အဓိကအကြောင်းအရာ skip

သင်၏ ငယ်ဘဝကင်ဆာဇာတ်လမ်းကို မည်သည့်အတွက်ကြောင့် ဝေမျှရသနည်း

အင်္ဂလိပ်ဘာသာဖြင့် ဤဆောင်းပါးကို ဖတ်ရှုပါ။

ဂျာနယ်တွင် စာရေးသော အမျိုးသမီးတစ်ဦး

လူငယ်ထုသည် သူတို့ကိုယ်သူတို့ ဖော်ပြရန် အခွင့်အရေးတစ်ခု ရှိခြင်းကို သဘောပေါက်ရမည်။ ရေးသားခြင်းသည် သူတို့ လုပ်နိုင်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

လူငယ်ထုသည် ကင်ဆာနှင့် ပတ်သက်ပြီး တစ်မူထူးသော အတွေ့အကြုံများ ရှိသည်။ သူတို့၏ ကင်ဆာဖြစ်ခဲ့သော ဇာတ်လမ်းများကို ဝေမျှခြင်းသည် သူတို့၏ စိတ်အခြေအနေကို တိုးတက်စေရန် ကူညီပေးနိုင်သည်။

သုတေသနသမားနှင့် ကင်ဆာရောဂါကုဆရာဝန် တစ်ယောက်အဖြစ် ကျွန်ုပ်သည် လူငယ်ကင်ဆာဝေဒနာရှင်များအကြောင်း ရေးသားခြင်းသည် မည်သို့သက်ရောက်မှုများ ရှိသလဲဟု လေ့လာနေခဲ့သည်။ ကျွန်ုပ်သည် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များ၏ အတွေ့အကြုံများနှင့် သူတို့၏ တိုးတက်လာသော ကိုယ်ပိုင်ဇာတ်လမ်းများ အကြောင်း ရေးသားခြင်းဖြင့် သူတို့ကို လမ်းပြကူညီပေးနိုင်ရန် သူတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

လေ့လာမှုအချို့သည် ရေးသားခြင်းအားဖြင့် ကင်ဆာရောဂါရှိသော လူငယ်ထုအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိသလဲဟု စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သောနှစ်မှစ၍ ကျွန်ုပ်၏အဖွဲ့နှင့် ကျွန်ုပ်တို့သည် ရေးသားခြင်းအားဖြင့် ထိရောက်သော သက်ရောက်မှုကို နားလည်ရန် သူတို့၏ အတွေ့အကြုံများကို ပြန်ပြောပြပြီးသည့်နောက်မှာ ကင်ဆင်ဝေဒနာရှင်များအား မေးမြန်းကြည့်ခဲ့သည်။

သူတို့၏ အကြောင်းများကို ပြောပြချင်သော ကင်ဆာရောဂါ ခံစားနေရသည့်လူငယ်ထု အများအပြားကို လေ့လာခြင်းသည် စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ အများစုသည် အခြားသော ဝေဒနာရှင်များ၊ ပိုကျယ်ပြန့်သော အသိုင်းအဝိုင်းများထံ သူတို့၏အကြောင်းများကို ဝေမျှရန် စိတ်ဝင်စားမှုတစ်ခု ရှိကြောင်းကိုပင် ဖော်ပြကြသည်။

ဤကိစ္စများကို မည်သည့်အတွက်ကြောင့် ပြန်ပြောရသနည်း

လူသားတို့သည် ဇာတ်ကြောင်းပြန်ပြောပြသော သတ္တဝါများ ဖြစ်သည်။ ဘဝဇာတ်ကြောင်းများသည် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဖော်ပြသော နည်းလမ်းတစ်ခု ဖြစ်သည်။ တခြားသူတစ်ယောက်က ကျွန်ုပ်တို့ကို ပြောပြသော ဇာတ်ကြောင်းများကို နားထောင်ခြင်းသည် တစ်ယောက်ကိုတစ်ယောက် ပိုကောင်းမွန်စွာ နားလည်ရန် မည်သို့ တိုးတက်အောင် လုပ်သနည်း ဟူ၍ ဖြစ်သည်။

ဘဝဇာတ်ကြောင်းပြန်ပြောခြင်းသည် ကျွန်ုပ်တို့ မည်သို့မည်ပုံ ဆက်ဆံကြသနည်း ဟူ၍ ဖြစ်သည်။ အတွေးများ၊ ခံစားချက်များနှင့် အတွေ့အကြုံများကို ဝေမျှခြင်းသည် ခက်ခဲနိုင်ပါသည်။ သို့သော် ဤသည်မှာ ကုစားမှုလည်း ဖြစ်နိုင်၏။ ဘဝဇာတ်ကြောင်းများမှ တစ်ဆင့် ကျွန်ုပ်တို့သည် ချိတ်ဆက်၍ ရသည်။

