ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရောဂါပိုး ဝင်မဝင် ရှာဖွေ စစ်ဆေးမှုများ

ပိုးဝင်ခြင်းကို မည်သို့ရှာဖွေသလဲ။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတွင် ပိုးဝင်သည်ဟု ဆရာဝန်များက သံသယရှိပါက ပိုးဝင်ခြင်းကိုဖြစ်စေသော ပိုးမွှားကိုရှာဖွေရန် လိုအပ်နိုင်သည်။ ပိုးဝင်သည့် အကြောင်းရင်းကို သိရှိပါက ဆရာဝန်များသည် သင့်တော်သည့်ကုသမှုကိုဆုံးဖြတ်ပေးနိုင်မည် ဖြစ်သည်။

ပိုးဝင်ခြင်းသည် လူနာများအတွက် အသက်အန္တရာယ်ရှိနိုင်သည်။ ကင်ဆာရောဂါနှင့် ကုသမှုအချို့သည် ကိုယ်ခံအားစနစ်ကို ဆိုးရွားစွာပျက်စီးစေပြီး လူနာများကို ပြင်းထန်သောပိုးဝင်မှုများ ဖြစ်ပွားစေနိုင်သည်။

ပိုးဝင်ရသည့် အဓိကရင်းမြစ်ကို သိရှိစေရန် စမ်းသပ် စစ်ဆေးမှု အဆင့်ဆင့်ကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ လူနာ ခံစားနေရသော ရောဂါ လက္ခဏာများနှင့် ဆရာဝန်များ သံသယရှိသည့် ပိုးများအပေါ် မူတည်ပြီး ပိုးအမျိုးအစားကို ဆုံးဖြတ်ရသည်။

ရောဂါပိုးကူးစက်ခံရပါက အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သောကြောင့် ဆရာဝန်များက ရောဂါပိုးမွှားအမျိုးမျိုး၏ ရှင်သန်ကြီးထွားမှုကို သုတ်သင်နိုင်သည့် သို့မဟုတ် ရပ်တန့်စေနိုင်သည့် ရောဂါပေါင်းစုံတိုက်ဖျက်နိုင်သော အဏုဇီဝပိုးများသုတ်သင်ရေး ပဋိဇီဝကုသမှုအစီအစဉ်ကို အစောတလျင်စတင်နိုင်သည် - ဤအစီအစဉ်ကို ရောဂါပိုးကူးစက်မှု၏ အကြောင်းရင်းအား ရှာဖွေဖော်ထုတ်ရန်အတွက် စောင့်ရှောက်ရေးအဖွဲ့က စစ်ဆေးချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မလုပ်ဆောင်မီမှာပင် စတင်ပါသည်။

ဆေးမှတ်တမ်းနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးမှု

ယေဘုယျအားဖြင့် ဆရာဝန်များက အသးစိတ် ဆေးမှတ်တမ်းကို ရယူပြီး ခန္ဓာကိုယ်ကို စတင်စမ်းသပ် စစ်ဆေးပါသည်။ ၎င်းတို့သည် ပိုးဝင်သည့်နေရာကိုညွှန်ပြသည့် ရောဂါလက္ခဏာများကို ရှာဖွေသည်။ ထိုသို့ ရှာဖွေရာတွင် အောက်ပါတို့ ပါဝင်သည်-

  • အရေပြားအနာများ သို့မဟုတ် ပြည်တည်နာများ
  • တင်ပါးဆုံနေရာ သို့မဟုတ် ဝမ်းဗိုက်တွင် နာကျင်ခြင်း
  • မျက်နှာ သို့မဟုတ် ဦးခေါင်းခွံတွင် နာကျင်ခြင်း
  • မျက်လုံးနီမြန်းခြင်း သို့မဟုတ် ဖူးရောင်ခြင်း
  • အသက်ရှူရခက်ခဲသော ရောဂါလက္ခဏာများ

စစ်ဆေးပြီးသွားလျှင် ဆရာဝန်များက စမ်းသပ်မှုအချို့ ပြုလုပ်ပြီး နောက်ထပ်အချက်အလက်များကို ရယူပါမည်။

ဆရာဝန်များသည် ဆေးမှတ်တမ်းကို ကြည့်ရှုပြီး ခန္ဓာကိုယ်ကို စစ်ဆေးကာ ရောဂါပိုးဝင်ရောက်မှုကို ရှာဖွေလေ့ရှိပါသည်။

