှုများကို အစီအစဉ်ဆွဲရန် အသုံးပြုတဲ့ ပုံရိပ်ဖော်စစ်ဆေးမှု အမျိုးအစားတစ်ခုဖြစ်ပါတယ်။ PET စကန်များအကြောင်း ပိုမိုလေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
MRI သို့မဟုတ် သံလိုက်လှိုင်းဖြင့် ဓာတ်မှန်ရိုက်ခြင်းဟာ ကင်ဆာရောဂါကို ရှာဖွေရန်နဲ့ ကုသမှုများကို အစီအစဉ်ဆွဲရန် အသုံးပြုတဲ့ ပုံရိပ်ဖော်စစ်ဆေးမှု အမျိုးအစားတစ်ခုဖြစ်ပါတယ်။ MRI စကန်များအကြောင်း ပိုမိုလေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
ပြန်ရည်ကျိတ်ကင်ဆာဟာ ပြန်ရည်ကြောစနစ်မှာ ဖြစ်ပွားတဲ့ ကင်ဆာဖြစ်ပါတယ်။ ကလေးများရဲ့ ပြန်ရည်ကျိတ်ကင်ဆာ ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတို့အကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
သွေးကင်ဆာဟာ သွေးနဲ့ ရိုးတွင်းခြင်ဆီတွင် ဖြစ်သော ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ကလေးများရဲ့ သွေးကင်ဆာ ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတို့အကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
CT စကန်များ သို့မဟုတ် CAT စကန်များဟာ ခန္ဓာကိုယ်ပုံများကို ရိုက်ယူရန် အသုံးပြုတဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်းများဖြစ်ပါတယ်။ ကင်ဆာရောဂါကို ရှာဖွေရန်နဲ့ ကုသမှုများကို အစီအစဉ်ဆွဲရန် CT စကန်များကို မည်သို့အသုံးပြုကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
ကင်ဆာဆေးသွင်းကုထုံး သို့မဟုတ် “ကီမို” ဟာ ကလေးကင်ဆာရောဂါများစွာအတွက် တွေ့ရများသော ကုသမှုတစ်ခုဖြစ်ပါတယ်။ ကင်ဆာဆေးသွင်းကုထုံး အလုပ်လုပ်ပုံနဲ့ မျှော်လင့်ထားရမည့်အရာများအကြောင်း ပိုမိုလေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
Whitney ဟာ ဆယ်ကျော်သက်အရွယ်တွင် Li-Fraumeni မျိုးရိုးလိုက် ကင်ဆာရောဂါ လက္ခဏာစု (LFS) ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရယ်မောခြင်းဟာ သူမရဲ့ရောဂါကိုရင်ဆိုင်တဲ့ခရီးလမ်းမှာ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ မျှဝေပြောပြထားပါတယ်။