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီး လူငယ်များအတွက် သူတို့ကိုယ်သူတို့ ဖော်ပြရန်နှင့် သူတို့၏ဇာတ်ကြောင်းများကို ဝေမျှရန် နည်းလမ်းများစွာ ရှိပါသည်။ ရေးသားခြင်းသည် ၎င်းနည်းလမ်းများထဲမှ တစ်ခုမျှသာ ဖြစ်သည်။

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များသည် သူတို့၏ ဇာတ်ကြောင်းများကို ဝေမျှရန် အခွင့်အရေးရဖို့ ထိုက်တန်ပါသည်။ သူတို့သည် ကင်ဆာရှိလာသည့် ခက်ခဲသော အချိန်များ၊ မရေမရာလုပ်ဆောင်မှုများနှင့် သူတို့၏ကိုယ်ပိုင် အတွေ့အကြုံများကို သဘောပေါက်အောင် ပြုလုပ်နိုင်သည်။

သွေးနှင့် ကင်ဆာရောဂါကု ဒေါက်တာ Trisha K. Paul

သူတို့၏ ဇာတ်ကြောင်းကို ရေးသွားရန် ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးလူငယ်တို့အတွက် လွတ်လွတ်လပ်လပ် နေရာတစ်ခုကို မည်သို့ ပြုလုပ်ရမည်နည်း

ရေးသားရန် နည်းလမ်းများစွာ ရှိပါသည်။ အချို့သူများသည် ဖောင်တိန် သို့မဟုတ် ခဲတံဖြင့် ဗလာစက္ကူ သို့မဟုတ် မျဉ်းကြောင်းပါသော စက္ကူတို့ပေါ်တွင် ရေးရတာ သဘောကျကြသည်။ အချို့သူများသည် ကွန်ပျူတာပေါ်တွင် ရေးရတာ ပိုနှစ်သက်ကြသည်။ အများစုသည် သွားရင်းလာရင်းဖြင့် လွယ်လွယ်ကူကူရေးသားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သော ဖုန်းတစ်ပေါ်ရှိ အက်ပ်၌ ရေးကြသည်။ ရေးသားရန် မှားသောနည်းလမ်း သို့မဟုတ် မှန်သောနည်းလမ်း ဟူ၍ မရှိချေ။

သူတို့၏ ဇာတ်ကြောင်းကို ပြောပြသော ဆယ်ကျောက်သက် သို့မဟုတ် အရွယ်ရောက်ပြီးလူငယ်တစ်ယောက်ကို ကူညီပေးနိုင်ရန် အကြံပြုချက်အချို့ကို ဤတွင် ဖော်ပြထားပါသည်။