ရောဂါပိုး ဝင်နေသည်ဟု သံသယရှိပါက ဆရာဝန်သည် ဆေးမှတ်တမ်းကို ကြည့်ရှုပြီး ခန္ဓာကိုယ်ကို စတင်စစ်ဆေးပါသည်။ ပြီးနောက်နောက်ဆက်တွဲ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး အချက်အလက်များကို ရှာဖွေပါသည်။

စမ်းသပ်မှုများနှင့် ခွဲစိတ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်

သွေးထဲ ပိုးဝင်မဝင် စစ်ဆေးခြင်း

သွေးထဲ ပိုးဝင်မဝင် စစ်ဆေးခြင်း ဆိုသည်မှာ ရောဂါရှာဖွေရာတွင် အသုံးအများဆုံး စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဤစမ်းသပ်မှုတွင် လူနာထံမှ သွေးကိုယူ၍ သွေးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ခြင်းတို့ ပါဝင်သည်။

လူနာ၏ရောဂါ လက္ခဏာများပေါ် မူတည်၍ ထပ်တိုးစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ရနိုင်ပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရှိမရှိ စမ်းသပ်မှုများ

ဆီးလမ်းကြောင်း ပိုးဝင်သည်ဟု သံသယရှိပါက ကုသရေးအဖွဲ့သည် လူနာထံမှ ဆီးနမူနာကို ယူပြီး ဆီးတွင် ပိုးမွေးခြင်း နှင့်/သို့မဟုတ် ဆီးစစ်ဆေးခြင်း ကဲ့သို့ ဆီးဆိုင်ရာစမ်းသပ်မှုများကို လုပ်ဆောင်မည်ဖြစ်သည်။

အသက်ရှူလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း ရှိမရှိ စမ်းသပ်မှုများ

လူနာတွင် ချောင်းဆိုးခြင်း သို့မဟုတ် နှာရည်ယိုခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများရှိပါက ဆရာဝန်များသည် နှာခေါင်း (nay zo fa RIN jee ul) ဆေးခြင်း သို့မဟုတ် နှာခေါင်း တို့ဖတ်ဖြင့် စစ်ဆေးခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ နှာခေါင်းလမ်းကြောင်းနှင့် ဆက်သွယ်ထားသော လည်ချောင်းအနောက်ရှိနေရာမှ နမူနာဆဲလ်များနှင့် ဂလင်းရည်တို့ကိုရရှိစေရန် ထိုသို့လုပ်ဆောင်သည်။ ထိုနေရာကို နှာခေါင်းလည်ချောင်းဟု ခေါ်သည်။

နှာခေါင်း၊ လည်ချောင်းကို ဆေးခြင်း - နှာခေါင်း၊ လည်ချောင်းနှင့်ဆိုင်သော အရည်နှင့် ဆဲလ်နမူနာများကိုယူရန် ကုသရေးအဖွဲ့ဝင်သည် လူနာလည်ချောင်း၏အနောက်သို့ ဆားရည် (ပိုးမွှားကင်းစင်သော ဆားရည်) ကိုဖြန်းမည်ဖြစ်သည်။ ဤဆေးရည်သည် ဆဲလ်များကို ပျော့ပျောင်းစေပြီး နမူနာရယူရန် ပိုမိုလွယ်ကူစေသည်။ ပျော့ပျောင်းသော အချောင်း (ပြွန်) ကို ဆားရည်ဖြည့်ထားသော ဆေးထိုးပြွန်နှင့် ချိတ်ဆက်ပါသည်။ နမူနာရယူရမည့်အချိန်တွင်် ကုသရေး အဖွဲ့ဝင်က လူနာကို လည်ပင်းမော့၍ ပက်လက်လှန်ခိုင်းပါသည်။ ထိုသို့ လှန်လိုက်ခြင်းဖြင့် ဆားရည်သည် နှာခေါင်းလည်ချောင်း၏နောက်တွင် စုစည်းသွားသည်။ စစ်ဆေးခြင်းမစတင်မီ လူနာကို အသက်အောင့်ခိုင်းထားနိုင်သည်။ ကုသရေး အဖွဲ့ဝင်က ပြွန်ကို နှာခေါင်းထဲတွင်ထား၍ နှာခေါင်းလည်ချောင်းနေရာသို့ ညင်သာစွာထည့်သွင်းနိုင်သည်။ ဆားရည်အနည်းငယ်ကို ပြွန်မှတစ်ဆင့် နှာခေါင်းလည်ခေါင်းထဲသို့ ဖြန်းလိုက်သည်။ ထို့နောက် နမူနာဆဲလ်များ ရရှိစေရန် ဆေးထိုးပြွန်ကို ဆွဲထုတ်ပါမည်။

