အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Ranitidine (ရန်နီတီဒင်း)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Zantac®

သည်အခြားအမည်များ:

Ranitidine HCL

မကြာခဏအတှကျအသုံးပွု:

အစာအိမ်အနာ များ၊ ရင်ပူနာ၊ အစာခြေအက်ဆစ်များပြန်ဆန်တက်သည့် ရောဂါ (GERD)

ကလစ်ဘုတ် သင်္ကေတ

Ranitidine (ရန်နီတီဒင်း) အကြောင်း

Ranitidine (ရန်နီတီဒင်း) သည် အစာအိမ်အက်ဆစ်များထုတ်လွှတ်မှုကို ဟန့်တားပေးပါသည်။ ၎င်းကို

  • အက်ဆစ် ဆန်တက်မှုအဖြစ် သိကြသည့် အစာခြေအက်ဆစ်ဆန်တက်သည့် ရောဂါ (GERD) ကုသရန်
  • အစာအိမ်နှင့် အူလမ်းကြောင်း (GI) ဆိုင်ရာ အနာခွက်များကို ကာကွယ် သို့မဟုတ် ကုသရန်
  • ရင်ပူနာ၊ အက်ဆစ်ကြောင့် ဖြစ်ရသည့် အစာမကြေခြင်းနှင့် အစာခြေအက်ဆစ်အထွက်များခြင်းများကို ကုသရန်
  • အစာအိမ်နှင့် အူလမ်းကြောင်း (GI)သွေးယိုမှုများကို ကုသရန် အသုံးပြုသည်

dexamethasone နှင့် prednisoneအပါအဝင် အစာအိမ်ကိုပျက်ယွင်းစေနိုင်သည့် စတီးရွိုက်ဆေးများကို လက်ခံရသော အခါမျိုးတွင် ၎င်းဆေးဝါးကို ညွှန်ကြားပေးနိုင်သည်။

ဤဆေးကို ဆရာဝန်ဆေးစာနှင့် ဖြစ်စေ ဆေးစာမပါဘဲဖြစ်စေ (OTC) ဝယ်ယူနိုင်သည်။ 

ထိုးဆေးသင်္ကေတ

ဆေးရည်အဖြစ် ထိုးဆေးအဖြစ် ကြွက်သားထဲသို့ ထိုး၍လည်း သုံးနိုင်သည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကိုသွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြား သို့ ဆေးတောင့်အနေဖြင့်လည်း ပါးစပ်မှသောက်နိုင်သည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းခြင်း
  • အနီကွက်ဖြစ်ခြင်း
  • အသည်း ပြဿနာများ
  • ထိုးသွင်းရာ အရေပြားနေရာတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ကျန်ခဲ့ခြင်း (ထိုးသွင်းခြင်း)

ဤဘေးထွက်ဆိုးကျိုးများကို Ranitidine (ရန်နီတီဒင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • သောက်ဆေးဆိုပါက တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သောက်ရပါသည်။
  • ၎င်းဆေးသည် အခြားဆေးဝါးများ၏ အာနိသင်ကိုထိခိုက်စေနိုင်ပါသည်။ Ranitidine (ရန်နီတီဒင်း) ကို စမသုံးမီ သင်သုံးနေသည့် ဆေးဝါးအားလုံးနှင့် စပ်လျဉ်းပြီး သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် ဆွေးနွေးရန် အရေးကြီးပါသည်။
  • သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူကို အသိမပေးဘဲ အက်ဆစ်ဖြေဆေး သို့မဟုတ် အက်ဆစ်လျော့ပါးဆေးများကို မသောက်ပါနှင့်။

Ranitidine (ရန်နီတီဒင်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးရည် Ranitidine (ရန်နီတီဒင်း) ဖြစ်ပါက ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာကို သုံးပါ။
  • ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်များကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ ဆေးရည်ကိုမူ ရေခဲသေတ္တာထဲတွင်သာ သိမ်းဆည်းသင့်ပါသည်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။