  • စိတ်အခြေအနေ အဆင်ပြေလားဟု မေးပါ- တစ်စုံတစ်ယောက်သည် သူတို့၏ ဇာတ်ကြောင်းကို ပြောပြဖို့ သို့မဟုတ် ရေးသားဖို့ အဆင်သင့်ဖြစ်ပြီဟု ခံစားရ၊မရ အပေါ် လေးစားမှုထားခြင်းသည် အရေးကြီးပါသည်။ သင်၏ ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးလူငယ်တို့ကို သူတို့၏ ကင်ဆာအတွေ့အကြုံများအား မေးမြန်းခြင်းသည် သူတို့၏ ဇာတ်ကြောင်းကို ဝေမျှရန် သူတို့ကို ဖိတ်ခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။
  • သင် ကူညီပေးနိုင်သော နည်းလမ်းများကို အကြုံပြုပါ- လူတိုင်းသည် သူတို့၏ ဇာတ်ကြောင်းများကို ပြောပြရန် မတူညီသော အားပေးမှုရေချိန်များ လိုအပ်သည်။ လူငယ်များသည် သူတို့အတွက် စကားလုံးများကို စာရွက်ပေါ် ရေးပေးမည့် ချစ်ခင်ရသူတစ်ယောက်ကို ကမ်းလှမ်းစေခြင်းအား လိုလားနိုင်သည်။ အခြားသူများသည် နားထောင်ပေးရန် လိုအပ်သည်။ သို့မဟုတ် ဖောင်တိန်နှင့် စက္ကူကဲ့သို့ ထောက်ပံ့မှုများကို လက်ခံသည်။
  • ရေးသားသူ၏ ဦးဆောင်မှုကို လိုက်နာပါ- သင်သည် ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများ သို့မဟုတ် ရေးသားရန် အရိပ်အမြွက်များကို အကြံပြုနိုင်ပါသည်။ သို့သော် လူငယ်တိုင်းသည် သူတို့ ရေးချင်သည့်၊ မရေးချင်သည့်အကြောင်းကို ဆုံးဖြတ်ခွင့် ရှိသည်။ သူတို့ ချရေးချင်သည်ဟု ခံစားရသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ရေးသားရာ၌ သက်သောင့်သက်သာ ခံစားရရန် သူတို့အတွက် အရေးကြီးပါသည်။ မည်သည့် အကြောင်းအရာ သို့မဟုတ် အရိပ်အမြွက်မျှ မလိုအပ်ပေ။
  • လိုက်လျောညီထွေ ရှိပါစေ- ကင်ဆာအကြောင်း ရေးသားခြင်းသည် စိတ်ထိခိုက်စရာနှင့် ခက်ခဲသောအလုပ်တစ်ခု ဖြစ်နိုင်ပါသည်။ သူတို့ လိုအပ်သလို အနားယူရန်နှင့် သူတို့အတွက် သက်သောင့်သက်သာအဖြစ်ဆုံးဟု ခံစားရသောနေရာများတွင် ရေးသားရန် အားပေးပါ။ သူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ရန် မမေ့ပါနှင့်။
  • ဇာတ်ကြောင်းကို အတူတကွ ပြန်လည်ဆန်းစစ်ကြပါ- သူတို့၏ဇာတ်ကြောင်းတွင် မည်သည့်အရာကိုမဆို ပြောင်းလဲချင်တာ ရှိ၊မရှိ သင်၏ ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးလူငယ်တို့ကို မေးပါ။ သူတို့ တွေ့ကြုံခဲ့ရသည့်အပေါ် တခြားတစ်ယောက်က မြင်ယောင်ကြည့်သည့်အခါ ပိုလွယ်ကူစေရန် သူတို့အနေဖြင့် ထပ်ထည့်ချင်သော အသေးစိတ်အချက်အလက်များ ရှိပါသလား။ သူတို့၏စိတ်ထဲ၌ ပေါ်လာသည့် ချဲ့ကားချင်သော အခြားအတွေ့အကြုံများ ရှိပါသလား။ ပြန်လည်ဆန်းစစ်ခြင်းသည် ရေးသားခြင်းဖြစ်စဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူငယ်တစ်ယောက်ကို သူတို့ ဖန်တီးထားသည့်အရာ အပေါ်၌ ကျေနပ်မှု ရှိစေရန် သေချာစေရမည်။

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များသည် သူတို့၏ ဇာတ်ကြောင်းများကို ဝေမျှရန် အခွင့်အရေးရဖို့ ထိုက်တန်ပါသည်။ သူတို့သည် ကင်ဆာရှိလာသည့် ခက်ခဲသော အချိန်များ၊ မရေမရာလုပ်ဆောင်မှုများနှင့် သူတို့၏ကိုယ်ပိုင် အတွေ့အကြုံများကို သဘောပေါက်အောင် ပြုလုပ်နိုင်သည်။

ကျွန်ုပ်တို့သည် လူငယ်ထုအတွက် ကင်ဆာနှင့်ပတ်သက်သော သူတို့၏ အတွေ့အကြုံများကို မျှဝေရန် လွတ်လွတ်လပ်လပ်နေရာ ပို၍ ဖန်တီးပေးနိုင်လေ သူတို့ထံမှ ပို၍ သင်ယူနိုင်လေ ဖြစ်သည်။

ဆယ်ကျော်သက်နှင့်အရွယ်ရောက်ပြီးလူငယ်တို့ကို ကင်ဆာနှင့် ပတ်သက်ပြီး အသိပညာပေးသောလ

ဧပြီလသည် ဆယ်ကျော်သက်နှင့်အရွယ်ရောက်ပြီး လူငယ်တို့ကို ကင်ဆာနှင့် ပတ်သက်ပြီး အသိပညာပေးသော လတစ်လ ဖြစ်သည်။  St. Jude နှင့် အတူတကွ™ Teens&20s ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးလူငယ်များ၌ ပိုမို အဖြစ်များသော ကင်ဆာနှင့် ပတ်သက်ပြီး သင်ယူနိုင်ရန် ကဏ္ဍကို လာကြည့်ရမည်။