နှာခေါင်းလည်ခေါင်းကို တို့ဖတ်ဖြင့် တို့၍ စစ်ဆေးခြင်း - ထိပ်တွင် ပိုးသတ်သည့် ချည်စပါသော ကလော်တံကို နှာခေါင်းပေါက်မှတစ်ဆင့်၊ နှာခေါင်းကြမ်းပြင်တစ်လျှောက်မှ နှာခေါင်းလည်ချောင်းအထိ ညင်သာစွာ ထည့်သွင်းသည်။ ကလော်တံကို ခပ်သွက်သွက် လှည့်ပြီး ပြန်ထုတ်သည်။

အချို့အခြေအနေများတွင် ပိုးဝင်သည့် အရင်းအမြစ်ကို စစ်ဆေးရန် ဆရာဝန်များသည် ရင်ခေါင်းဓာတ်မှန်CT စကန် သို့မဟုတ် အဆုတ်လေပြွန်အတွင်းသို့ ကြည့်ခြင်း ကဲ့သို့ ထပ်ဆောင်းစမ်းသပ်မှုများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ခိုင်းနိုင်ပါသည်။

အရေပြားပိုးဝင်ခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးမှုများ

ဆရာဝန်များသည် အရေပြားပိုးဝင်သည့်လက္ခဏာများတွေ့ရှိပါက ပိုးဝင်မှုအကြောင်းအရင်းများကို ရှာဖွေရန် ပုံမှန်မဟုတ်သော အရေပြားနေရာကို အသားစယူ၍ စစ်ဆေးခြင်း လုပ်ဆောင်နိုင်သည်။

အရေပြား၏အသားစကို ယူရာတွင် ပိုးဝင်သည်ဟု သံသယရှိသည့်နေရာမှ အရေပြားဆဲလ်များကို ရယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးပါသည်။ အရေပြား အသားစကို မရယူမီ ကုသရေး အဖွဲ့ဝင်က နေရာကို သန့်ရှင်းရေးလုပ်မည်ဖြစ်ပြီး အရေပြားထုံစေရန်  ထုံဆေးကို လူးပေးပါသည်။ တစ်ခါတစ်ရံတွင် အသားစယူမည့် နေရာ ထုံးသွားစေရန် လူနာကို ထုံဆေး ထိုးပေးပါသည်။ အချို့အခြေအနေများတွင် လူနာကို စိတ်ငြိမ်ဆေး ပေးပါသည်။ အရေးပြားဆဲလ်များကို ဖယ်ရှားလိုက်သည့် နေရာတွင် အနာအနည်းငယ် ဖြစ်နိုင်ပါသည်။ အနာမဖြစ်စေရန် ဂရုစိုက်ရမည်ဖြစ်ပြီး ပတ်တီး စည်းထားရမည်။ ကုသရေး အဖွဲ့ဝင်က အနာ ဂရုစိုက်နည်းနှင့် နာကျင်မှု သက်သာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ရှင်းပြပါမည်။

အနာပိုးဝင်ခြင်း စမ်းသပ်စစ်ဆေးမှုများ

အနာထဲ ပိုးဝင်ကြောင်း လက္ခဏာများ တွေ့ရလျှင် ဆရာဝန်များသည် အနာမှအရည်ကို ရယူမည်ဖြစ်ပြီး ဓာတ်ခွဲခန်းသို့ ပေးပို့ စမ်းသပပါမည်။

အနာထဲ ပိုးဝင်မဝင် ရှာဖွေရန် ကုသရေး အဖွဲ့ဝင်သည် အနာကို သန့်ရှင်းရေးလုပ်ပါမည်။ ကလောတံကိုသုံး၍ အနာမှအရည်ကို ရယူပါမည်။ ပြီးနောက် ပြင်ဆင်ထားသည့်နေရာထဲ ထည့်၍ ဓာတ်ခွဲခန်းသို့ ပို့ပါမည်။

အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်မဝင် စမ်းသပ်စစ်ဆေးမှုများ

လူနာတစ်ဦးသည် ဝမ်းသွားခြင်းကဲ့သို့ ရောဂါလက္ခဏာများရှိပါက ပိုးမွေးမြူခြင်းအတွက် သို့မဟုတ် အခြားစစ်ဆေးချက်များအတွက် ဝမ်း နမူနာကို ရယူနိုင်သည်။

လတ်လတ်ဆတ်ဆတ်ရှိသည့် ဝမ်းနမူနာကို သန့်ရှင်းသောခွက်ဖြင့် စုဆောင်းရမည်ဖြစ်ပြီး ၎င်းခွက်တွင် ဆီး၊ ရေတို့ကဲ့သို့ အခြားအရာများ စွန်းထင်းနေစေခြင်းမရှိစေရ။ သို့မဟုတ် အိမ်သာသုံး သို့မဟုတ် ဒိုက်ပါစက္ကူတို့နှင့် တို့ထိမိခြင်း မဖြစ်ပါစေနှင့်။ နမူနာကိုရယူပြီးပါက ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပါမည်။ ဝမ်းနမူနာကို အစာအိမ်ဟောင်းအတွက် ကလော်တံဖြင့်လည်း ရယူနိုင်သည်။

ဆရာဝန်များသည် ပိုးဝင်သည့် လက္ခဏာများ ရှိမရှိ ရှာဖွေရန် ဝမ်းဗိုက်နှင့် တင်ပါးဆုံနေရာကို CT ရိုက်ခိုင်းနိုင်သည်။

ပင်မအာရုံကြော စနစ် (CNS) ပိုးဝင်မဝင် စမ်းသပ်စစ်ဆေးမှုများ

CNS ပိုးဝင်သည်ဟု ဆရာဝန်များက သံသယရှိပါက ခါးကိုဖောက်၍ ကျောရိုးမှ အရည်ထုတ် စစ်ဆေးခြင်း သို့မဟုတ် ဦးနှောက် MRI ကဲ့သို့ ပုံရုပ်ဖော် လေ့လာမှုများကို လုပ်ဆောင်ခိုင်းနိုင်သည်။

တစ်ခါတစ်ရံတွင် ပိုး/ရောဂါမရှိဟု အဖြေထွက်နိုင်သည်။ ဆိုလိုသည်မှာ ပိုးဝင်ခြင်းကို ဖြစ်စေသော ပိုးမွှားအမျိုးအစားကို သတ်မှတ်၍ မရသေးခြင်း ဖြစ်သည်။ ပိုးဝင်သည်ဟု ဆက်လက်သံသယရှိပါက ပြန်လည်သုံးသပ်ပြီးနောက် ဆရာဝန်များသည် ပိုးဝင်သည့် အကြောင်းအရင်း အများစုအပေါ်သက်ရောက်မှုရှိသော ဘက်တီးရီးယားပိုးမွှား ချေမှုန်းသည့် ကုသမှုအစီအစဉ်ကို ဆက်လက်အသုံးပြုနိုင်သည်။

ကူးစက်လွယ်မှုကို စမ်းသပ်စစ်ဆေးခြင်း

ပိုးမွေးရာတွင် ပိုးဝင်စေသည့် ပိုးမွှား ကြီးထွားလာသည်ကို တွေ့ရှိရပါက ကူးစက်လွယ်ခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးမှုများ လုပ်ဆောင်နိုင်သည်။ ထိုစမ်းသပ်စစ်ဆေးမှုများက ပိုးမွှားသည် မတူညီသော ပဋိဇီဝပိုးသတ်ဆေးများကြောင့် ပျက်စီးလွယ်ခြင်း ရှိမရှိ သို့မဟုတ် ထိုဆေးများကို ခံနိုင်ရည် ရှိမရှိ ဆုံးဖြတ်သည်။ ကုသရေး အဖွဲ့က ထိုစမ်းသပ်မှုများ၏ရလဒ်များကိုသုံးပြီး အသင့်တော်ဆုံး ကုသမှုကို ဆုံးဖြတ်ပါမည်။

ရလဒ်များ ရခြင်း

စမ်းသပ်မှုအမျိုးအစားပေါ်မူတည်၍ ရလဒ်များရရှိစေရန် အနည်းဆုံး ၂၄ နာရီနှင့် ၂ ရက်၊ ၃ ရက် (သို့မဟုတ် ထိုထက်ပို၍) ကြာသည်။

ကုသရေး အဖွဲ့က မိသားစုကို ရလဒ်များ ပြသပြီး ရွေးချယ်နိုင်သည့် ကုသနည်းများအကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။